အလုပ်သမားပြဿနာ အများဆုံး ဖြစ်ပွားသည့် ထိုင်းနိုင်ငံသို့ သံအရာရှိ သုံးဦး ထပ်မံစေလွှတ်မည်

အလုပ်သမားပြဿနာ အများဆုံး ဖြစ်ပွားသည့် ထိုင်းနိုင်ငံသို့ သံအရာရှိ သုံးဦး ထပ်မံစေလွှတ်မည်
March 8, 2017 Asian Fame

3:35 pm
အလုပ်သမားပြဿနာ အများဆုံး ဖြစ်ပွားသည့် ထိုင်းနိုင်ငံသို့ သံအရာရှိ သုံးဦး ထပ်မံစေလွှတ်မည်

ရဲလွင်
ရန်ကုန်၊ မတ် ၆

အလုပ်သမားပြဿနာ အများဆုံးဖြစ်ပွားလျက်ရှိသည့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား သံအရာရှိ ၃ ဦးလာမည့်အပတ်အတွင်း ထပ်မံစေလွှတ်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ထိုင်းက အလုပ်သမားပြဿနာအဖြစ်များဆုံးနဲ့ မြန်မာလုပ်သား သွားရောက်လုပ်ကိုင်မှု အများဆုံးနိုင်ငံဖြစ်တာကြောင့်ပါ။ လာမယ့် ၁၂ ရက်နေ့လောက်လွှတ်မယ်လို့ ခန့်မှန်းထားတယ်။ ထပ်ပြီး အားဖြည့်တဲ့သဘောပါ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားသံအရာရှိ ၂ ဦး ရှိပြီး အလုပ်သမားပြဿနာများကို မြန်မာသံရုံး၊ ထိုင်းရှိ မြန်မာအလုပ် သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းဖြေရှင်းလျက်ရှိသည်။ ထိုင်းနိုင်ငံရှိ မြန်မာသံအရာရှိအင်အားနှင့် မြန်မာလုပ်သားများ အင်အားလုံလောက်မှု မရှိခြင်းကြောင့် ထိုင်းစကားတတ်သည့် သံအရာ ရှိတစ်ဦး၊ ဥပဒေပိုင်း ဆိုင်ရာကျွမ်းကျင်သည့် သံအရာရှိများ ထပ်မံ ခန့်အပ် တာဝန်ပေးခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

အသစ်စေလွှတ်မည့် သံအရာရှိများကို လက်ရှိတွင် နေပြည်တော် ၌ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကျွမ်းကျင်သင်တန်းပို့ချနေပြီး သင် တန်းမကြာခင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံ၌ တာဝန်ယူနေသော အလုပ်သမား သံအရာရှိ ၂ ဦး အပါအဝင် မလေးရှားနိုင်ငံ၌ တာဝန်ယူနေသော အလုပ်သမားသံအရာရှိ ၂ ဦး၊ ကိုရီးယားနိုင်ငံ၌ တာဝန်ယူနေသော အလုပ်သမားသံအရာရှိတစ်ဦးတို့ကို တာဝန်ပြီးဆုံးပြီဖြစ်သဖြင့် သံအရာရှိအသစ်များနှင့် အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။ ယင်းလဲလှယ်မှုသည် အခြားအကြောင်းအရင်း တစ်စုံတစ်ရာ မရှိဘဲ တာဝန်ချိန်ပြီးဆုံးခြင်းအတွက် အသစ်များနှင့်လဲလှယ်ခြင်းဖြစ် ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*