ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းဆရာများ အစိမ်းရောင် မှတ်ပုံတင် လက်မှတ် မရ၍ အခက်ကြုံ

ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းဆရာများ အစိမ်းရောင် မှတ်ပုံတင် လက်မှတ် မရ၍ အခက်ကြုံ
February 24, 2017 Asian Fame

12:02 pm
ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းဆရာများ အစိမ်းရောင် မှတ်ပုံတင် လက်မှတ် မရ၍ အခက်ကြုံ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ)

ကိုယ်ပိုင်ကျောင်းများတွင် ဆရာအဖြစ် လုပ်ကိုင်လို သူများအား ပညာရေး ဝန်ကြီးဌာနမှ ကိုယ်ပိုင် ကျောင်းဆရာ မှတ်ပုံတင် လက် မှတ်၊ အစိမ်းရောင်ကတ် (Green Card) ကို အလွယ်တကူ ထုတ်ပေး ခြင်း မရှိသောကြောင့် အခက်ကြုံ နေကြရကြောင်း ပြင်ပကျူရှင် ဆရာ များက ပြောကြသည်။

”Green Card တစ်ခု ရဖို့အ တွက် အရမ်းခက်ခဲတယ်။ ကန့် သတ်ချက်တွေ အများကြီး ရှိတယ်။ ဘွဲ့တစ်ခုပဲရမယ် ဆိုရင် အနည်းဆုံး လုပ်သက် ၅ နှစ် ရှိရမယ်။ တစ်နှစ် တစ်ခါ ထောက်ခံစာ တစ်ရွက် ယူရ မယ်။ ထောက်ခံစာ ကလည်း ၅ ရွက် ပြည့်ရမယ်။ ထောက်ခံစာ ၅ ရွက်မပြည့်ရင် Green Card ကို ထုတ်မပေးဘူး။ အဲတော့ လုပ်သက် ရှိပြီး ထောက်ခံစာ မရှိတဲ့ ဆရာတွေ အကုန် နစ်နာကုန်တယ်” ဟု မြန် မာနိုင်ငံဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကျော်မင်းခန့် က ပြောသည်။

ပြင်ပ ကျောင်းဆရာများ အနေ ဖြင့် အစိမ်းရောင်ကတ် မရှိဘဲ ကိုယ် ပိုင်ကျောင်း များတွင် လုပ်ကိုင်ပါက ကိုယ်ပိုင်ကျောင်း ဥပဒေအရ အဆို ပါ ကျောင်းဆရာအား ထောင်ဒဏ် ၃ လမှ ၃ နှစ် အတွင်း ချမှတ်နိုင်ပြီး ကိုယ်ပိုင်ကျောင်း ကိုလည်း ပိတ် သိမ်းနိုင်သည်။

အစိမ်းရောင်ကတ် လျှောက် ထားရန် အတွက် လိုအပ်သော ထောက်ခံစာများ ကိုလည်း မြို့နယ် ပညာရေးမှူး များက အလွယ်အတူ ထုတ်ပေးခြင်း မရှိသည့်အတွက် လည်း ပြင်ပကျူရှင် ဆရာများမှာ အခက်ကြုံ နေကြရကြောင်း ဦးကျော် မင်းခန့်က ပြောသည်။

”မြို့နယ် ပညာရေးမှူးရုံးမှာ ထောက်ခံစာ သွားတင်တယ်။ တစ် ခါတလေမရဘူး။ တစ်ခါတစ်ခါကျ ရင် မြို့နယ် ပညာရေးမှူး အပြောင်း အရွှေ့တွေကြောင့် အဲဒီ ထောက်ခံ စာရွက်တွေက တိုင်း၊ ပြည်နယ် ပညာရေးမှူးရုံး တွေကို မရောက် လိုက်ဘူး”ဟု ၄င်းကပြောသည်။

