လောက်ကိုင် တိုက်ပွဲသည် အကြမ်းဖက်မှု အသွင် ဆောင်နေကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ မှူး မှတ်ချက်ပြု

လောက်ကိုင် တိုက်ပွဲသည် အကြမ်းဖက်မှု အသွင် ဆောင်နေကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ မှူး မှတ်ချက်ပြု
March 8, 2017 Asian Fame

11:04 am
လောက်ကိုင် တိုက်ပွဲသည် အကြမ်းဖက်မှု အသွင် ဆောင်နေကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ မှူး မှတ်ချက်ပြု

Louck Kai မတ်လ ၆ ရက်နေ့ မနက် လောက်ကိုင်မြို့တွင်းတစ်နေရာ

PNews
လောက်ကိုင်၊ မတ် ၇

လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် အရပ်သားများကို ဦးတည်ပြီး တိုက်ခိုက်နေသည့်အတွက် အကြမ်းဖက်မှုအသွင်ဆောင်နေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် အောင်အောင်က မှတ်ချက်ပြုသည်။

မတ်လ ၅ ရက်နေ့ ညနေပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ကျောင်း ဆရာမ တစ်ဦးအပါအဝင် အရပ် သား ၁၂ ဦးသေဆုံးပြီး ရဲတပ်သား ၃ ဦးနှင့် အရပ်သား ၃ ဦး ဒဏ်ရာ ရခဲ့သည်ဟု ၎င်းကပြောသည်။

”အရင်တုန်းက ဖြစ်ခဲ့တာတွေက ရဲတပ်ဖွဲ့ဝင်တို့ တပ်မတော်သား တို့ပဲ သေဆုံးတာရှိတယ်။ အရပ် သားသေဆုံးမှုနည်းတယ်။ အခုက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်တာ။ အကြောက်တရား ဝင်သွားအောင် အကြမ်းဖက်မှုဆန်ဆန် လုပ်လိုက်တာပါ”ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှူးက ပြောသည်။တိုက်ခိုက်မှုသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခါနီးအချိန် လည်းဖြစ်၍ အစိုးရအား အကျပ်အတည်းဖြစ်စေရန် ရည်ရွယ်ပုံလည်း ရသည်ဟု သူက ဆက်ပြောသည်။

ယခုတစ်ကြိမ် တိုက်ပွဲဖြစ်ပွား ခြင်းသည် ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့က ဖြစ်ခဲ့သည့် ဖြစ်စဉ်တို့ ထက် အရပ်သားသေဆုံးမှု ပိုများ နေသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး၏ မတ်လ ၆ရက်နေ့ ကနဦးသတင်း ထုတ်ပြန်မှုတွင် MNDAA လက်နက်ကိုင်အဖွဲ့မှ မီးရှို့ထားသည့် အလောင်း ၂ဝ အပါအဝင် လက် နက် ၁ဝ လက်ခန့်ရရှိထားကြောင်း၊ ယင်းအပြင် ကိုးကန့် ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်း နှင့် ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦးကို MNDAA က ဓားစာခံအဖြစ် ဖမ်း ဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော် ပြထားသည်။

ထိခိုက်ဆုံးရှုံးမှုနှင့် ပတ်သက် ၍ MNDAA တပ်ဖွဲ့ဝင်တို့က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် လောက်ကိုင်မြို့၊ ရန်လုံကျိုင်း ရဲစခန်း ကို ရဲဝတ်စုံများ ဝတ်ဆင်အယောင် ဆောင်ကာ တိုက်ခိုက်ခဲ့သေးကြောင်း၊ ထိုလောက်ကိုင်မြို့ရှိ ကျင်းတင် ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ခဲ့ သည့်အပြင် ဟိုတယ်ရှိ မော်တော် ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်းနှင့် ဖူလီလိုက်ဟိုတယ်မှ ငွေသိမ်းကောင်တာကိုလည်း ဝင် ရောက် ဓားပြတိုက်လုယက်မှု ကျူး လွန်သွားကြောင်း သတင်းထုတ် ပြန်ပေးခဲ့သည်။

ကိုးကန့် MNDAA အဖွဲ့နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့်တရား မျှတမှု အမျိုးသားပါတီဗဟို ကော်မတီတို့ဘက်က လောက်ကိုင်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကို ဝန်ခံခဲ့ ပြီး၊ ရာစုနှစ်ဝက်ကျော် ပြည်ထောင် စုငြိမ်းချမ်းရေးကို ဖျက်ဆီးနေသော မြန်မာတပ်မတော်အား ပညာပေး ခြင်းဖြစ်သည်ဟု အများသိစေရန် ကြေညာချက်ထုတ်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*