မြန်မာပြည်သိန်းတန် နှင့် တွေ့ဆုံခြင်း

မြန်မာပြည်သိန်းတန် နှင့် တွေ့ဆုံခြင်း
March 1, 2017 Asian Fame

4:15 pm
မြန်မာပြည်သိန်းတန် နှင့် တွေ့ဆုံခြင်း

Thein-Tan-(1)ပရိသတ် အကြည့်များသည့် အစီအစဉ် တစ်ခုဖြစ် သော Myanmar Idol  အစီအစဉ်သည် လက်ရှိတွင် Season 2 သို့ပင် ရောက် ရှိ လာပြီ ဖြစ်သည်။ Season 2 မှ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သည့် မြန်မာပြည် သိန်းတန် ၏ ပြိုင်ပွဲဝင်များ အပေါ် ဝေဖန် သုံးသပ်ချက် များကြောင့် ပရိသတ် များကြား သဘောထား ကွဲလွဲမှုများလည်း ဖြစ် ပေါ်လျက်ရှိသည်။ ထိုအချက်ကပင်  Myanmar Idol  အစီအစဉ်ကို ပရိသတ် စိတ်ဝင်စားမှု ပိုမို မြင့်တက် လာစေခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည် သိန်းတန်နှင့်တွေ့ဆုံ၍ လတ် တလော ပွဲဆူနေ သည့် အကြောင်းအ ရာများအပေါ် ၄င်း၏အမြင်များ ကို တွေ့ဆုံ မေးမြန်းဖော်ပြလိုက် ပါသည်။

၂ဝ၁ဝ နောက်ပိုင်း မြန်မာ နိုင်ငံမှာ တေးသီချင်းပြိုင်ပွဲ တွေ အများကြီး ပေါ်လာခဲ့တယ်။ အဲဒီပြိုင်ပွဲတွေ အပေါ် အန်ကယ် ဘယ် လို မှတ်ချက် ပြုချင်ပါသလဲ။

ဘယ်ပြိုင်ပွဲ မဆို ပြိုင်ပွဲတစ်ခု လို့ သတ်မှတ်လိုက်ပြီ ဆိုရင် အဲဒီ ပြိုင်ပွဲက သတ်မှတ်ထားတဲ့ စံချိန်စံ ညွှန်း နဲ့ပြည့်မီတဲ့ အရည်အချင်း ရှိဖို့ ကအဓိကပဲ။ သီချင်းဆိုပြိုင်ပွဲတွေ များလာတယ်။ ပြိုင်ပွဲ ယှဉ်ပြိုင်လို တဲ့ လူငယ်တွေလည်း များလာတယ်။ ရွက်ပုန်းသီးတွေ အပြင် ထွက်လာ တာပေါ့။ တေးသီချင်းပြိုင်ပွဲလို့ ခေါင်းစဉ်တပ် လိုက်ပြီဆိုရင် ယှဉ် ပြိုင်သူရဲ့အသံက ၁ဝဝ ရာခိုင်နှုန်း အရေးကြီးတယ်။ သူ့အသံက ဘယ် လောက်ကောင်းလဲ အဲဒါက နံပါတ် တစ်၊ အဲဒီအပြင် တခြားမှာ ပါဝင်တဲ့ အရည်အချင်း လည်း လိုအပ်တယ်။ အန်ကယ်တို့ခေတ်က ဆို ပရိသတ် တွေဆုံးဖြတ်ပေးတယ်။ ”အသံ ကောင်းတယ်ဟေ့” ဆိုတာက ထိပ် ဆုံးကပဲ။ အသံ မကောင်းရင်တော့ ပရိသတ်ရှေ့ ရောက်မလာတော့ပါ ဘူး။ အသံ မကောင်းရင် ရေရှည် မှာလည်း မခိုင်မြဲနိုင်ဘူးပေါ့။

အန်ကယ် ဒိုင်လုပ်နေတဲ့ Myanmar Idol အစီအစဉ်က ပြိုင်ပွဲဝင် တွေနဲ့ ပတ်သက်ပြီးတော့ အန်ကယ့် အမြင် ကို ပြောပြပေးပါဦး။

