အကောက်ခွန်ပုံစံသစ်တွေနဲ့ ကားဝယ်စီးနိုင်ဖို့ ဝေလာဝေးဆဲ ဘဝများ

အကောက်ခွန်ပုံစံသစ်တွေနဲ့ ကားဝယ်စီးနိုင်ဖို့ ဝေလာဝေးဆဲ ဘဝများ
March 9, 2017 Asian Fame

12:05 pm
အကောက်ခွန်ပုံစံသစ်တွေနဲ့ ကားဝယ်စီးနိုင်ဖို့ ဝေလာဝေးဆဲ ဘဝများ
၂၀၀၁ မော်ဒယ်တိုယိုတာ (၀ှစ်) တစ်စီးတင်သွင်းရာတွင် မူလကားတန်ဖိုးမှာ မူလကားတန်ဖိုးမှာ အခွန်စုစုပေါင်း၏ (၂၃) ရာခိုင်နှုန်းရှိကြောင်းပြပုံ

၂၀၀၁ မော်ဒယ်တိုယိုတာ (၀ှစ်) တစ်စီးတင်သွင်းရာတွင်  မူလကားတန်ဖိုးမှာ အခွန်စုစုပေါင်း၏ (၂၃) ရာခိုင်နှုန်းရှိကြောင်းပြပုံ

ဧပြီလ ၁ ရက်နေ့တွင် စတင် ပြောင်းလဲကောက်ခံမည့် အခွန်ပုံစံသစ်များကြောင့် ပြည်တွင်းရှိ ကားဈေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်ပြီး ကားဝယ်စီး နိုင်မည့်သူအရေအတွက်ကို လျော့ ကျသွားစေမည်ဖြစ်ကြောင်း ကားတင်သွင်း ရောင်းချသူများက ဝေ ဖန်ပြောဆို နေကြသည်။

ယခုနှစ်အတွက် ကားတင်သွင်းခွင့် မူဝါဒအရ လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် တင်သွင်းမည်ဆိုပါ က ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ မော် ဒယ် ဘယ်မောင်း အမျိုးအစား ကားသစ်များကိုသာ တင်သွင်းခွင့် ရမည်ဖြစ်သည်။ အဆိုပါကားအမျိုးအစားများသည် လက်ရှိ ပြည်တွင်းတွင် လူကြိုက်အများဆုံးနှင့်အသုံးပြုမှု အများဆုံးဖြစ်နေသည့် ဂျပန်ကားအမျိုးအစားများ မဟုတ်ကြပါ။ တရုတ်၊ ကိုရီးယားကား အမျိုးအစားများကိုသာ ဖရီးပါမစ်ဖြင့် တင်သွင်းနိုင်ကြမည့်သဘော ဖြစ်နေပါသည်။

အကယ်၍ အာရှနိုင်ငံထုတ်ကားများကိုမကြိုက်ပါက ဂျာမနီ နှင့် အမေရိကန်နိုင်ငံထုတ် ဘယ် မောင်းကားသစ်များကိုသာ တင်သွင်းကြရမည်ဖြစ်သည်။ ၎င်းကားများ၏ ဈေးနှုန်းနှင့် သတ်မှတ်ထားသည့် CIF တန်ဖိုးများအရ ပြည်တွင်းရှိ လူအများစုနှင့် လက်လှမ်းမီနိုင်သည့် အခြေအနေပင် ဖြစ်ပါသည်။ ထိုအခါ ဂျပန်နိုင်ငံထုတ်ညာ မောင်း အမျိုးအစားကားများကို တင်သွင်းလိုပါက ယာဉ်အိုဟောင်း စလစ်ကို အသုံးပြုပြီး တင်သွင်းနိုင်ပါသည်။ ယာဉ်အိုဟောင်းအပ်နှံ ထားသည့် စလစ်ဖြင့်ကားတင်သွင်း မည်ဆိုပါက၂ဝ၁၁ မော်ဒယ်မှ စတင်ပြီး ၂ဝ၁၄ မော်ဒယ်အထိ ညာမောင်းကားများကို တင်သွင်းခွင့် ရမည်ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိတွင် အိုဟောင်းစလစ်များ ဈေးကောင်းနေပြီး စလစ်တစ် စောင်လျှင် ၁၁၅ သိန်းဝန်းကျင် အထိ ဈေးရှိနေသည်။

၂၀၁၁ မော်ဒယ်အာရာဖတ် မူလကားတန်ဖိုးမှာ အခွန်စုစုပေါင်း၏ (၁၃) ရာခိုင်နှုန်းရှိကြောင်းပြပုံ

