ရွှေတိဂုံစေတီ လုံခြုံရေးအတွက် ခေတ်မီကိရိယာများ ၆ လအတွင်း အပြီးတပ်ဆင်မည်

ရွှေတိဂုံစေတီ လုံခြုံရေးအတွက် ခေတ်မီကိရိယာများ ၆ လအတွင်း အပြီးတပ်ဆင်မည်
March 1, 2017 Asian Fame

11:55 am
ရွှေတိဂုံစေတီ လုံခြုံရေးအတွက် ခေတ်မီကိရိယာများ ၆ လအတွင်း အပြီးတပ်ဆင်မည်

Shwe Dagon 1

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

ရွှေတိဂုံစေတီတော်ကြီး လုံခြုံရေးအတွက် ခေတ်မီအီလက်ထရောနစ်ကိရိယာများကို ၆ လအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

”ရွှေတိဂုံစေတီတော်ကို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းက ဖောက်ခွဲဖျက်ဆီးမယ်ဆိုပြီးတော့ သတင်းတွေရလို့ လုံခြုံအောင် နေ့ညမပြတ် အလင်းရောင် ရရှိအောင် လုပ်ဆောင်နေတယ်။ CCTV ကင်မရာတွေလည်း တပ်ဆင်သွားမယ်” ဟု ၎င်းက ဆိုသည်။ ထိုသို့ အီလက်ထရောနစ် စက်ကိရိယာများ တပ်ဆင်ရန်အတွက် ဂျပန်၊ ပြင်သစ်၊ အီတလီ နိုင်ငံတို့မှ နည်းပညာအဖွဲ့၏ အကူအညီကို ရယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ မတ်လတွင် ထိုအဖွဲ့များလာရန်ရှိကြောင်း ၎င်းက ပြောသည်။

”သူတို့ရဲ့ အကြံပြုချက်တွေကို ဂေါပကအဖွဲ့၊ ပြည်တွင်းက အတတ်ပညာရှင်တွေကယူပြီးတော့ ၃ လကနေ ၆ လအတွင်းမှာ ခေတ်မီစက် ကိရိယာတွေကို တပ်ဆင်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ ထိုသို့ ခေတ်မီကိရိယာများတပ်ဆင်ခြင်းကို ရွှေတိဂုံစေတီတော်အတွက် လှူဒါန်းမှုမှရရှိသော အလှူငွေများဖြင့် အသုံးပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*