CSR ….လုပ်ကြမှာလား..လုပ်ပြမှာလား

CSR ….လုပ်ကြမှာလား..လုပ်ပြမှာလား
March 9, 2017 Asian Fame

2:28 pm
CSR ….လုပ်ကြမှာလား..လုပ်ပြမှာလား

CSRကိုအိမ့်မှူး တစ်ယောက် ဒီတစ်ခေါက် ခရီးက ပြန်လာတော့ သူ့ခေါင်းထဲမှာ အတွေး မေးခွန်း တစ်ခု ပါလာခဲ့သည်။ CSR …လုပ် ကြမှာလား …လုပ်ပြမှာလား ဆိုတာကို တော်တော်လေး စဉ်း စားမိသည်။ CSR ကို လုပ်ကြသည်ပဲ ဖြစ်စေ၊ လုပ်ပြသည်ပဲ ဖြစ်စေ နည်းနည်းလေး ထိရောက်ရင်ကိုပဲ အကျိုးရှိ လောက်ပါပြီ ဟုလည်း သူတွေးမိပြန်ပါသည်။

ဓာတ်ပုံရိုက်ဖို့ ဆန်နို့ဆီဘူး တစ်လုံးစီပဲ ဝေဦး တော့၊ တကယ် လိုနေသူကို ဝေပေးနိုင်ရင် တော်တော် ဟုတ်နေပါပြီ။ ဒါက ကိုအိမ့်မှူး၏ ကိုယ်ပိုင် ခံယူချက် အမြင်ပင် ဖြစ်သည်။

ကိုအိမ့်မှူး၏ မိတ်ဆွေ နိုင်ငံခြားအဖွဲ့ အစည်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ယောက်ရဲ့ အမြင်ကလည်း တစ်မျိုး စိတ်ဝင်စားဖို့ကောင်း လှသည်။ အပြင်ကို အဝေးကြီး မသွားပါနဲ့တဲ့၊ ကိုယ့်ဆီက ဝန်ထမ်းတွေ အလုပ်သမားတွေ အတွက် Decent Work  ကိုလုပ်နိုင်ရင် CSR ရဲ့အစ ပါပဲတဲ့။ ဒါကို ကိုအိမ့်မှူးလည်း လက်ခံ ပါသည်။ ထိုဝန်ထမ်း အလုပ်သမား များသည် ဆိုင်ရာ ဆိုင်ရာ စီးပွားရေး လုပ်ငန်းများ၏ အဓိကကျသူ  (Main Stakeholder) များပင် မဟုတ်ပါလား။ သို့သော် တချို့သော သူတွေ က နဖူးစီး ဆိုင်းဘုတ်ထောင်မှ အိုးစည်ဒိုးပတ် ဝိုင်းပါမှ ပွဲဟု ခေါ်သည်ဟု ယူဆထားကြသည်။ သူတို့ ဘာလုပ်သည်ကို လူတွေ သိစေချင်သည် မြင်စေချင်ကြသည်။ အဲ့ဒီတော့လည်း လုပ်ကြ ရာဝယ် လုပ်ပြဖို့ရာ အကြောင်း ဖန်လာသည် ကိုလည်း ကိုအိမ့်မှူး အနေနှင့် သဘောပေါက် နားလည်ပါသည်။ သို့သော် … ထိုသို့ လုပ် ပြနေကြရာမှ အပြ လုပ်လာတာတွေ များလာ မည်ကိုတော့ ကြားထဲကနေ စိတ်ပူနေမိပြန်ပါ သည်။

လွန်ခဲ့သော ၁ဝ နှစ်ခန့်က ဖြစ်သည်။ သင်တန်းကျောင်း အသေးလေး ဖွင့်ထားသော ကိုအိမ့်မှူး၏ မိတ်ဆွေ တစ်ယောက်က ရွာ ငယ်လေးတစ်ရွာရှိ စာသင်ကျောင်းလေး အ တွက် နိုင်သလောက် ငွေကြေးကို လှူဒါန်းခဲ့ဖူး သည်။ ပညာနှင့် ဝမ်းစာ ရှာနေတာမို့ ပညာ အလှူသဘောမျိုး နိုင်သလောက် ပေါ့ကွာဟု သူကဆိုခဲ့သည်။

သူ့အလှူငွေက သူ့သင်တန်း ကျောင်းမှ တာဝန်ခံ ဆရာ၏ တစ်လခစာမျှ သာရှိသည်။ သို့သော် ထိုငွေကြေးက အဆိုပါ စာသင်ကျောင်းလေး အတွက် ဆွဲခန့်ဆရာ တစ်ယောက်ကို တစ်နှစ်စာ လခပေးနိုင်ခဲ့ သည်။ CSR တွေခေတ်မစားခင် ကတည်းက ထိုမိတ်ဆွေက CSR ဆိုတာကို လုပ်ပြသွားခဲ့ သည်။ CSR ကို ဖော်ဆောင်ရာမှာ ငွေကြေး ပမာဏ အနည်းငယ်ဖြင့် ထိရောက် အကျိုး ရှိ အောင် လုပ်၍ ရကြောင်းကို လုပ်ပြသွားခဲ့ခြင်း ပင် ဖြစ်သည်။