၂၀၁၁ မော်ဒယ်အာရာဖတ် တစ်စီးတင်သွင်းရာတွင် မူလကားတန်ဖိုးမှာ အခွန်စုစုပေါင်း၏ (၁၃) ရာခိုင်နှုန်းရှိကြောင်းပြပုံ

ယခုလကုန်အထိ စလစ်ကပ် ကားများ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိနေသော်လည်း လာမည့်ဘဏ္ဍာ နှစ် ဧပြီ ၁ ရက်နေ့မှစတင်ပြီး စလစ်ကပ် ကားများကိုပါ ဝင်ငွေ ခွန်ကောက်ခံတော့မည် ဖြစ်ပါ သည်။ ထို့အပြင် အင်ဂျင်ပါဝါ အ လိုက် အထူးကုန်စည်ခွန်ကိုလည်းထပ်တိုးကောက်ခံသွားမှာ ဖြစ်ပါ သည်။ ယခုနှစ်တွင် ပေးဆောင်ရ ခြင်းမရှိသည့် လူကြိုက်များသော အင်ဂျင်ပါဝါ ၂ဝဝဝ စီစီအောက် ကားများကိုပါ ဧပြီ ၁ ရက်နေ့မှ စတင်ကာ အထူးကုန်စည်ခွန် ပေး ဆောင်ရတော့မည် ဖြစ်ပါသည်။

ယခင်ကဝင်ငွေခွန် ပေးဆောင် ရာတွင် ထည့်သွင်းတွက်ချက်ခြင်း မရှိသည့် ကညနတွင် ပေးသွင်းရ သောငွေကိုလည်း လာမည့်ဘဏ္ဍာ နှစ်တွင် ဝင်ငွေခွန်အဖြစ်ထည့်သွင်း တွက်ချက် ကောက်ခံသွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန် ဦးစီး ဌာနမှ ထုတ်ပြန်ကြေညာထားပါ သည်။ လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ကားတင်သွင်း ရာတွင် ပေးဆောင်ရမည့် အခွန် ၃ မျိုးကို ယခုလိုတစ်ပြိုင်တည်း ကောက်ခံလိုက်သည့်အတွက်ကားဈေးနှုန်းများ အဆမတန်မြင့်တက်သွားမည်ဖြစ်ပြီး ကားဝယ်ယူမည့်သူ အရေအတွက်များစွာ လျော့ကျသွားမည် ဖြစ်ပါသည်။ ကားဝယ်ယူကြမည့်သူများ အနေနှင့် ယခုလ ဒုတိယအပတ် တွင် နောက်ဆုံးထား ဝယ်ယူကြဖို့ လိုအပ်နေပါသည်။ သို့မှသာလျှင် ဆိပ်ကမ်းမှကားထုတ်ချိန်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနတွင် ကနဦးမှတ်ပုံတင် ချိန်လုံလောက်စွာ ရရှိမည်ဖြစ်ပြီး ယခုလကုန်ပါက အထက်တွင် ဖော်ပြခဲ့သော အခွန်တန်ဖိုးများပိုမို ပေးဆောင်ကြရမည် ဖြစ်ပါသည်။

စာဖတ်သူများ ထင်ရှားစွာသိ မြင်နိုင်စေရန်အတွက် ဧပြီလတွင် စတင်ကောက်ခံမည့် အခွန်နှုန်း ထားသစ်များအရ ပြည်တွင်းတွင် လူကြိုက်အများဆုံး ကားအမျိုး အစား ၂ ခုဖြစ်သည့် တိုယိုတာ၊ အာရာဖတ်နှင့် တိုယိုတာဝှစ်တို့၏အခွန်ပေးဆောင်ရမည့် နှုန်းထား များကို အကြမ်းဖျင်း တွက်ချက် တင်ပြလိုက်ပါသည်။
ဆက်လက်၍ တွက်ချက် တင်ပြမည့် AV (သို့) CIF တန်ဖိုးများမှာ ယခုနှစ် ကားတင်သွင်းခွင့် မူဝါဒအရ စလစ်ကပ်ပြီး အနိမ့်ဆုံးတင်သွင်းလာနိုင်မည့် ၂ဝ၁၁ မော် ဒယ်၏ တန်ဖိုးများဖြင့်သာ တွက် ချက်ထားပါသည်။ ¤င်းမော်ဒယ် ထက်ပိုမြင့်သော မော်ဒယ်အမျိုး အစားများကိုတင်သွင်းလိုပါက ကုန်ကျစရိတ် ပိုမိုများပြားသွား မည် ဖြစ်ပါသည်။

