မန္တလေး ကလေးဆေးရုံမှ ကင်ဆာ ဝေဒနာသည်များ အတွက် အကူအညီများ လိုအပ်နေ

မန္တလေး ကလေးဆေးရုံမှ ကင်ဆာ ဝေဒနာသည်များ အတွက် အကူအညီများ လိုအပ်နေ
February 24, 2017 Asian Fame

12:30 pm
မန္တလေး ကလေးဆေးရုံမှ ကင်ဆာ ဝေဒနာသည်များ အတွက် အကူအညီများ လိုအပ်နေ

(မန္တလေး၊ ဖေဖော်ဝါရီ ၂၁)

မန္တလေး ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံကြီးတွင် ဆေးကုသ မှု ခံယူနေရသည့် ကင်ဆာ ဝေဒနာသည် များအတွက် အကူ အညီ များစွာ လိုအပ်နေကြောင်း သိရသည်။

အထူးသဖြင့် ကင်ဆာရောဂါ သည် ကလေးများအတွက် အာ ဟာရ လိုအပ်နေကြောင်း၊ ဆေးရုံ မှ နေ့စဉ် ထမင်းချက်ကျွေးနေ ရပြီး အလှူရှင်များ၏ အလှူငွေဖြင့် ကျွေးမွေး လာခဲ့သည်မှာ တစ်နှစ် ပြည့်ပြီ ဖြစ်ကြောင်း သွေးရောဂါ နှင့်ကင်ဆာဌာန တာဝန်ခံ ဆရာ ဝန်ကြီး ဒေါက်တာ ရီရီကျော်က ပြောသည်။

”တစ်နှစ်တစ်နှစ်ကို လူနာ ၅ဝ ကနေ ၆ဝ ကြား ရှိတယ်။ လူ နာခုတင် အရေအတွက် ၄ဝ ကျော် လောက်ပဲရှိတော့ တစ်ခါတစ်ရံ မှာ ကလေးတွေဟာ ခုတင်မရဘဲ နဲ့ ခုံတန်းလျားတွေပေါ် ဆေးသွင်း ရတာမျိုး၊ သွေးသွင်းရတာမျိုး ရှိတယ်။ ဒီကလေးတွေ အတွက် နေရာ လည်း လိုအပ်တယ်” ဟု ၄င်းက ပြောသည်။

မန္တလေး ကလေးဆေးရုံကြီး သွေးနှင့် ကင်ဆာ ဌာနကို ၂ဝ၁၁ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ် ပြီး ထိုစဉ်က တည်းက ပရဟိတ အသင်း များ၏ ရန်ပုံငွေ လှူဒါန်းမှု များဖြင့် ရပ်တည် ခဲ့ရကြောင်း သိရသည်။ သီးသန့်ဌာန တစ်ခု အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီး နောက် ပိုင်း သွေးကင်ဆာ၊ အကြိတ် ကင်ဆာ၊ အရိုးကင်ဆာ၊  ဦး နှောက်ကင်ဆာ အစ ရှိသဖြင့် ကင်ဆာ အမျိုးအစား ၁ဝ မျိုးခန့် ကုသပေးလျက် ရှိပြီး လာရောက် ကုသသည့် လူနာ အများစုသည် ငွေကြေး မတတ်နိုင် သူများသာ ဖြစ်၍ လူနာများ၏ စားဝတ်နေရေး ကအစ တာဝန် ယူနေရကြောင်း သိရသည်။

”မနှစ်က ကောက်ယူစာရင်း အရ လူနာ အရေအတွက် ၈ဝ ဖြစ်လာတယ် ဆိုတော့ ဒါတိုးလာ တာပါပဲ။ ဒါတွေကို ကျွန်မတို့က ထိရောက်တဲ့ ကုသမှုတွေပေးချင် ပါတယ်။ ပေးချင်တဲ့ အခါကျ တော့ သွေးကင်ဆာ ဆိုပြီးတော့ ဒီနေရာမှာတင် ရပ်မနေဘဲနဲ့ သူ့ရဲ့အမျိုး အစား ခွဲလေးတွေကို ထပ်ပြီး စစ်ဆေးဖို့ လိုလာပါတယ်။ အဲဒီအမျိုးအစား ခွဲလေးတွေ စစ် ဆေးတဲ့နေရာမှာ အပြင်ဓာတ်ခွဲ ခန်းတွေမှာ လုပ်မယ် ဆိုလို့ရှိရင် အမျိုးအစား တစ်မျိုးကို လေး သောင်းခွဲကျပ် နဲ့ ကလေးတစ် ယောက်ဟာ အနည်းဆုံး ၄ မျိုး စစ်မယ်ဆိုရင် တစ်သိန်းခြောက် သောင်း ကုန်သွားပါမယ်။ ဆေး ကုသဖို့တောင်မှ မတတ်နိုင်တဲ့ အခြေအနေ မှာ စမ်းသပ်ဖို့စစ် ဆေးဖို့ သူတို့ အတွက် တော်တော် လေးပဲ အခက်အခဲ ဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို အလ ကား လုပ်ပေးနိုင်ရင် ကောင်းမယ် ဆိုပြီးတော့ ဒီလို အလကားလုပ် ပေးမယ်ဆိုရင်လည်း ကိုယ့်ချည်း ပဲဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတော့ ပရဟိတ အဖွဲ့အစည်း တွေကနေ အလှူငွေလေးတွေ ကောက်ခံပါတယ်။ အခမဲ့ စမ်းသပ် စစ်ဆေးပေးသွားမယ် လို့ ရည်ရွယ်ထားပါတယ်” ဟု ၄င်းက ပြောသည်။

နိုင်ငံတော်မှ ကင်ဆာဝေဒနာ သည်များ အတွက် ကင်ဆာဆေး ဝါး ကျပ်သိန်း ခြောက်ရာ တန်ဖိုး အပြင် လိုအပ်သည့် ရန်ပုံငွေ တချို့လည်း ချထားပေးရာ ဆေးဝါးနှင့် ပတ်သက်၍ အခက် အခဲ မဖြစ်ရသော်လည်း အခြား ကုန်ကျစရိတ် များအတွက် အခက်အခဲ များစွာ ရှိနေသေး ကြောင်း သိရသည်။

ကင်ဆာ ဝေဒနာသည် ကလေး များအတွက် ကူညီလှူဒါန်းလို သူများ အနေနှင့် မန္တလေးခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံ ကြီး သွေး နှင့်ကင်ဆာ ဌာနသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*