သမားနှင့် သူ၏ ဝန်ဆောင်မှုများ

သမားနှင့် သူ၏ ဝန်ဆောင်မှုများ
March 9, 2017 Asian Fame

5:30 pm
သမားနှင့် သူ၏ ဝန်ဆောင်မှုများ

Juan-Articleရှေးအခါက သမားနဲ့ လူနာ ဆက်ဆံရေးဟာ စေတနာကို အ ရင်းတည်တဲ့ ဆရာ- ဒကာ ဆက် ဆံရေးမျိုး ဖြစ်ခဲ့တယ်။ ကျွန်တော် တို့ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက် ကင်းချမ်းသာခဲ့ရင် ကုသပေးတဲ့ သမားတော်ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါးလောက် နီးပါး သဘောထား တတ်ကြပြီး ဝေဒနာ မသက်သာခဲ့ ရင် ကံကိုသာ အပြစ်ပုံချလို့ ကုသ ပေးသူ သမားတော်များမှာ နဘ ယံ-ဘေးမရှိ။ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့အစည်းမှာ သမား တော်၊ ဆရာဝန်များဟာ လူသားနဲ့ ဘုရားကြားက တန်ခိုးရှင် နတ်ဒေ ဝတာလောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ကြရဖူးတယ်။ ခုထက်ထိ လည်း ဒီလို ရိုသေလေးစားမှုမျိုးတွေ ရှိသင့်သလောက် ရှိနေတုန်းပါ။ သို့သော်….

နှစ်ဆယ်ရာစု နှောင်းပိုင်းကာ လများမှာ ဖြူစင်ရိုးရှင်းတဲ့ သမားနဲ့ လူနာ ဆက်ဆံရေးဟာ အနည်းငယ် ရှုပ်ထွေးစပြုလာပါတယ်။ ပြိုလဲသွား တဲ့ ဘာလင်တံတိုင်း၊ ဆိုဗီယက်ယူ နီယံနိဂုံးနဲ့အတူ စုတေခဲ့တဲ့ အရှေ့ ဥရောပ ကွန်မြူနစ်စနစ်၊ မိုက်ခရို ဆော့ဖ်ဝင်းဒိုး နဲ့ ပါဆင်နယ် ကွန်ပျူ တာ၊ တတိယလှိုင်းနဲ့ ကမ္ဘာပြား ခြင်း၊ ၉/၁၁ နဲ့ ဘင်လာဒင်၊ ဆူနာ မီနဲ့ ဆက်ဒန်ဟူစိန်၊ ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ ဈေးကွက်စီးပွား ရေးစတဲ့ အပြောင်းအလဲ လှိုင်းလုံး ကြီးတွေ တစ်လုံးပြီး တစ်လုံး ခပ် ကြမ်းကြမ်း ရိုက်ခတ်ခဲ့တဲ့ ၂ဝ ရာစု လက်ကျန် သက်တမ်း ကာလများ အတွင်း ယခင်က ဂုဏ်ယူ ဝင့်ကြွား စွာ ကမ္ဘာ့ဒေသ အတော်များများ လက်ခံ ကျင့်သုံးခဲ့ကြတဲ့ အခမဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက် မှုစနစ်နဲ့ အတူ ဒေါက်တာ နော်မန် ဗက်သွန်း၊ ဒေါက်တာ အင်ဒရူးမေ ဆင်၊ ဒေါက်တာ မြင့်မောင်တို့ အ မှူးပြုတဲ့ စေတနာ ဆရာဝန်ကြီးများ ပါရာဒိုင်း ရေစီးကြောင်းမှာ ပက် လက်ရော၊ မှောက်ခုံပါ မျောပါကုန် ကြတယ်။

