ရိုးမ မဟာဗျူဟာ လီမိတက် နှင့် မက်ထရို စားသောက်ကုန် တို့ပူးပေါင်း၍ မြန်မာပြည် အတွက် လုပ်ငန်းစု တစ်ခု တည်ထောင်မည်

ရိုးမ မဟာဗျူဟာ လီမိတက် နှင့် မက်ထရို စားသောက်ကုန် တို့ပူးပေါင်း၍ မြန်မာပြည် အတွက် လုပ်ငန်းစု တစ်ခု တည်ထောင်မည်
March 1, 2017 Asian Fame

3:03 pm
ရိုးမ မဟာဗျူဟာ လီမိတက် နှင့် မက်ထရို စားသောက်ကုန် တို့ပူးပေါင်း၍ မြန်မာပြည် အတွက် လုပ်ငန်းစု တစ်ခု တည်ထောင်မည်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇)

ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိ တက်နှင့် METRO Group Whole- sale & Food Specialist Company (METRO) တို့ ပူးပေါင်း၍ စားသောက်ကုန် နှင့် စားသောက် ကုန်ပစ္စည်း မျိုးစုံ လက်ကားဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းတစ်စု တည် ထောင်သွားရန် စီစဉ်နေသည်။

အသစ် တည်ထောင်မည့် METRO wholesale Myanmar Ltd ဖက်စပ်ကုမ္ပဏီတွင် Yoma Strategic  က အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ထည့်ဝင် သွားမည်ဖြစ်ပြီး ကျန်ရှိသော အစုရှယ်ယာ ၈၅ ရာ ခိုင်နှုန်းကို METRO က ထည့်ဝင် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စားသောက် ကုန် ရောင်းချခြင်း လုပ်ငန်းမှာ လက်လီ ရောင်းချသူ အများစုက လက်လီလက်ကား ရောနှောရောင်း ချလျက် ရှိသော ပြည်တွင်းကုန် ပစ္စည်း ဖြန့်ဖြူးရောင်းချ သူများနှင့် ကုန်ပစ္စည်း တင်သွင်း သူများမှ တစ်ဆင့်၎င်းတို့၏ ပစ္စည်းများကို ဝယ်ယူ ရောင်းချနေခြင်းကြောင့် တစ်ပိုင်း တစ်စစီ ဖြစ်လျက်ရှိ ပြီး METRO Myanmar  အနေဖြင့် စားသုံး သူများနှင့် ဟိုတယ်၊ စား သောက်ဆိုင် လုပ်ငန်းရှင်များ၊ ကျွေး မွေးဧည့်ခံရေး ကုမ္ပဏီများ၊ အသေး စား လက်လီရောင်းချသူများ၊ အဖွဲ့ အစည်းများနှင့် ရုံးခန်းများကို စားသောက်ကုန်နှင့် စားသောက် ကုန်မဟုတ်သော ကုန်ပစ္စည်းပေါင်း ၃၃ဝဝ ကျော်ကို ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဟု တာဝန်ရှိ သူများက ဆိုသည်။

”မြန်မာနိုင်ငံသားများ အတွက် ကမ္ဘာ့ခေတ်မီ လက်ကားဖြန့်ဖြူး ရောင်းချမှု၊ စိတ်ချ လုံခြုံမှုရှိတဲ့ စားသောက်ကုန်တွေ ဖြန့်ဖြူးရေး အတွက် လုပ်ဆောင်တာပါ” ဟု Yoma Strategic ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr.Melvyn Pun  ကပြောသည်။

ထို့အပြင် အစားအသောက် ဘေးကင်းလုံခြုံရေး အတွက် လယ် သမားများအား အသိပညာပေး ခြင်း နှင့် လုပ်ရည်ကိုင်ရည် တိုး တက်အောင် လေ့ကျင့်ပေးခြင်း တို့ကိုလည်း ပြုလုပ်သွားမည်ဟု လည်း ၄င်းက ဆက်၍ပြောသည်။

စိုက်ပျိုးရေးမှ အစပြု၍ စား သောက်ကုန် ထုတ်လုပ်ခြင်း၊ ထုပ် ပိုးခြင်း အစရှိသည့် ကုန်ပစ္စည်း ထုတ်လုပ်မှုမှ စတင်ကာ စားသုံးသူ လက်ဝယ်ထိ ရောက်ရှိစေသည့် လုပ်ငန်း အဆင့်ဆင့် အပိုင်းတွင် ကျွမ်းကျင်မှု မြှင့်တင်ပေးနိုင်ရန် မြန်မာနိုင်ငံ တွင် သက်ဆိုင်ရာပါ ဝင်ပတ်သက်သူ အားလုံးနှင့် လက် တွဲဆောင်ရွက် သွားရန်လည်း ၄င်းတို့ က ရည်ရွယ်ထားသည်။

METRO  သည် ကမ္ဘာတစ် ဝန်း နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် လူ ပေါင်း ၁၅ဝဝဝဝ ကျော်အား အ လုပ်အကိုင် ပေးထားပြီး ၂ဝ၁၅/ ၂ဝ၁၆ တွင် ယူရို ၃၇ ဘီလျံခန့် ရောင်းချနိုင်ခဲ့ပါသည်။

ဥရောပ နှင့် အာရှဒေသ တစ် ဝန်း နိုင်ငံ ၂၅ နိုင်ငံတွင်ရောင်းချ လျက်ရှိပြီး ဟိုတယ်များ၊ စား သောက်ဆိုင်များ၊ ဧည့်ခံ ကျွေးမွေး ရေး ကုမ္ပဏီများ၊ အသေးစားလက် လီ ရောင်းချသူများနှင့် ရုံးခန်းများ အစရှိသည့် အဖွဲ့အစည်းပေါင်း ၂၁ သန်းခန့်သို့ ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*