ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်ကြေး ဆယ်ဆတိုးရန် အစိုးရအဖွဲ့အတည်ပြု

ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်ကြေး ဆယ်ဆတိုးရန် အစိုးရအဖွဲ့အတည်ပြု
March 3, 2017 Asian Fame

12:20 pm
ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်ကြေး ဆယ်ဆတိုးရန် အစိုးရအဖွဲ့အတည်ပြု

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အာမခံကြေး သိန်း ၅ဝဝ သတ်မှတ်မည့်ကိစ္စကို အစိုးရအဖွဲ့က အတည်ပြုပြီးဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် (MOEAF) တွဲဖက်အတွင်း ရေးမှူး ဦးမြတ်သူက ပြောသည်။

ဖေဖော်ဝါရီလတတိယအပတ်အတွင်းက အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် (MOEAF) တို့ကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က ယခုကဲ့သို့ ပြောကြားခဲ့ကြောင်း ဦးမြတ်သူက ပြောသည်။

”အစည်းအဝေးမှာ ဦးမျိုး အောင်ဘက်ကတော့ အဲ့လိုပြော သွားတယ်။ တိုးဖြစ်အောင်တိုးမယ်၊ အစိုးရအဖွဲ့က အတည်ပြုပြီးပြီလို့ ပြောသွားတယ်။ ဒါပေမယ့် ဘယ် တော့လောက်တရားဝင်စာထွက်မလဲတော့မသိသေးဘူး” ဟု ၎င်းက ဆိုသည်။ ပြည်ပအလုပ်အကိုင်အေဂျင် စီ လိုင်စင်ကြေးကိုမူလက ကျပ် သိန်း ၅ဝသတ်မှတ်ထားပြီး ထိုနှုန်း ကို ကျပ်သိန်း ၅ဝဝ အထိ တိုးမြှင့် ရန်ဝန်ကြီးဌာနက စီစဉ်နေခြင်း ဖြစ်သည်။

ထိုသို့ သတ်မှတ်မည့်အပေါ် (MOEAF) မှ ဦးဆောင်ကာ အေ ဂျင်စီအများစုက သဘောမတူ ကြောင်းလက်မှတ် ရေးထိုးထားသည့် ကန့်ကွက်စာကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး အပါ အဝင်သက်ဆိုင်ရာဌာနများ၊ ကော် မတီများထံပေးပို့ခဲ့သည်။ ”ကျွန်တော်တို့ စိုးရိမ်တာက အခုလက်ရှိ အေဂျင်စီတွေမှာ အလုပ်သမားပို့ခွင့်လိုင်စင်ကြီး ဆို တာရှိတယ်။ သူက အလုပ်သမား ပို့ခွင့်ပြုထားတဲ့ နိုင်ငံတွေအားလုံး ကို ပို့လို့ရတယ်။ ဒါပေမယ့်ထိုင်းကို ပို့မယ်ဆိုရင် နောက်ထပ်လိုင်စင် တစ်ခုယူရတယ်။ အဲ့ဒါက ထိုင်းကို ပို့တဲ့လိုင်စင်။ ဒီတော့ အခုအာမခံကြေး သိန်း ၅ဝဝ တိုးရင် လိုင်စင် ၂ ခုလုံးယူထားတဲ့သူလည်း သိန်း ၅ဝဝ ပဲဆိုတော့ အရင်ထိုင်းလိုင်စင် မယူထားတဲ့ သူတွေကလည်း ထိုင်းလိုင်စင်ပါထပ်ယူပြီး အလုပ်သမားပို့ရင် ထိုင်းဘက်အပိုင်းက ရှုပ်ထွေး တာနဲ့ပြဿနာတွေများပြီး ဈေး ကွက်ပျက်သွားမှာကို စိုးရိမ်ရ တယ်” ဟု ၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ရွှေ့ပြောင်းလုပ်သား ရေးရာ ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဆက်သွယ်မရခဲ့ပေ။ လက်ရှိတွင် ၎င်းဝန်ကြီးဌာနမှ အလုပ်သမား ပို့ဆောင်ခွင့်လိုင်စင် ထုတ်ပေးထားသော အေဂျင်စီ ၂၆ဝ ကျော်ခန့်ရှိပြီး ထိုင်းသို့အလုပ်သမား ပို့ခွင့် လိုင်စင်ရထားသည့် အေဂျင် စီ ၆ဝခန့်သာရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*