ရိုးစင်းလှတဲ့ သမားနဲ့လူနာ တစ်လမ်းသွား ဆက်ဆံရေး ဟာ ရုတ်တရက် ချက်ချင်းပဲ ဈေးကွက် ဝင်လာတယ်။ ကျန်းမာရေးဝန် ဆောင်မှု ဈေးကွက် (Health Care Market)  လို့ ပြောင်ပြောင်တင်း တင်း ခေါ်ခဲ့ကြတယ်။ ဒီအခါမှာ ဝေဒနာရှင် လူနာနဲ့ ကုသပေးသူ သမားတော်တို့ရဲ့ နှစ်ယောက် တစ် အိပ်မက် ကမ္ဘာလေးဟာ ဈေးကွက် စီးပွားရေး နယ်ပယ်ထဲကို ဝင်လို့ရ ပါ့မလားလို့ ဘောဂဗေဒ ဆင်စွယ် နန်းတော်ပေါ်က ပညာရှိ အခေါ်ခံ ရသူများက အံ့သြဘနန်း မေးခွန်း တွေ ထုတ်ကြပါတယ်။ အဖြေက တော့ ဈေးကွက် ဝင်လွန်းလို့ ပြန် ဆွဲထုတ်လို့တောင် မရတော့ပါဘူး တဲ့။ ဘယ်လို ဈေးကွက်မျိုးထဲ ဝင် သလဲဆိုတော့ ဘိဇနက်လုပ်ငန်း အားလုံးရဲ့ ထိပ်ခေါင်တင်ဖြစ်တဲ့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါသတဲ့။

ဝန်ဆောင်မှု စီးပွားရေး လုပ် ငန်းဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျဝယ်သူ အမြဲမှန်  (Customer is always right)   ရတဲ့ လုပ်ငန်းမျိုး ပါ။ ကျန်းမာရေး စောင့်ရှောက်မှုမှာ ဝန်ဆောင်မှုပေးသူ (Service Provider)  ဖြစ်တဲ့ ဆရာဝန်နဲ့ ဝန် ဆောင်မှုကို ရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့် စုံနေတော့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရားနဲ့ ဇွတ်တန်း ညှိပစ်လိုက်ပုံရ ပါတယ်။

တကယ်တမ်း အနုလုံ၊ ပဋိလုံ သုံးသပ်ကြတဲ့ အခါမတော့ ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းဟာ အခြားသော ဝန်ဆောင်မှု စီးပွား ရေးလုပ်ငန်း များနဲ့ ဖီလာကန့်လန့် ဖြစ်နေတာကို တွေ့လာကြရတယ်။ အခြားသော ဝန်ဆောင်မှု လုပ်ငန်း များမှာ Service Provider ကို အ မြဲအလိုလိုက် အကြိုက်ဆောင်ကြ ရတယ်။ တစ်နည်းပြောရင် Service Provider  က အောက်စည်း၊ Customer က အထက်စီးက နေ ရာယူလာတယ်ပေါ့။ ဒါကလည်း ရှင်းပါတယ်။ သူ့အိတ်ထဲကငွေ ကိုယ့်အိတ်ထဲ ရောက်ဖို့အတွက် လူ့အောက်ကျို့လို့ လူပိမသေ ဆောင်ပုဒ်ကို လက်ကိုင်ထားရ ပေမပေါ့။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကတော့ ပြောတော့လည်း ဝန်ဆောင်မှု စီးပွားရေး၊ Service Provider ဖြစ်တဲ့ ဆရာဝန်က အ ထက်စီးကနေ တစ်ပြားသားမှ မ လျှော့ဘဲ ”ခင်ဗျားက ဆရာဝန်လား၊ ကျုပ်က ဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျုပ်ကုတာခံ” ဒီလို ဆက်ဆံတာကို Customer ဖြစ်တဲ့ လူနာက တစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့နဲ့ ပြန်ပြောရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှိုထွက် လာရတဲ့ ဝန်ဆောင်မှုမျိုးကိုး ခင်ဗျ။ ဒါကြောင့်လည်း ဈေးကွက် စီးပွားရေး စံတွေအရ ကျန်းမာရေး ဝန်ဆောင်မှုဟာ နားမလည်နိုင် စရာ ဝန်ဆောင် မှုမျိုးပေါ့။
Customer က အောက်ကျို့ ခယပြီး ဝန်ဆောင်ခ ပေးရ တယ်ဆိုတာ စီးပွားရေး သဘောမှာ မရှိပါဘူး။ ဒါကြောင့်
ကျန်းမာရေး ဈေးကွက်ဘာလဲ၊ ဘယ်လဲဆိုတာ ကို ဘောဂဗေဒ ပညာရှင်များ စိတ် ဝင်စားလာကြတယ်။ သုတေသန လုပ်ကြည့်ကြတယ်။ ဘာတွေ တွေ့ ရှိကြသလဲဆိုတော့-

