ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ ခေါ်ယူရာတွင် မသန်စွမ်းများကိုပါ ခေါ်ယူမည်ဟု ဆို

ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ ခေါ်ယူရာတွင် မသန်စွမ်းများကိုပါ ခေါ်ယူမည်ဟု ဆို
March 15, 2017 Asian Fame

11:08 am
ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ ခေါ်ယူရာတွင် မသန်စွမ်းများကိုပါ ခေါ်ယူမည်ဟု ဆို

(နေပြည်တော်၊ မတ် ၁ဝ)

ပညာရေး ဝန်ကြီးဌာနက ဆရာ၊ ဆရာမများ ခေါ်ယူရာတွင် လာမည့် ပညာသင်နှစ် မှစပြီး မသန်စွမ်းသူ များကိုပါ ထည့်သွင်း ခေါ်ယူသွား မည်ဟု ပညာရေးဝန်ကြီးက ပြော ကြားခဲ့ကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာနက လုပ် ငန်းခွင် အကြိုဆရာ အတတ်သင် ဒီပလိုမာ သင်တန်းအပတ်စဉ် ၂၁/ ၂ဝ၁၆ အတွက် ဆရာ၊ ဆရာမများ ခေါ်ယူရာတွင် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသူများ၊ ကျား၊ မ ပီသမှု မရှိသူများ အနေဖြင့် လျှောက်ထား နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ ရာအဆိုပါ ထုတ်ပြန်ချက်နှင့်ပတ် သက်၍ ရွှေမင်းသား ဖောင်ဒေးရှင်း နှင့် ပညာရေး ဝန်ကြီးဌာနတို့ တွေ့ ဆုံ ဆွေးနွေး ခဲ့ကြသည်။ ထိုသို့ဆွေး နွေးရာတွင် အထက်ပါ အတိုင်း သ ဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေ မင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။

”ပညာရေး ဝန်ကြီးဌာန လက် အောက်မှာ ရှိတဲ့ ကောလိပ်၊ တက္က သိုလ်တွေမှာ ဆရာ၊ ဆရာမတွေ ခေါ်တဲ့အခါမှာ ကိုယ်လက်အင်္ဂါ သန်စွမ်းရမယ် ဆိုတဲ့ အချက်ကို ဖြုတ်လိုက်တာပါ။ ဆိုလိုတာ ကတော့ လာမည့်ပညာသင်နှစ်မှာ မသန်စွမ်း သူတွေကိုပါ ခေါ်မယ်ဆိုပြီး ပညာ ရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး နဲ့ တွေ့တဲ့ အချိန်မှာ သဘောတူညီ ခဲ့တယ်”ဟု ဦးမြတ်သူဝင်းက ပြော သည်။

မတ်လ ၉ရက်နေ့က နေပြည် တော်ရှိ လွှတ်တော်ဝင်း အတွင်း၌ ရှိသော ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်နှင့် မသန်စွမ်း သူများတွေ့ဆုံ အပြီး ဦးမြတ်သူ ဝင်းက အထက်ပါအတိုင်း သတင်း မီဒီယာ များကို ပြောကြား ခဲ့ခြင်းဖြစ် သည်။

လာမည့် ပညာသစ်နှစ်မှ စ၍ ပညာရေး ဝန်ကြီးဌာန အနေဖြင့် မသန်စွမ်းများ အများဆုံး ရှိသော ကျောင်းများတွင် ဆရာ၊ ဆရာမ ဦးရေ တိုးချဲ့ပေးရမည် ဖြစ်ပြီး ရွှေ မင်းသား ဖောင်ဒေးရှင်းက နည်း ပညာ အကူအညီပေး မည်ဖြစ်သည်။

ယင်းအပြင် မသန်စွမ်းသူများ အတွက် ခြေပူးလက်ပူး၊ မျက်စိစွေ စောင်း၊ ကျောက်မျက်လုံး စသော အသုံးအနှုန်းများသည်လည်း ပညာ ရေးဝန်ကြီးဌာန၏ သဘောထား မဟုတ်ကြောင်း၊ ယင်းထုတ်ပြန် ချက်မှာ ဆရာ၊ ဆရာမ ခေါ်ယူ သောသင်တန်းကျောင်း၏ သဘော ထားသာဖြစ်ကြောင်း လည်း ပညာ ရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ငြင်းဆိုခဲ့သည်ဟု ဦးမြတ်သူဝင်း က ပြောသည်။

ထို့ပြင် မသန်စွမ်းသူများကို  အလုပ်အကိုင် ခန့်ထား ရေးကိစ္စ တွင်လည်း သတ်မှတ်ထားသည့် နှုန်းအတိုင်း ပညာရေးဝန်ကြီးဌာန က ခန့်အပ်ပေးမည်ဟု သဘောတူ ညီမှု ရခဲ့ကြောင်း သိရသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*