အစိမ်းရောင်ကတ်ကို ပြည် တွင်း၊ ပြည်ပတက္ကသိုလ်မှ ပါရဂူ ဘွဲ့ရရှိသူ၊ ဆရာ အတတ်သင်ပညာ ဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက် မှတ်တစ်ခုခု ရရှိထားသူများနှင့် ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ် သည့် ဆရာ အတတ်ပညာ ရက်တို သင်တန်း လက်မှတ် ရရှိသူတို့က သာ လျှောက်ထားနိုင်ကြောင်း ကိုယ်ပိုင်ကျောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ရိုးရိုးဘွဲ့တစ်ခုသာ ရရှိထားသူများ အား ဆရာ အတတ်ပညာ ရက်တို သင်တန်း ဖွင့်လှစ် သင်ကြားပေးရန် လိုအပ်ကြောင်း ဦးကျော်မင်းခန့်က ပြောသည်။

”အချိန်အတိုင်းအတာ တစ်ခု အထိ သင်တန်း မဖွင့်ပေးရင် ကျွန် တော်တို့ အနေနဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ နဲ့ချိတ်ပြီး လွှတ်တော် ကနေ အဆိုတင်သွင်းတာ အထိ ဆက်လုပ်ရပါလိမ့်မယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ ဆရာအတတ်ပညာ ရက်တို သင်တန်းကို ပြီးခဲ့သည့် ၂ဝ၁၂  ခုနှစ်တွင် ရန်ကုန်ရှိ အထ က ၂ စမ်းချောင်း၌ တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ဖွင့် လှစ်ခြင်း မရှိတော့ကြောင်း ပြင်ပ ကျူရှင် ဆရာများက ပြောသည်။ ပြင်ပ ကျူရှင်လောကတွင် လုပ်သက် ၃၈ နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း လုပ်သက် ၅ နှစ်ပြည့် ထောက်ခံ လက်မှတ်နှင့် အစိမ်းရောင်ကတ် အလွယ်တကူ မရသဖြင့် ကိုယ်ပိုင် ကျောင်းများတွင် အလုပ်လုပ်ခွင့် မရဖြစ်နေကြောင်း အသက် ၆ဝ အရွယ် မြန်မာစာဆရာ ဦးနန်းဦး က ပြောသည်။

”ကျွန်တော်ပြောချင်တာက သင်တန်းဖွင့်ပါ။ အရည်အချင်းစစ် စာမေးပွဲစစ်ပါ။ အရည်အချင်းရှိမှ လက်မှတ် ထုတ်ပေး၊ မရှိရင် မထုတ် ပေးနဲ့ကျွန်တော်တို့ လက်ခံတယ်”ဟု ၄င်းက ပြောသည်။

ထို့အပြင် အစိမ်းရောင်ကတ် လျှောက်ထားမှုကိုလည်း နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လတို့တွင် ရက်သတ္တ နှစ်ပတ်ခန့်သာ အချိန်ပေး လျှောက်ထား ခွင့်ပြုသ ဖြင့် အဆိုပါရက်အတွင်း မမီပါက တစ်နှစ်ပြန်လည် စောင့်ဆိုင်းရသည့် အခက်အခဲလည်း ရှိကြောင်း ပြင်ပ ကျောင်းဆရာများက ပြောသည်။ မြန်မာ တစ်နိုင်ငံလုံး တွင် ကိုယ်ပိုင် ကျောင်းဆရာ မှတ်ပုံတင် လက်မှတ် အစိမ်းရောင်ကတ် မရရှိ ကြသည့် ပြင်ပကျူရှင်ဆရာ၊ ဆရာမ ပေါင်းသောင်း နှင့်ချီပြီး ရှိနေကြောင်း မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ အဖွဲ့ ချုပ်မှသိရသည်။

ကိုယ်ပိုင်ကျောင်း ဆိုင်ရာ ဥပ ဒေကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်က အ တည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၃ -၂ဝ၁၄ ပညာသင်နှစ်မှ စတင်ကာ ကိုယ် ပိုင်ကျောင်းများကို တရားဝင်တည် ထောင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*