မြန်မာနိုင်ငံတွင် လူဦးရေ ငါးသိန်းကျော်ခန့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ

မြန်မာနိုင်ငံတွင် လူဦးရေ ငါးသိန်းကျော်ခန့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ
February 23, 2017 Asian Fame

3:50 pm
မြန်မာနိုင်ငံတွင် လူဦးရေ ငါးသိန်းကျော်ခန့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ

မြန်မာ တစ်နိုင်ငံလုံးတွင် လူဦးရေ ငါး သိန်းကျော်မှာ လူသားချင်း စာနာမှု အကူ အညီများ လိုအပ်လျက် ရှိကြောင်း ကုလ သမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) ၏ စာရင်းအရ သိရ သည်။

အဆိုပါ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ လိုနေကြသည့် ဒုက္ခသည် များသည် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ် တို့မှ ဖြစ်ကြပြီး ရခိုင်ပြည်နယ် တွင် အများဆုံးဖြစ်သည်။ ဒုက္ခသည် များထဲတွင် အမျိုးသမီးနှင့် မိန်းကလေးများ၊ ၁၈ နှစ် အောက် ကလေး ငယ်များ၊ အသက် ၆ဝ အထက် သက်ကြီး ရွယ်အိုများ ပါဝင်ပြီး အမျိုးသမီးနှင့် မိန်း ကလေး ဒုက္ခသည် အရေအတွက်မှာ အ များဆုံးဖြစ်ကာ ကလေးသူငယ် ဒုက္ခသည် အရေ အတွက်မှာ ဒုတိယ အများဆုံးဖြစ် နေသည်ကို တွေ့ရသည်။

အမျိုးသမီးနှင့် မိန်းကလေး ဒုက္ခသည် အရေအတွက်မှာ ရခိုင်ပြည်နယ် တွင် ရခိုင် ပြည်နယ်ရှိ ဒုက္ခသည် များ၏ ၅၁ ရာခိုင် နှုန်း၊ ကချင်ပြည်နယ်တွင် ကချင်ပြည်နယ် ရှိ ဒုက္ခသည် များ၏ ၅၃ ရာခိုင်နှုန်း၊ ရှမ်း ပြည်နယ်တွင် ရှမ်းပြည်နယ်ရှိ ဒုက္ခသည် များ၏ ၅၃ ရာခိုင်နှုန်း ရှိသည်။

လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေသည့် ဒုက္ခသည် များသည် ရခိုင် ပြည်နယ်တွင် လေးသိန်းကျော်၊ ကချင်ပြည် နယ်တွင် တစ်သိန်းကျော်နှင့် ရှမ်းပြည် နယ်တွင် တစ်သောင်းကျော် ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ စာရင်းအရ သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့ တွင် ၂ဝ၁၁ ခုနှစ်မှ စတင်ပြီး ပြန်လည် အစပျိုးခဲ့သည့် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင် တို့အကြား တိုက်ပွဲများ ကြောင့် ဒေသခံများမှာ ဒုက္ခသည်များ အဖြစ်သို့ ရောက်သွားကြကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက် ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်း နေထိုင်သူများမှာ နေရပ်စွန့်ခွာ နေထိုင် ခဲ့ကြရပြီး ဒုက္ခ ရောက်ခဲ့ကြရသည်။

အဆိုပါ ဒုက္ခသည် ငါးသိန်းကျော် အထဲတွင် ပြည်တွင်း၊ ပြည်ပ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် လူဦးရေ ၂၁၈ဝဝဝ လည်း ပါဝင်ကြောင်း UNOCHA မှသိရ သည်။

ရခိုင်ပြည်နယ်မှ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ စွန့်ခွာ တိမ်းရှောင် ကြကြောင်း UNOCHA မှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံ အတွင်းမှ ဒုက္ခ သည်ပေါင်း ငါးသိန်းကျော်ကို ကူညီ ထောက်ပံ့ရန် အတွက် အမေရိကန် ဒေါ် လာ သန်းပေါင်း ၁၅ဝ ခန့် အသုံးပြုရမည် ဖြစ်ပြီး လူသားချင်း စာနာမှုဆိုင်ရာ မိတ် ဘက် အဖွဲ့အစည်း ၆၅ဖွဲ့ နှင့် ပူးပေါင်းပြီး ကူညီ သွားမည်ဖြစ်ကြောင်း သိရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*