အခု အန်ကယ်ဒိုင် အဖြစ်ဆောင် ရွက်နေတဲ့ Myanmar Idol မှာ ပါဝင် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေ အားလုံးမှာ မတူညီတဲ့အသံပါဝါတွေ ပိုင်ဆိုင်ကြတယ်။ အဲဒါကတော့ အန်ကယ်လည်း ဒီကလေးတွေကို ချီးကျူးတယ်။ အန်ကယ် အပြည့် အဝလက်ခံတယ်။ ဒါပေမယ့် လို အပ်မှုတွေလည်း ရှိကြပါတယ်။ သီ ဆိုတဲ့ ပညာအရည်အချင်း အတွေ့ အကြုံတွေ ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ အတွေ့ အကြုံကလည်း မတူညီကြဘူး။ အဲ အဆိုတော် တစ်ယောက်က သီချင်း တစ်ပုဒ်ကိုဆိုတဲ့ အခါမှာ ပုံပြင်တစ် ပုဒ်ပြောပြ သလို ဖြစ်နေရမယ်။ သီ ချင်းပေါ်လိုက်ပြီး ခံစားရတဲ့ ခံစား မှုကလည်း လိုအပ်တယ်။

ပြိုင်ပွဲဝင်တွေကို ထိထိမိမိ ဝေဖန် တဲ့အခါမှာ ပရိသတ်ဆီ ကပြန်လာ တဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး အန် ကယ် ပြောချင်တာများ ရှိပါ သလား။

ဒိုင်ဆိုတာက တရားသူကြီးပါ ပဲ။ တရားသူကြီး တစ်ယောက်က ဆုံးဖြတ်ချက် ချရမယ့် အလုပ်တစ် ခုကိုလုပ်တော့မယ် ဆိုရင် သနား ခြင်း၊ အားနာခြင်း၊ ချစ် ခြင်း ခေါင်းထဲ မထည့်ရ တော့ဘူးလေ။ စင်ပေါ် ကပြိုင်ပွဲဝင်က ကိုယ့် ကို အားပေးတဲ့သူ ကြိုက်တဲ့သူ၊ သူ က ကိုယ့်ကို မ ကြိုက်ဘူး ၊ အား မပေးဘူး အဲဒါတွေ ခေါင်းထဲ မထည့်ရ ဘူး။ ဘယ်သူတက်ဆို ဆို သူ့အသံနဲ့သူ။ သူ့ပညာအပိုင်း ကိုပဲ ကြည့်ပြီး ဆုံးဖြတ်ရမယ်၊ Yes  လား No လားရှင်း ရှင်းပဲ အဖြေပေးရမယ်။ အန်ကယ့် တစ်သက်တာ မှာ ဂီတလောကက အန် ကယ်နဲ့ အရင်းနှီးဆုံးပါ။ ဂီတမှူးလည်း လုပ်ဖူး တယ်။ ဂီတလောကမှာ လည်း ကြာခဲ့ပြီ။ အဲဒီ တော့ ဘယ်သူက ဘာလို အပ်လဲ ၊  ဘယ်သူက ဘယ်နေရာ မှာ မကောင်းသလဲ။ ဘယ်နေရာ တော့ တအားကိုကောင်းနေလဲ အန်ကယ်က ကွင်းကွင်း ကွက်ကွက် သိတယ်။ မြင်တယ်။ သိတဲ့အတိုင်း ရှင်းရှင်းလင်းလင်း ဘွင်းဘွင်းကြီး မပြောချင် တာတွေလည်း ရှိတယ်။ ဒါပေမယ့်တချို့တွေမှာ ပရိသတ် တွေ သဘောပေါက်အောင် ဆိုပြီး တော့ အန်ကယ် ပြောနေတာပဲ။ ဒါက ပုဂ္ဂိုလ်ရေး မပါပါဘူး။

