မြေသိမ်းခံ တောင်သူများ ဖမ်းဝရမ်း အထုတ်ခံ ရခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆို

မြေသိမ်းခံ တောင်သူများ ဖမ်းဝရမ်း အထုတ်ခံ ရခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆို
March 15, 2017 Asian Fame

2:49 pm
မြေသိမ်းခံ တောင်သူများ ဖမ်းဝရမ်း အထုတ်ခံ ရခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆို

(မန္တလေး၊ မတ်လ  ၁၄)

ယခင်အစိုးရ အဆက်ဆက် သိမ်းဆည်းခံ မြေယာများ အား ပြန်လည်ရယူရန် ကြိုးပမ်းရာမှ ဖမ်းဝရမ်း ထုတ်ထားခံရသူများ ကို ဝရမ်းပြေး အဖြစ်မှ ပယ်ဖျက် ပေးရန် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တောင်းဆိုထား ကြောင်း တောင်သူများအရေး ကူညီဆောင်ရွက် သူများထံမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့နယ် အတွင်း ပြင် စာကျေးရွာ၊ သပြေရေ ကျေးရွာ ၊ စေတလုံး ကျေးရွာ များမှ ဒေသခံ တောင်သူ များ သည် ယခင်အစိုး ရ အဆက်ဆက်က သိမ်းယူခံခဲ့ရ သည့် ၄င်းတို့၏မြေယာ များအား ယခုအစိုးရ လက်ထက်တွင် ထွန်း တုံး တိုက် ပွဲဖြင့် ပြန်လည် ရယူခဲ့ ကြရာ ပုဒ်မအမျိုးမျိုး တပ်ကာ ဖမ်းဆီးခံရခြင်း၊  တရားစွဲထောင် ချခံရခြင်း၊ ထွက်ပြေး တိမ်းရှောင် နေကြခြင်း တို့အပြင် ဖမ်းဝရမ်း ထုတ်ထားခြင်း များလည်း ခံနေကြ ရကြောင်းသိရသည်။

”အဖမ်းမခံဘဲနဲ့ ပြေးတယ် ဆိုတာက အပြစ် ရှိတာကို ကြောက် လို့ ပြေးတာမဟုတ်ဘူး။ အပြစ် မရှိဘဲနဲ့ ဒီပုဒ်မနဲ့ အချုပ် ထဲ ထောင် ထဲရောက်မှာ ကို လက်မခံ နိုင်လို့ပြေးတာပါ။ ဒီပုဒ်မတွေ တပ်ထားခံ ရသူတွေကို အာမခံ ရဖို့တောင်းဆိုတာပါ” ဟု တောင်သူ လယ် သမား အလုပ် သမားအရေး ကူညီဆောင်ရွက် နေသူ ကိုမျိုးဝင်း ကပြောသည်။

တောင်သူအရေး ကူညီ ဆောင်ရွက်ခဲ့သူ ဦးအေးသိန်းနှင့် တောင်သူ ၁ဝ ဦးတို့ကိုအာမခံ မရသည့် ပုဒ်မများနှင့် တရားစွဲ ထားခြင်းဖြစ်ပြီး ၄င်းတို့ အနေနှင့် ဝရမ်းပြေး ဘဝနှင့် ရှောင်ပြေး နေရသဖြင့် ၄င်းတို့ မိသားစုဝင် များ အခက်အခဲ ဖြစ်နေကြရ ကြောင်း၊ ထိုသို့ ထွက်ပြေး တိမ်း ရှောင်နေရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အဆင့်အထိ သိရှိ စေ ရန် မတ် ၁၃ ရက်မွန်းလွဲပိုင်းတွင် မန္တလေးမီဒီယာစင်တာ၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တိုင်း ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာ နှင့် လုံခြုံရေး ဝန်ကြီးထံလည်း စာတင် တောင်းဆိုထားကြောင်း သိရသည်။

အဆိုပါကိစ္စ နှင့် ပတ်သက် ၍ ဖေဖော်ဝါရီ ၂၄ ရက်က မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဖမ်းဆီးခံတောင်သူ များပြန်လည် လွှတ်ပေး ရန်နှင့် အမှုများရုပ် သိမ်းပေးရန် တောင်သူ တစ်ထောင်ခန့် မန္တလေးတောင် ခြေအနီး ဆန္ဒဖော်ထုတ် တောင်း ဆိုခဲ့ကြသည်။

မြေယာ ပြန်လည်ရယူရန် ကြိုးပမ်း ခဲ့ကြသည့် ပြင်ဦးလွင် တောင်သူများအား ပြင်ဦးလွင် မြို့နယ် တရားရုံးက ပုဒ်မ ၄၄၇၊ ၄၄ဝ၊ ၂၉၄၊ ၃၈၆၊ ၃၂၃၊ ၃၉၂၊ ၄၂၇၊ ၅ဝ၆၊ ၁၁၄ တို့ဖြင့် တရား စွဲဆိုထားခြင်းဖြစ်ပြီး လတ်တလော တွင် တောင်သူလယ်သမား အရေး ကူညီဆောင် ရွက်သူတစ်ဦး နှင့် တောင်သူ ၁ဝ ဦး ဖမ်းဝရမ်း ထုတ်ခံထားရကြောင်းလည်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*