တိုယိုတာ၊ အာရာဖတ်ကား အမျိုးအစားသည် မော်တော်ယာဉ်များ စတင်ဖြေလျှော့တင်သွင်းခွင့် ပေးလိုက်သည့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ပြည်တွင်းကို အလုံး အရင်းနှင့် တင်သွင်းလာကြသော ကားအမျိုးအစားဖြစ်ပါသည်။ ဇိမ် ခံကား အမျိုးအစားတွင် ပါဝင်ပြီး မိသားစုဖြင့်ခရီးသွားမည့်သူများ အတွက် အထူးသင့်လျော်သည့် ၇ ယောက်စီးနှင့် ၈ ယောက်စီး ကားအမျိုးအစားများ ဖြစ်ပါသည်။

အင်ဂျင်ပါဝါမှာလည်း ၂၄ဝဝ စီစီနှင့် ၃ဝဝဝ စီစီ၊ ၂ မျိုးလာသော ကြောင့် ဝယ်ယူသူများ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ကြပါသည်။ ၎င်းကားအမျိုးအစား ၂ဝ၁၁ မော် ဒယ်အတွက် ယခုနှစ်ထုတ်ပြန်ထား သော AV (ခေါါ်) CIF တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၇၂ဝ ဖြစ်ပါသည်။ ထို့ကြောင့် ပေးဆောင်ရမည့် အခွန်စည်းကြပ်တန်ဖိုးများကို ယနေ့ဒေါ်လာပေါက်ဈေး ၁၃၆၅ ကျပ်နှင့် တွက်ချက်ပြီး ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ဧပြီလ ၁ ရက်နေ့မှ စတင် ကာ တိုယိုတာ၊ အာရာဖတ်ကား အမျိုးအစားကို ဆိပ်ကမ်းတွင်ပေး ဆောင်ရမည့် အခွန်(၃)မျိုးရှိပါသည်။ အကောက်ခွန်အတွက်သိန်း ၁၄ဝ ကျော်၊ ကုန်သွယ်ခွန်အတွက် သိန်း ၄ဝ ဝန်းကျင် နှင့် အထူးကုန် စည်ခွန်အတွက် ၁၄၈ သိန်းခန့်ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်အတွက် ၃ဝ၈ သိန်းခန့်ပေးဆောင် ရမည်ဖြစ်ပြီး ကညနတွင် ကနဦး မှတ်ပုံတင်ခြင်းအတွက် ၂၃၄ သိန်းခန့်ကျသင့်မည်ဖြစ်သည်။ ထို့ ကြောင့် စုစုပေါင်း အခွန်ကျသင့် ငွေသိန်း ၈၇ဝ ခန့်ရှိပြီး ၂ဝ၁၁ မော်ဒယ်ဖြစ်သည့်အတွက် စလစ် ဝယ်ယူရာတွင် ၁၁၅ သိန်းခန့် ကုန် ကျမည်ဖြစ်ပါသည်။ ထိုကြောင့်လာ မည့် ဧပြီလတွင် တိုယိုတာ၊ အာရာ ဖတ် ၂ဝ၁၁ မော်ဒယ်ကားတစ်စီး အတွက် အခွန်စုစုပေါင်းနှင့် စလစ် တန်ဖိုး ပေါင်းလိုက်ပါက ၉၈၅ သိန်းခန့် ကုန်ကျမည်ဖြစ်ပါသည်။

၎င်းမှာ ဂျပန်နိုင်ငံမှ လေလံဆွဲဝယ်ယူရမည့် ကားတန်ဖိုးနှင့် သင်္ဘောတင်ခများ မပါဝင်ပါ။ စာဖတ်သူများအနေနှင့် မိမိတို့ဝယ် ယူမည့် ကားအခြေအနေဂရိတ် များအပေါ်မူတည်ပြီး ဂျပန်နိုင်ငံ၌ လေလံဆွဲရာတွင် သိန်း ၁ဝဝမှ ၁၅ဝ ကြား ကုန်ကျနိုင်ပါသည်။ သင်္ဘောတင်ခ ၁၅ သိန်းဝန်းကျင် ထည့်ပေါင်းပါက ဧပြီလ ၁ ရက် နေ့အတွက် အာရာဖတ် ကားတစ်စီးအတွက် စုစုပေါင်း မြန်မာငွေ သိန်း ၁၁ဝဝ ကျော် ကျသင့်သွားမည် ဖြစ်ပါသည်။ တိုယိုတာဝှစ်ကား အမျိုးအ စားသည် အထက်တွင် တင်ပြခဲ့ သည့် အာရာဖတ်ကားကဲ့သို့ ပင် လူကြိုက်များသော ကားအမျိုးအစား ဖြစ်ပါသည်။ ၇ ယောက်စီးကား အမျိုးအစားဖြစ်ပြီး ခရီးသွားရာ တွင်သာမက မြို့တွင်းသွားလာရာ တွင်လည်း အသုံးများသော ကား အမျိုးအစား ဖြစ်ပါသည်။အင်ဂျင် ပါဝါ ၁၈ဝဝ စီစီနှင့် ၂ဝဝဝ စီစီ၊ ၂မျိုးလာပြီး ဆီစားသက်သာသော ကြောင့် ပြည်တွင်းရှိ ဝယ်ယူလိုသူ အများအပြားရှိနေသော ကားအ မျိုးအစားဖြစ်ပါသည်။ တိုယိုတာ ဝှစ် ၂ဝ၁၁ မော်ဒယ်ကားအမျိုးအစားအတွက် သတ်မှတ်ထားသော AV (သို့မဟုတ်) CIF တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၄၄ဝ ဖြစ်ပါသည်။ ထို့ကြောင့် ဆိပ်ကမ်းတွင် ပေးဆောင်ရမည့် အခွန်တန်ဖိုး များမှာ အကောက်ခွန်အတွက် ၃၈ သိန်းကျော်၊ ကုန်သွယ်ခွန်အတွက် ၁ဝ သိန်းဝန်းကျင်နှင့် အထူးကုန် စည်ခွန်အတွက် ၃၃ သိန်း စုစု ပေါင်း ၈၁ သိန်းကျော် ပေးဆောင် ရပါမည်။

