ငြိမ်းချမ်းရေး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာ အခမဲ့ ပြုလုပ်မယ့် စောဖိုးခွား

ငြိမ်းချမ်းရေး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာ အခမဲ့ ပြုလုပ်မယ့် စောဖိုးခွား
March 15, 2017 Asian Fame

4:03 pm
ငြိမ်းချမ်းရေး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာ အခမဲ့ ပြုလုပ်မယ့် စောဖိုးခွား

Saw-Pho-Kwar(ရန်ကုန်၊ မတ် ၁၃ )

မျိုးဆက်သစ် လူငယ်များ အတွက် ရည်ရွယ်၍’ငြိမ်း ချမ်းချင်ပြီ မြန်မာပြည်’ အမည်ရ One Man Show ကို အခမဲ့ ကျင်းပမည်ဟု ငြိမ်းချမ်းရေး တေးသံရှင် စောဖိုးခွားကပြောသည်။

”မျိုးဆက်သစ်တွေ လက်ထက်မှာ စစ်ငြိမ်းတဲ့ ပြည်တွင်း ဖြစ်စေချင်တယ်။ သူတို့တည်ဆောက်နိုင် မယ်။ ဒီယုံကြည်ခြင်း တစ်ခုနဲ့ ကျွန်တော် လုပ်ဆောင် ခဲ့တယ်။ စစ်ဖြစ်တာ ကောင်းသလား၊ မကောင်းဘူးလား လူမဟုတ်တဲ့ တိရစ္ဆာန်တောင် သိတယ်။ ဒီကလေးတွေ စိတ်ထဲ၊ ဒီစစ်မီးလျှံ အနိဌာရုံတွေကို စိတ်နာတဲ့ မျိုးဆက် တွေဖြစ်အောင် ကျွန်တော်တို့က လမ်းပြပေးရမှာပဲ” ဟု စောဖိုးခွား က ပြောသည်။

စောဖိုးခွား၏ One Man  Show  ကိုမတ်လ ၂၄ရက် နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ကျင်းပသွားမည်ဖြစ်ပြီး One Love Reggae Music Band    က ပါဝင် တီးခတ်ပေးမည်ဟု သိရသည်။

၎င်းပွဲတွင် စောဖိုးခွား၏ ‘ပလပ်ကျွတ်နေပြီ’ တေး စီးရီး အသစ် ကိုလည်း ဖြန့်ချိရောင်းချ သွားမည်ဖြစ်ပြီး ထိုအခွေ ရောင်းရငွေ ၅ဝ ရာခိုင်နှုန်းကို အနာဂတ် မြန်မာမျိုးဆက်သစ် ကလေးများ အတွက် ငြိမ်းချမ်း ရေးလုပ်ဆောင်မှု များတွင် ထည့်ဝင် လှူဒါန်းသွားမည် ဟု သိရသည်။

”ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ မည်သူမဆို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ စောဖိုးခွား တစ် ယောက်တည်း ရယူလို့မရတဲ့ အဲဒီငြိမ်းချမ်းရေးကို ပြည်သူ လူထုတွေရဲ့ စည်းလုံးခြင်းအားဖြင့် ရရန် ခက်ခဲ တဲ့ငြိမ်းချမ်းရေးကို ပြန်လည် ရယူကြရအောင်။ မေတ္တာ အားဖြင့် အားလုံးကို ဖိတ်ခေါ်တယ်” ဟု စောဖိုးခွား က ပြောသည်။

စောဖိုးခွားသည် ၂ဝ၁၆ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ One Love Reggae Music Band နှင့် အတူ သွားရောက် ခဲ့ပြီး ဟောပြောပွဲများ၊ ဖျော်ဖြေ ရေးများ လုပ်ဆောင်ခဲ့သည်။ ထို့အပြင်၂ဝ၁၇ ခုနှစ်တွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေးကို အဓိကထားပြီး လုပ် ဆောင်သွားမည် ဟု သိရသည်။

လတ်တလောတွင် တိုက်ပွဲများ ဖြစ်နေသော ရှမ်း ပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသသို့ သွားရောက် ရန် မရှိသေးသော်လည်း စစ်ဘေးသင့် ပြည်သူများ အတွက် ပါဝင်ရန် လိုအပ်ပါက လုပ်ဆောင်သွားမည် ဟု ၄င်းကပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*