ထိုင်းတွင် CI စတင် ထုတ်ပေးနေရာ မြန်မာလုပ်သားနှစ်ထောင်ကျော် လာရောက် လျှောက်ထား

ထိုင်းတွင် CI စတင် ထုတ်ပေးနေရာ မြန်မာလုပ်သားနှစ်ထောင်ကျော် လာရောက် လျှောက်ထား
March 9, 2017 Asian Fame

11:36 am
ထိုင်းတွင် CI စတင် ထုတ်ပေးနေရာ မြန်မာလုပ်သားနှစ်ထောင်ကျော် လာရောက် လျှောက်ထား

ရဲလွင်
ရန်ကုန်၊ မတ် ၆

ထိုင်းရောက် မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ် CI ထုတ်ပေးရာတွင် ၂ ရက်အတွင်း လာလျှောက်သူ ၂၂ဝဝ ကျော်ရှိကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအား (Certifi-cate of Identity–CI) စာအုပ်ထုတ်ပေးသည့် အစီအစဉ်ကို မတ်လ ၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ”ဒီနှုန်းကတော့ စာအုပ်ထုတ်ပေးတဲ့ စခန်းတွေ စဖွင့်တဲ့ရက်နဲ့ နောက်တစ်ရက်ထိ ကျွန်တော်တို့ဆီကို တက်လာတဲ့စာရင်းပဲ။ ၆ ရက်နေ့စာရင်းကတော့ မတက်သေးပါဘူး” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ် သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောသည်။ CI စာအုပ် ထုတ်ပေးသည့်အစီအစဉ်ကို ထိုင်းနိုင်ငံ မဟာချိုင်မြို့၌ စခန်းနှစ်ခုနှင့် စမွတ်ပရာကန် မဲဆောက်၊ မယ်ဆိုင်၊ ရနောင်းတို့တွင် စခန်းတစ်ခုစီ စုစုပေါင်း စခန်း ၆ ခု ဖွင့်လှစ်ကာ ထုတ်ပေးနေခြင်း ဖြစ်သည်။

အဆိုပါ စခန်းခြောက်ခုသို့ စာအုပ်လာရောက် လျှောက်ထားသူများတွင် မဟာချိုင်စခန်း (၁)၊ မဟာ ချိုင်စခန်း (၂) နှင့် စမုပရာကန်စခန်းတို့သို့ အများ ဆုံး လာရောက်လျှောက်ထားကြကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမား အဖွဲ့အစည်းများမှ သိရသည်။ ယင်းအပြင် CI စာအုပ် လျှောက်ထားရန် ခရိုင် နယ်မြေကျော်လွန်လာသည့် မြန်မာအလုပ်သမားများကို နယ်မြေခံရဲများက ဖမ်းဆီးခြင်းများရှိနေသည့်အတွက်ကြောင့် နယ်မြေဖြတ်ကျော်လာပြီး CI စာအုပ်လာရောက် လျှောက်ထားသူ မြန်မာလုပ်သား များအနေဖြင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိများနှင့် တာဝန်ရှိသူများ ဖြစ်သော Complaint Mechanism –+ ၉၅ ၆၇– ၄၃ဝ၁၈၄၊ +၉၅ ၆၇ – ၄၃ဝ၂၈၄ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ – +၉၅၆၇ – ၄၃ဝ၁၈၃၊ + ၉၅၆၇ – ၄၃ဝ၁၈၅ / ဦးမိုးအောင် ခိုင် (အလုပ်သမားသံအရာရှိ) – ဝ၆၃၃၁၄၁၉၉၂/ဦး အောင်ကိုသန်း (အလုပ်သမား သံ အရာရှိ) – ဝ၆၃၄၄၂၆၂ဝ၄ ထံသို့ ဆက်သွယ်ကြရန် သတင်းထုတ်ပြန် ထားသည်။

ထို့ပြင် မြန်မာအလုပ်သမားများ၏ အရေးကိစ္စများတွင် လိုအပ်သည့် အကူအညီများရှိပါက ပံ့ပိုးကူညီပေးပါရန် ထိုင်းအစိုးရ အဖွဲ့အသီးသီးထံသို့လည်း မေတ္တာရပ်ခံချက်များ ပေးပို့ထားကြောင်း သိရသည်။ CI စာအုပ်လျှောက်ထားရာ၌ သတ်မှတ် ကုန်ကျစရိတ်ထက် ပိုမိုကောက်ခံမှု၊ သာမန်နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးဌာနစိတ်နှင့် ၇7 Eleven စတိုးဆိုင်၌ မဟုတ်ဘဲ အခြားနေရာများ၌ ငွေကြေး ကောက်ခံလျှင်သော်လည်းကောင်း၊ စာအုပ်ထုတ် ပေးရာ စခန်းများ၌ ငွေကြေးတစ်စုံတရာ ပေးဆောင်ခဲ့ ရလျှင်သော်လည်းကောင်း၊ အခြားကျေနပ်မှု မရှိ သည့် ကိစ္စရပ်များရှိလျှင်သော်လည်းကောင်း တိုင်ကြားနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*