(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းသည် ဝန်ဆောင်မှု စီးပွား ရေးလုပ်ငန်း အမျိုးအစားတွင်ြ>ွခင်းချက်ဖြင့် ပါဝင်သည်။
(ခ) ပုံမှန် ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း၏ ဝိသေသ လက္ခဏာများ နှင့် မကိုက်ညီရခြင်း အဓိက အ ကြောင်းရင်းမှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်းနိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။
(ဂ) ဤလုပ်ငန်းကို အလွန်အကျွံ မဖြစ်အောင် ကောင်းမွန်မှန်ကန် သော ကျန်းမာရေး စနစ် (Good Health System) ကျင့်သုံး၍ ထိန်း ကျောင်းပေးနိုင်ရမည်ရယ်လို့ ဖြစ် ပါတယ်။

ဒီနေရာမှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်းနိုင်မှု ဆိုတာက ဒီလိုပါ။ ခင်ဗျား Laptop  တစ်လုံး ဝယ်ချင်တယ် ဆိုပါစို့။ ဘယ်အရောင်းဆိုင် သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အ ရောင်း ဝန်ထမ်းတွေကို မေးမလား၊ စာရွက် စာတမ်းတွေ လေ့လာမ လား၊ အွန်လိုင်း တက်ပြီး ကြည့်ဦးမ လား။ ဈေးနှုန်းကို လွတ်လပ်စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အ ဖြစ်ဆုံး ကိုမှ ရွေးချယ် ဝယ်ယူမယ် မဟုတ်လား။ ဒါမျိုးကို ရောင်းသူနဲ့ ဝယ်သူကြား သတင်း အချက်အလက် ညီမျှမှု  (Symmetry of Information)  ရှိတယ်လို့ ဆိုပါ တယ်။ နှလုံး ရောဂါရလို့ နှလုံးအ ထူးကုနဲ့ ပြချင်တယ် ဆိုပါစို့။ ကိုယ့် ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအ ချက်အလက်တွေကို စာရေးကို မေးလို့ရမလား။ စာအုပ်တွေဖတ် တော့ရော နားလည်မှာလား။ အွန် လိုင်းပေါ်မှာ ဈေးသက်သာပြီး ကုသမှုကောင်းတဲ့ သမားတော်ကို စိတ်ကြိုက် ရွေးချယ်လို့ ရမှာလား။ ကိုယ့်ဘက်က ဘာမှမသိတဲ့ ဝန် ဆောင်မှုကို Provider ဖြစ်တဲ့ ဆရာဝန်ပြုသမျှ နုရပြီး ကျသ လောက်ပေးရတဲ့အတွက် ရွေးချယ် ခွင့်မရဘဲ ဝယ်ရတဲ့ပစ္စည်း ဖြစ်နေ ပါတယ်။ အကြောင်းကတော့ Doctor knows everything about your disease but you know nothing about your disease  ကိုယ်ဝယ်ယူရမယ့် ကျန်း မာရေး စောင့်ရှောက်မှုနဲ့ ပတ်သက် တဲ့ သတင်း အချက်အလက်တွေကို ရောင်းသူ ဆရာဝန်က ဝယ်သူ လူ နာထက် အဆပေါင်းများစွာ ပိုမို သိရှိနေခြင်းကြောင့်ပါ။ ဒါကိုပဲ Asymmetry of Informationလို့ ဆိုကြတာပါပဲ။ ဒါဟာ ကျန်းမာ ရေး စောင့်ရှောက်မှု ဆိုတဲ့ လူနာ- သမား ဆက်ဆံရေးကို ဈေးကွက် ထဲ သွတ်သွင်းရာက ရလာတဲ့ အသိသစ်လို့ ပြောရင်လည်း ရနိုင် ကြောင်းပါခင်ဗျာ။

Juan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*