ရုပ်ရှင် ဖြတ်သန်းမှုသမိုင်းကြောင်းအား ဂီတပညာဖြင့် ပုံဖော်မည့် ‘သံစုံ ဂီတဖျော်ဖြေပွဲ’ ပြုလုပ်မည်

ရုပ်ရှင် ဖြတ်သန်းမှုသမိုင်းကြောင်းအား ဂီတပညာဖြင့် ပုံဖော်မည့် ‘သံစုံ ဂီတဖျော်ဖြေပွဲ’ ပြုလုပ်မည်
February 23, 2017 Asian Fame

4:41 pm
ရုပ်ရှင် ဖြတ်သန်းမှုသမိုင်းကြောင်းအား ဂီတပညာဖြင့် ပုံဖော်မည့် ‘သံစုံ ဂီတဖျော်ဖြေပွဲ’ ပြုလုပ်မည်

Auguster copyအိမ်စည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရုပ်ရှင်ခေတ်ဦးမှစ၍ ရုပ်ရှင် ဖြတ်သန်းမှုသမိုင်းကြောင်းအား ဂီတပညာဖြင့် ပုံဖော်မည့် NUAC Orchestra Cinematic Music Showcase 2017 (သံစုံဂီတ ဖျော် ဖြေပွဲ)ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဦးစီး၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် အမျိုးသားဇာတ်ရုံ၌ ပြုလုပ်သွား မည်ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်အနေဖြင့် ဂီတ ပညာဖြင့် ပုံဖော်သည့် NUAC Orchestra Cinematic Music Showcase 2017 ကျင်းပရခြင်းမှာ လူငယ်များ ဂီတပညာရပ်နှင့် ပတ် သက်၍ ပိုမိုသိမြင်စိတ်ပါဝင်စား လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပြီး ယခုပွဲသည် ဒုတိယအကြိမ် မြောက်လည်း ဖြစ်သည်။

ယခုပြလုပ်မည့် ဂီတဖျော်ဖြေ ပွဲကို ရုပ်ရှင်ခေတ်ဦး အသံတိတ် ခေတ်မှစ၍ယနေ့ခေတ်ကာလအထိ ထူးခြားသောတက်ဆက်မှုများဖြင့် အပိုင်လေးပိုင်းခွဲ၍ ပုံဖော်နိုင်ရန် အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဂီတပညာဌာန/ ဌာနမှူး ဦးမောင် မောင်ဇော်ထက်(အကယ်ဒမီဓီရာမိုရ်) မှ ဦးစီးသွားမည်ဖြစ်သည်။

တင်ဆက်မည့် အပိုင်းလေး ပိုင်းမှာ အသံတိတ်ရုပ်ရှင်ခေတ်ဦး၊Imaginary ၊ Romance ၊ Action ဟူ၍ဖြစ်ပြီး NUAC Orchestra သံစုံတီးဝိုင်းနှင့်အတူ တေးသံရှင် ကျားပေါက်၊ ဖြူဖြူကျော်သိန်းနှင့်ဲJ-me တို့ ပါဝင်အားဖြည့်သွား မည်ဖြစ်သည်။

ဖျော်ဖြေပွဲစတင် မည့် အချိန်မှာည ၇နာရီတွင်ဖြစ်သည်။NUAC Orchestra Cinematic Music Showcase 2017 အတွက် လက်မှတ်များမှာ ယူလိုပါက ၁၈၇၆ Center သို့ဆက်သွယ်ခြင်းဖြင့် လည်းကောင်း၊ မြန်မာပလာဇာရှိ အင်းဝစာအုပ်ဆိုင်တွင်လည်းကောင်း မှာယူနိုင်ပြီး လက်မှတ်ဈေးနှုန်း များမှာ ကျပ်ငါးသောင်း၊ လေး သောင်း၊ သုံးသောင်း စသည်ဖြင့် သတ်မှတ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*