ဝင်ငွေခွန်အတွက် ၇၅ သိန်း ခန့် ပေးဆောင်ရမည်ဖြစ်ပြီး ကညနတွင် ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ၅၃ သိန်းခန့် ကုန်ကျမည်ဖြစ်ပါသည်။ ထို့ကြောင့် စုစုပေါင်း အခွန်ကျသင့်ငွေ သိန်း ၂၁ဝ ခန့်ရှိမည်ဖြစ်ပြီး စလစ်လိုအပ်သော မော်ဒယ်အမျိုးအစား ဖြစ်သောကြောင့် စလစ်တန်ဖိုး ၁၁၅သိန်းထည့်ပေါင်းပါက ၃၂၄ သိန်းဝန်းကျင် ကျသင့်မည် ဖြစ်ပါ သည်။ ဂျပန်နိုင်ငံတွင် သတ်မှတ်ထားသော လေလံဈေးများအရ ကားတန်ဖိုးမှာ သိန်း ၁ဝဝ ဝန်းကျင် ရှိနေသောကြောင့် သင်္ဘောတင်ခ ၁၅ သိန်းနှင့် ပေါင်းလျှင် စုစုပေါင်းသိန်း ၄၄ဝ ခန့်ကျသင့် မည်ဖြစ်ပါသည်။

အထက်တွင် တွက်ချက်တင် ပြခဲ့သော ကားအမျိုးအစား (၂)ခုတွက် ကုန်ကျစရိတ်များသည် ယနေ့ဒေါ်လာပေါက်ဈေးများ အပေါ် အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။ ယခုလအတွင်း ဝယ်ယူပါက အထူးကုန်စည်ခွန်၊ စလစ် တန်ဖိုးအတွက်ပါ ထည့်သွင်းပေး ဆောင်ရသောဝင်ငွေခွန်နှင့် စလစ်ကပ်ကားများ ဖြစ်သောကြောင့် ဝင်ငွေခွန်များ ကင်းလွတ်ခွင့် ရရှိ မည်ဖြစ်ပါသည်။ ထို့ကြောင့် လာမည့် ဧပြီ ၁ရက်နေ့မှ စတင်ကာ ကားဈေးနှုန်းများ အဆမတန် မြင့်တက်သွားတော့မည် ဖြစ်ပါသည်။ စလစ်ကပ်ကားများသည် ယာဉ် အိုဟောင်း အစားထိုးတင်သွင်း ကြခြင်းဖြစ်သောကြောင့် အပ်နှံ ယာဉ်အစား တင်သွင်းလာသည့် အတွက် ဝင်ငွေခွန် တွက်ချက်ရာတွင် ဖျက်သိမ်းယာဉ်တန်ဖိုးကို ခုနှိမ်ခွင့် ပြုပါရန် မြန်မာနိုင်ငံကား လုပ်ငန်းရှင်များ အသင်းမှ ပြည် တွင်း အခွန်များဦးစီးဌာနသို့တင် ပြထားကြောင်း သိရသည်။ ထိုကဲ့သို့သော အခြေအနေများသည် မြန်မာနိုင်ငံသားများ ကားစီးနိုင်ဖို့ ဝေလာဝေးဆဲအခြေ အနေသို့ တွန်းပို့လျက်ရှိပေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*