အန်ကယ်က ပရိသတ် အပြောအဆို ကိုခံပြီးတော့ ပြိုင်ပွဲရလဒ်ကို ဝေ ဖန်ပေးတယ်နော်။

အန်ကယ် သီချင်းမဆိုခင်က တည်းက တကယ်တော်ပြီး အသံ ကောင်းတဲ့ အဆိုရှင်တွေအများကြီး ကို အန်ကယ် လေ့လာ တယ်။  နောက်ပိုင်း စိုင်းထီးဆိုင်၊ ထူးအိမ် သင် စတဲ့ အဆိုတော်ကြီးတွေက အစပါပဲ။ သူတို့ အသံ မတူကြပေ မယ့် အသံ ကောင်း ကြတာတွေကို လေ့လာတယ်။ အန်ကယ့်အာရုံထဲ မှာ ဒီ တေးသံရှင်ကြီးတွေရဲ့ အရည် အချင်းတွေကို လေးစားတယ်၊ ကြိုက်တယ်။ သူတို့လိုပဲ လူငယ် တွေကို ဖြစ်စေချင်တယ်။ အဲဒီလိုလူ တွေရဲ့ အရည်အချင်း လိုမျိုး ကိုယ့် မျိုးဆက်သစ်တွေကို ပြည့်မီစေချင် တယ်။ ဒီခေတ်မှာ ဒီကလေးတွေကို အရည်အချင်း ပြည့်မီစေချင်တယ်။ အဲဒါမှ ပြည်တန် ပတ္တမြားလို့ အ မည်ခေါ်ထိုက်မှာ။ မပြည့်မီဘဲ ဒီ သီချင်းလေး တစ်မျိုးပဲ ဆိုရင်တော့ ဒီကလေးဟာ သူ့ဂီတ သက်တမ်း တစ်လျှောက် ရေရှည်မှာ သူလျှောက် လို့ တောင့်တောင့် တင်းတင်းဖြစ် လာပါ့မလား။ အန်ကယ့် ဆန္ဒက ပြည်တွင်းမကဘဲ ပြည်ပမှာပါ တကယ်တော်တဲ့ မြန်မာပြည်က အဆိုတော်လို့ သိစေချင်တယ်။  အန်ကယ် လိုချင်တာ တကယ် အ ရည်အသွေး ကောင်းတဲ့ အဆိုတော်၊ ပြည်တန်ပတ္တမြားလို့ ခေါ်ထိုက် အောင်ကို လိုချင်တာ။ အဲဒီလို အ ရည်အချင်း ရှိတဲ့လူကို ပရိသတ် တွေလက်ထဲ ထည့်ပေးခဲ့ချင်တာ။ အန်ကယ့်ကိုယ် အန်ကယ် လည်း ပြန်ဆုံးမရတယ်။ သိပ်လောဘကြီး နေတယ်၊ မဖြစ်နိုင်တာကို မင်းက သိပ်လိုချင်နေသလား မေးရမလို ဖြစ်နေပြီ။ ဒါက အန်ကယ့် အသွေး ထဲ အရိုးထဲမှာရှိနေတဲ့ အနုပညာ စေတနာ၊ အနုပညာစိတ်ဓာတ်ပါ။ အဲဒီစေတနာနဲ့ လုပ်တယ်။ ရိုးရိုး စေတနာ နဲ့ ပြောလိုက် တယ်၊ အဲဒီ တော့ တေးချစ်သူ ပရိသတ်များ အ နေနဲ့လည်း သူတို့နှစ်သက် သလို ဝေဖန်ပြောဆိုခွင့် ရှိတယ်။ ဒါကို စိတ်ထဲမှာ ဘာမှမထားပါဘူး။

ပြိုင်ပွဲစင်ပေါ်မှာ ဆုမရဘဲ အိမ်ပြန် ခဲ့ရတဲ့ လူငယ်တွေအတွက် အန် ကယ် ဘယ်လို စကားမျိုးကို လက် ဆောင် ထည့်ပေးချင်ပါသလဲ။

