တောင်ကြီး အင်းလေး အပါအဝင် ခရီးသွားဒေသများတွင် ဟိုတယ်သစ်ဆောက်လုပ်ခွင့်များ ဆက်လက် ခွင့်ပြုပေးနေ

တောင်ကြီး အင်းလေး အပါအဝင် ခရီးသွားဒေသများတွင် ဟိုတယ်သစ်ဆောက်လုပ်ခွင့်များ ဆက်လက် ခွင့်ပြုပေးနေ
February 23, 2017 Asian Fame

4:43 pm
တောင်ကြီး အင်းလေး အပါအဝင် ခရီးသွားဒေသများတွင် ဟိုတယ်သစ်ဆောက်လုပ်ခွင့်များ ဆက်လက် ခွင့်ပြုပေးနေ

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

တောင်ကြီး၊ အင်းလေး အပါအဝင် မြန်မာ့ခရီးသွားဒေသများတွင် ဟိုတယ် နှင့် တည်းခိုရိပ်သာသစ် ဖွင့်လှစ်မှုများကို ဆက်လက် ခွင့်ပြုပေးလျက်ရှိပြီး တား မြစ်ထားခြင်း လုံးဝမရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်း မောင်က ပြောသည်။

ဖေဖော်ဝါရီလ တတိယပတ်တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် စမ်း ချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ မေးခွန်းဖြစ် သော တောင်ကြီး၊ အင်းလေး၊ မန္တလေး နှင့် ပုဂံမြို့ (ရှေးဟောင်းနယ်မြေ မဟုတ် သည့်နေရာ) များတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း ရှိ မရှိ မေးမြန်းရာ ဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံမြို့များတွင် ၂ဝ၁၆ ခုနှစ် အောက်တို ဘာမှစ၍ ဟိုတယ်သစ်များ ဆောက်လုပ် ခွင့် မပြုတော့ကြောင်း သတင်းများ ထွက် ပေါ်ခဲ့ဖူးသည်။ သို့သော် ဟိုတယ်/ခရီး ဝန်ကြီးဌာနက ထိုသတင်းများကို ပြန် လည်ငြင်းဆို ထားခဲ့သည်။

”ဟိုတယ်နှင့် တည်းခိုရိပ်သာ ဆောက်လုပ်ရန်အတွက် ကြိုတင် ခွင့်ပြု မိန့်နှင့် လုပ်ငန်းလိုင်စင်များကို လုပ်ထုံး လုပ်နည်းများနဲ့အညီ စိစစ်ပြီး ဝန်ကြီးဌာန ရဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး တိုင်းမှာ ထည့်သွင်းဆွေးနွေးပြီး ခွင့်ပြု ပေးလျက်ရှိပါတယ်” ဟု ပြည်ထောင် စုဝန်ကြီးက ပြောသည်။

ဟိုတယ်နှင့် တည်းခိုရိပ်သာသစ်များ ဆောက်လုပ်ရန် ဝန်ကြီးဌာနသို့ ကြိုတင် တည်ဆောက်ခွင့် တင်ပြလာသောကြောင့် အစိုးရသစ်လက်ထက် ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလကုန် အထိ ၁ဝ လအတွင်း မန္တလေးမြို့တွင် ဟိုတယ်အသစ် ၄ လုံး ယခင် ဆောက် လုပ်ထားသော ဟိုတယ်မှ အခန်းတိုးချဲ့ သည့် ဟိုတယ် ၁ လုံးကို ကြိုတင် တည် ဆောက်ခွင့် ထုတ်ပေးခဲ့ပြီး ညောင်ရွှေ မြို့နယ်တွင် ဟိုတယ် ၃ လုံးကို ကြိုတင် တည်ဆောက်ခွင့် ထုတ်ပေးခဲ့ပြီး ဖြစ် ကြောင်း ၄င်းက ပြောသည်။

ထို့အပြင် တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး၊ မန္တလေးနှင့် ပုဂံမြို့ (ရှေး ဟောင်းနယ်မြေ မဟုတ်သည့်နေရာ) များတွင် ဟိုတယ် ၂၄ လုံး၊ တည်းခိုရိပ်သာ ၁၄ လုံး စုစုပေါင်း အခန်း ၁၂၇၁ ခန်းကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*