ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း များကို မြန်မာနှင့် အိန္ဒိယ ပူးပေါင်း ဆောင်ရွက်တော့မည်

ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း များကို မြန်မာနှင့် အိန္ဒိယ ပူးပေါင်း ဆောင်ရွက်တော့မည်
February 23, 2017 Asian Fame

11:38 am
ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း များကို မြန်မာနှင့် အိန္ဒိယ ပူးပေါင်း ဆောင်ရွက်တော့မည်

Indian(နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁)

သန့်စင်ပြီး ရေနံစိမ်းများကို မြန်မာနိုင်ငံသို့ ရောင်းချရန် အိန္ဒိယ က အစီအစဉ်များ ချမှတ်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသည် အိန္ဒိယ အစိုးရနှင့် အရှေ့အာရှနိုင်ငံများ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်း အစီအစဉ်၏ ကဏ္ဍ တစ်ခုဖြစ်သ လို၊ မြန်မာနိုင်ငံတွင် လမ်းသစ်များ၊ စက်ရုံများနှင့် လေဆိပ် အသစ်များ ဆောက်လုပ် နေသဖြင့် လောင်စာ ဆီ လိုအပ် ချက် မြင့် မားနေခြင်း ကို ဖြည့်စွမ်းပေးခြင်း လည်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ ရေနံဝန်ကြီး ဒါမန္ဒြာ ပရာဒန်းသည်လည်း မြန်မာနိုင်ငံသို့ လုပ်ငန်း ဆိုင်ရာ လေ့လာခြင်း အဖြစ် ငါးရက်ကြာ ခရီးစဉ်ကို တနင်္လာ နေ့က စတင်ခဲ့ပြီ ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာ မိုဒီးကလည်း မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း အရှေ့အာရှ နိုင်ငံများ ဖွံ့ဖြိုးစေရေးတွင် ပိုမိုခိုင်မာသော ဆက်ဆံမှုကို လိုလားပါသည်။

ယခု ရေနံဝန်ကြီး ဒါမန္ဒြာပရာ ဒန်း၏ ယခုမြန်မာနိုင်ငံ အလည်အ ပတ် ခရီးစဉ်တွင်လည်း အိန္ဒိယနှင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတို့ ကိုဆက်သွယ်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် ကိစ္စကို ထည့်သွင်းဆွေးနွေးမည် ဟု မျှော်မှန်းရပါသည်။

ဒေါ်အောင်ဆန်းစုကြည် နယူး ဒေလီမြို့သို့ရောက်ရှိခဲ့ပြီး လအနည်း ငယ်အကြာတွင် အိန္ဒိယ ရေနံဝန်ကြီး ၏ မြန်မာနိုင်ငံ ခရီးစဉ် စတင်ခြင်း ဖြစ်သည်။

PN002
REF: India looks to expand energy ties with Myanmar

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*