ဦးကိုနီ လုပ်ကြံမှုနဲ့ပတ်သတ်ပြီး စွပ်စွဲ ပြောဆိုသူတွေကို တရားစွဲမယ့် လွှတ်တော် ကိုယ်စားလှယ်

ဦးကိုနီ လုပ်ကြံမှုနဲ့ပတ်သတ်ပြီး စွပ်စွဲ ပြောဆိုသူတွေကို တရားစွဲမယ့် လွှတ်တော် ကိုယ်စားလှယ်
February 27, 2017 Asian Fame

1:52 pm
ဦးကိုနီ လုပ်ကြံမှုနဲ့ပတ်သတ်ပြီး စွပ်စွဲ ပြောဆိုသူတွေကို တရားစွဲမယ့် လွှတ်တော် ကိုယ်စားလှယ်

lzt(နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၇) 

ဦးကိုနီ လုပ်ကြံမှုနှင့် ပတ်သတ်၍ ခေါ်စစ်ဆေးခံရသူ မိုင်းဖြတ် မဲဆန္ဒနယ်မှ ဦးလင်းဇော်ထွန်း က ၎င်းအပေါ် ဆက်လက်စွပ်စွဲမှု များပြုလုပ်ပါက တရား ဥပဒေကြောင်း အရ အရေးယူ သွားမည် ဖြစ်ကြောင်းပြောသည် ။  ဦးကိုနီ လုပ်ကြံမှုတွင် ပါဝင် ပတ်သတ်သူ တစ်ဦးဖြစ်သည့် ဇေယျာဖြိုးသည် ၂၀၁၆ ဧပြီလဆန်းခန့်တွင် ဦးလင်းဇော်ထွန်း ၊အောင်ဝင်းခိုင် တို့နှင့် အတူ တာမွေမြို့နယ် ရှိ မော်ဒန် လက်ဖက်ရည်ဆိုင်၌ မကြာခဏ တွေ့ဆုံစဉ် လူမှုကွန်ရက် များတွင် တွေ့နေရသည့် ဦးကိုနီ၏ ပြောဆို လုပ်ကိုင် ဆောင်ရွက်နေမှု များကို ပြောဆို ဆွေးနွေး ခဲ့ကြပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းမှ အစပြု၍ ယခုကဲ့သို့ လုပ်ကြံမှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ခြင်းဖြစ် သည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်း က ဖေဖော်ဝါရီ ၂၅ ရက် တွင် ပြောကြားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူ စစ်ဆေးခံရသူ ဦးလင်းဇော်ထွန်း က “ကျွန်တော့်အပေါ် ဆက်လက် စွပ်စွဲ လျှောက်ဖွနေမယ် ဆိုရင် ဥပဒေကြောင်း အရ ဆောင်ရွက်သွားမယ် ကျွန်တော် ပြည်ထဲရေးက ခေါ်စစ်တော့လည်းပြောခဲ့တယ် ၊ ကျွန်တော်ဘက် က အကုန်လုံး ဖြေပြီးပြီ”ဟု ပြောသည် ။  ထို့အပြင် ဦးကိုနီအား လုပ်ကြံရန် လက်ဖက်ရည်ဆိုင်တွင် တိုင်ပင်ခဲ့သည်ဟု သတင်း ထွက်ပေါ်နေမှု မှာလည်း မမှန်ကန်ကြောင်း သူ ကပြောသည် ။  “မဟုတ်ဘူး လက်ဖက်ရည် ဆိုင်မှာက သူတို့တင်မဟုတ်ဘူး ၊ ဗေဒင်ဆရာတွေတောင်ပါတယ် ၊ အဲ့ဒီသတင်းက မဟုတ်ပါဘူး ၊ နောက်ဆို လက်ဖက်ရည် ဆိုင်ထိုင်ဖို့တောင် စဉ်းစားရတော့မယ်”ဟု ဦးလင်းဇော်ထွန်း ကပြော သည် ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*