ကိုအိမ့်မှူးနှင့် CSR အကြောင်းပြော ဖြစ်သူများထဲတွင် မြန်မာ့အော်ဂင်းနစ် ချည်ထည်များနှင့် ပတ်သက်ပြီး တစိုက် မတ်မတ် ဆောင် ရွက်နေသော အသိမိတ်ဆွေ တစ်ဦး လည်း ပါရှိသည်။ သူဆွေးနွေးသော ရှုထောင့် ကိုလည်း ကိုအိမ့်မှူး တစ်ယောက် နှစ်ခြိုက် သဘောကျမိပါသည်။ မျှတတဲ့ပုံစံ၊ အများမထိ ခိုက်မဲ့ နည်းလမ်းတွေ သုံးခဲ့ရင် CSR သီးသန့် လုပ်စရာ မလိုပါဘူးတဲ့။ ဟုတ်ပါသည်။ မျှတ တဲ့ပုံစံတွေ ချမှတ်၊ အများ မထိခိုက်မယ့် နည်း လမ်းတွေ ကျင့်သုံးပြီ ဆိုမှတော့ ကိုယ့်အတွက် ဆိုတဲ့ အမြတ် တစ်ခုတည်းကို ကြည့်နေ တာမျိုး မဟုတ်တော့ဘဲ တခြားသော သူတွေအတွက် လည်း အကျိုးကို မျှဝေပေးမယ့် သဘောပဲ ဖြစ်ပါသည်။ အဲ့ဒါကိုက တာဝန်သိသော ကျင့် ဝတ်ရှိသော စီးပွားရေးလုပ်ငန်း (Responsible and Ethical Business)  တစ်ခု၏ လက္ခဏာ တစ်ရပ်ပင် ဖြစ်ပါသည်။ နစ်နာ ရင် လျော်ကြေး ပေးမည် ဆိုတာထက် နစ်နာမှု မရှိအောင် စီစဉ် ဆောင်ရွက်ခြင်းက ပိုမို ကောင်းမွန်သည့် CSR Program ဖြစ်သည်ဟု ကိုအိမ့်မှူးက တော့ လက်ခံပါသည်။ ထိုအသိမိတ်ဆွေ နှင့် သူတို့ လက်ခံသလိုပင် Stakeholder အသီး သီးကလည်း လက်ခံရင်ဖြင့် ကောင်းမှာပဲဟု ကိုအိမ့်မှူး တစ်ယောက် တွေးမိပြန်ပါသည်။

CSR လုပ်ရတော့မယ်၊ လုပ်ဖို့ လိုတယ် ဆိုရင်တော့ဖြင့် အဲ့ဒီလိုလေးတွေ လုပ်ကြရ အောင်လားဟု ကိုအိမ့်မှူး တစ်ယောက် လုပ် ငန်းရှင် တစ်ဦးကို အကြံပေးဖူးပါသည်။ သို့ သော် လုပ်ကြဖို့ လုပ်ပြဖို့ ကတော့ အခုထိတိုင် အခွင့်မသာသေးပါ။ အခွင့်မသာသေးသည့် အခြေ အနေကို သိထားသောကြောင့် လည်း မချင့်မရဲ ဖြစ်နေ ရပြန်သည်။ ထိုလုပ်ငန်းက CSR  ကိုမလုပ်ဘဲနှင့် နေနေတာ မဟုတ်ပါ။ သူ့အတိုင်းနှင့် သူ့အထွာ လုပ်တော့ လုပ်နေပါ သည်။ အကြောင်းကြောင်းကြောင့် လုပ်ပြနေ သလို ဖြစ်နေသေးသည်။ သို့သော် လမ်း ကြောင်း မှန်ပေါ်မှာ ရှိနေသေးသောကြောင့် တဖြည်းဖြည်းနှင့် ထိရောက်ပြီး အကျိုးရှိ အောင် လုပ်ကြဖို့ရာ တိုက်တွန်း သွားနိုင်လိမ့် မည်ဟု ယုံကြည်ထားသည်။ ထို့အတူပင် ပုံစံ အမျိုးမျိုးနှင့် လုပ်နေကြသော CSR အစီအမံ များ အားလုံး သည်လည်း လိုအပ်နေ သည့် နေရာ၊ လိုအပ်နေသည့် သူများ လိုအပ်နေ သည့် အရာများကို အနည်းနှင့် အများ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ကြပါစေလို့  ကိုအိမ့်မှူး တစ်ယောက် ဆုတောင်းရင်း မျှော်လင့်နေမိပါ တော့သည်။

(ဝိုင်းဝန်းဆွေးနွေးပေးကြသည့် ဆရာမ မဖြူ အိသိန်းနှင့် ကိုနေမျိုးဇော်တို့အား ကျေးဇူး တင်ရှိပါသည်။)

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*