ပြိုင်ပွဲတွေ အများကြီး လုပ်လာ ကြတယ်။ သီချင်းပြိုင်ပွဲ အပြင် အ ခြားပြိုင်ပွဲတွေလည်း ရှိကြပါတယ်။ ဆုမရလို့ စိတ်ဓာတ်ကျစရာ မလိုပါ ဘူး။ ဆုမရဘဲ ကမ္ဘာကျော်တာ တွေ အများကြီးပါပဲ။ အခု Myanmar Idol မှာ အန်ကယ်တို့ ဒိုင်သုံးဦးက နေ ဆန်ခါစစ်ပြီးတော့ ပတ္တမြား ဆယ်လုံးကို ရွေးချယ်ခဲ့တယ်။ ဒီ ဆယ်ယောက်က အန်ကယ်တို့ အ ဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြတ် ပြီးရွေးလိုက်တဲ့ အကောင်းဆုံး ဆယ် ယောက်ပါ။ ဒေါင်ဒေါင်မြည်ကြီး တွေပဲဟေ့လို့ ပြောရတာ ခက်သေးတယ်။ စိန်တုံးလေးဆယ်တုံး ကို ပြည် တန်ဖြစ်အောင် သွေး ရဦးမယ်။ သွေးရင်းနဲ့ အရည်အချင်း အခြေ အနေတွေက ပြောင်းလာဦးမှာပဲ။ သွေးရင်းနဲ့ ပဲ့မယ်၊ ပြောင်လာမယ်။ ဆယ်လုံးစလုံး စိတ်ကြိုက်ဖြစ်ချင် လည်းဖြစ်မယ်၊ တစ်လုံးက ဖြစ်ရင် လည်းဖြစ်မယ်။ သူတို့ ဖြတ်ကျော် ရဦးမယ့် စာမေးပွဲ အဆင့်တွေကို ကြည့်ပြီး သုံး သပ် လေ့လာတဲ့နေရာ မှာအန်ကယ်တို့နဲ့ မပြည့်စုံတဲ့အ တွက် တေးဂီတကို ချစ်မြတ်နိုးတဲ့ မိဘပြည်သူ ပရိသတ်တွေ ကို လည်း  ရွေးချယ်ပေးပါ ဆိုပြီးတော့ အန် ကယ်တို့စာမေးပွဲတွေ ဆက်ပြီးစစ် ပါတယ်။ သွေးရင်းနဲ့ ပွန်းပဲ့သွားတဲ့ ပတ္တမြားလေးတွေကို အန်ကယ် က တော့ စိတ်ဓာတ်မကျပါနဲ့ ပြောချင် တယ်။ ဒီနေရာကို ရောက်လာပြီဆို ကတည်းက တစ်တိုင်းပြည်လုံး မင်း တို့ကို သိသွားပါပြီ။ မင်းတို့အရည် အချင်းတွေကိုလည်း ဘယ်သူဘယ် ဝါ ဘယ်လိုဆိုတာ ပရိသတ်တွေ သိသွားကြပါပြီ။ အဲဒီတော့ အား ငယ်စရာ မလိုဘူး။  ဒီ ပြညောမှေိုသူ အဖွဲ့ကလည်း  ပတ္တမြားဆယ် လုံးစလုံးကို အချိန်အခါ အားလျော် စွာ ဖျော်ဖြေရေးပွဲ တွေမှာ ခေါ်ယူ ဦးမှာပါ။ အဲဒီလိုလုပ်ရင်း မင်းတို့ အရည်အချင်းနဲ့ လမ်းက ပွင့်နေဦး မှာပဲ။ အမေရိကန်မှာ နာမည်ကြီး တွေ ဒီဆုရလို့မဟုတ်ပါဘူး။ အဲဒီ တော့ စိတ်ဓာတ် မကျပါနဲ့။  ကျန် နေသေးတဲ့ စိန်တုံးလေးတွေလည်း ကိုယ့်အရည်အချင်း ဒီထက်လင်း လက်လာအောင် ဆက် ကြိုးစားပါ။ အားလုံးဝမလျှော့ပါနဲ့။

