အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်တည်းနေ

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်တည်းနေ
March 15, 2017 Asian Fame

3:43 pm
အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားများ ကျပ်တည်းနေ

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၁၄

အင်စိန် အကျဉ်းထောင်တွင် အကျဉ်းသားများကျပ်တည်းနေမှု များကို ဖြေလျှော့ ပြောင်းလဲဆောင် ရွက်ပေးရန် ယခုအပတ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အ ကြောင်းကြားစာတင်ပြသွားမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

အင်းစိန်အကျဉ်းထောင်သို့ မတ်လ ၁၄ ရက်နေ့တွင် မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဝင်ရောက်စစ်ဆေးခဲ့ ရာတွင် အကျဉ်းသားများ ထောင် ဂဏန်းသာဆံ့သည့်နေရာ၌ တစ်သောင်းနီးပါး ထားရှိခြင်းများတွေ့ ရှိရသောကြောင့် အကြောင်းကြား ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ အဆိုပါ အကြောင်းကြားစာကို ယခုအပတ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီး မတ်လ ၁၇ ရက် နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်အဖွဲ့မှ သိရသည်။

”အဓိကအနေနဲ့က ထောင်တွေက ကျပ်တော့ လူတွေအိပ်ရတာတွေ အဆင်မပြေဘူး။ လူငါးထောင်လောက် ဆံ့တဲ့နေရာမှာ တစ်သောင်းလောက်ထားတော့ ကျပ်တည်းနေတာတွေကို တွေ့ရပါတယ်။ ဒါတွေကြောင့် အကျဉ်း ထောင်တွေကို တိုးချဲ့သွားမလား။ အကျဉ်းသားတွေကို လျှော့ချ မလား။ တခြားအကျဉ်းထောင် တွေကိုပါ တိုးချဲ့သွားမလားဆို တာတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကိုအောင်မျိုးကျော်က ”အကျဉ်းသားတွေ ကျပ်တည်းမှု လျော့ကျဖို ကို အကျဉ်းထောင်တွေ တိုးချဲ့သွားရုံနဲ့ မလုံလောက်ပါဘူး။ အကျဉ်းထောင်စနစ်ကိုပါ ပြုပြင် ပြောင်းလဲသွားဖို့လိုပါတယ်။ အခု လိုတွေ ကျပ်တည်းအောင်ထားတော့ အကျဉ်းသားတွေက ဒီကစပြီး လူ့ အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်တာပါ။ အဆောက်အအုံ တိုးချဲ့ဆောက်တာတွေက တစ်ဖက်ကလည်း ကောင်းပါတယ်” ဟု ပြော သည်။

ထို့အပြင် အကျဉ်းသားများကို ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အကျဉ်းသားစိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်စေလို ကြောင်း မြန်မာနိုင်ငံ အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း ((AAPP) မှ ကိုအောင်မျိုး ကျော်က အကြုံပြုပြောဆိုသည်။ ”ဒါ့အပြင် အိမ်သာတွေ သန့် ရှင်းဖို့၊ အိမ်သာတွေ တိုးချဲ့ ဆောက်လုပ်သွားဖို့တွေပါ ထည့် သွင်း တင်ပြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်တွေ အကုန်လုံးနီးပါးက သတ်မှတ် အကျဉ်းသားထက် ကျော်လွန်တာတွေကိုပါ တွေ့ရပါ တယ်” ဦးယုလွင်အောင်က ပြောသည်။ အင်းစိန် အကျဉ်းထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်မှုများ မရှိတော့ကြောင်း၊ ဧည့်တွေ့ခွင့်များ ပြုလုပ်ပေးထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ မတွေ့ရကြောင်း ပြောသည်။ သို့သော် ပြဿနာ သည် ထောင်ကျပ်တည်းမှုသာ ဖြစ်နေကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဗဟို အကျဉ်းထောင် ၃ ခုနှင့် အကျဉ်းထောင်များ အပါအဝင် အလုပ်စခန်းများ၌ အကျဉ်းကျခံနေရသည့် အကျဉ်းသား အရေအတွက်သည် ၆ဝဝဝဝ နီးပါးရှိကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာန အကျဉ်းဦးစီးဌာန စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ဗဟိုအကျဉ်းထောင် ၃ ခုနှင့် အကျဉ်းထောင် ပေါင်း ၄ဝ ကျော်ရှိနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*