အဆိုတော် တစ်ယောက် လို့ ခေါ် ထိုက်တဲ့ အရည်အချင်းတွေကို လည်း ပြောပြပေးပါရှင့်။

အန်ကယ် ငယ်ငယ်ကဆို ကိုယ့် အတွေ့အကြုံအရ ဘာကြောင့်မြန် မာပြည်သိန်းတန်ကို အဆိုတော်လို့ သတ်မှတ်သလဲဆိုတာ သီချင်း စဆို တုန်းက အသံသွင်းပြီး အရင်ဆုံး တစ်ပုဒ်နှစ်ပုဒ် ထုတ်တယ်။ အဲဒီ မှာပရိသတ်က ‘ဟာ ဒီကောင်လေး အသံကောင်းတယ်၊ နားထောင်လို့ ကောင်းတယ်’၊ အဲဒါက နံပါတ်တစ် ပဲ။ ပြီးတော့ သူဆိုတာ စကားလုံး တွေ ရှင်းလင်းတယ်၊ တေးဂီတ လည်း ကောင်းတယ်။ အဲဒီတော့ အဆိုတော်ဆိုတာ နံပါတ်တစ် အသံ ကောင်းရမယ်။ အဆိုတော် ဆိုတာဟာ မိမိကိုယ်တိုင် ရုပ်ခွန်အားနဲ့ဗိုက် ထဲနေတစ်ဆင့် လည်ပင်းထဲကနေ အ သံထုတ်နိုင်ရမယ်။ တစ်ကိုယ်တော် ပွဲလုပ်ရင် ကိုယ်တိုင်ဆိုရမယ်။ ကိုယ် တိုင်မဆိုဖြစ်ဘဲနဲ့ မိုက်ခရိုဖုန်းကိုင် ပြီး တစ်မျိုး လုပ်နေမယ် ဆိုရင် သူ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်း ပရိ သတ်တွေထဲမှာ မေးစရာဖြစ်လာ တယ်။ ကိုယ် မလုပ်နိုင်တာကို လုပ် မိရင် ပရိသတ်က သိသွားရင် အင် မတန် အရှက်ရတယ်။

အန်ကယ် ဆက်လက် လုပ်ဆောင် သွားမယ့် အနုပညာလှုပ်ရှားမှု အ ကြောင်းလေးလည်း သိပါရစေ။

အန်ကယ်ကိုယ်တိုင် ရေးသား ထားတဲ့ ဗုဒ္ဓဘာသာ ဓမ္မတေးဆယ် ပုဒ်ကိုအခု အသံသွင်း နေပါတယ်။ အဲဒီအစီအစဉ် လုပ်ဖြစ်တာ ကတော့ အန်ကယ် အမေရိကန်မှာ နေက တည်းက ဝိပဿနာအကြောင်း တရားခွေ၊ သစ္စာလေးပါး တရားခွေ တွေနာဖြစ်တယ်။ ၃၁ ဘုံသတ္တဝါ တွေဟာ ဝဋ်ကောင်တွေ။ ဝဋ်ဒုက္ခ တွေ ခံနေရတယ်။ မွေး အို နာ သေ အဖန်တလဲလဲခံရတယ်။  အဲဒီ မွေး အို နာ သေ ဝဋ်ဒုက္ခ မရှိတဲ့ နေရာက တစ်နေရာပဲရှိတယ်၊ အဲဒါ က နိဗ္ဗာန်ပဲ။ အဲဒီနေရာကို မြတ် စွာဘုရားကလမ်းပြသွားပြီး အဲဒီလို သွားနိုင်ဖို့က လက်တွေ့မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင့်ပြီး၊ ဝိပဿနာကို လက်တွေ့ အားထုတ်ပြီးမှ ရောက် နိုင်မယ်။ မိမိကိုယ်တိုင်လုပ် ကြိုး စားအားထုတ်မှရမယ်။ အဲဒီတော့ အန်ကယ်က ကိုယ်သိတဲ့ အကြောင်း အရာကိုဝေမျှ ချင်တယ်။ အဆိုတော် ဖြစ်နေတော့ တေးသီချင်း အဖြစ် ဖန်တီးပြီး ကုသိုလ်ဖြစ်ဖြန့်ဝေ မယ်  မသေခင် လုပ်ဆောင်မယ်ဆို တဲ့စိတ် ဖြစ်ပေါ်လာတဲ့အတွက်  လုပ်လိုက်တာ ပါ။ နောက် တစ်ခုက တော့ မတ်လဆန်းမှာ အန်ကယ်နဲ့ အန်ကယ့်ဇနီးတို့  ဇာတ်ကားနောက် တစ်ကား ရိုက်မှာပါ။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*