မကွေးသို့ စီးပွားရေးဗီဇာဖြင့် လာရောက်သည့် ပြည်ပဧည့် များပြား

မကွေးသို့ စီးပွားရေးဗီဇာဖြင့် လာရောက်သည့် ပြည်ပဧည့် များပြား
February 23, 2017 Asian Fame

4:42 pm
မကွေးသို့ စီးပွားရေးဗီဇာဖြင့် လာရောက်သည့် ပြည်ပဧည့် များပြား

မေဇင်ဝင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မကွေးသို့ လာရောက်သော ခရီးသွား များတွင် စီးပွားရေးဗီဇာဖြင့် လာရောက်သူ များပြားလျက် ရှိကြောင်း ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်)မှ သိရသည်။

မကွေးတိုင်းတွင် ရွှေစက်တော်ဘေးမဲ့ တော၊ ဗိဿနိုး စသည်တို့ရှိသော်လည်း ပြည်တွင်းခရီးသွားများသာ အများဆုံး လာရောက်ကြပြီး နိုင်ငံခြားသားများမှာမူ စီးပွားရေးလုပ်ငန်းအတွက်သာ လာရောက် ကြသည်ဟု မကွေး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်ထွန်းက ပြောသည်။

”ဒီရက်ပိုင်းတော့ ပြည်တွင်းဧည့် အဝင်ပါးပါတယ်။ စီးပွားရေးမကောင်းတာ ကြောင့်လားတော့ မသိဘူး။ ဒါပေမယ့် နိုင်ငံခြားသားတွေတော့ လာကြတယ်။ တချို့ဆို ရက်ရှည် နေကြတာတွေတောင် ရှိပါတယ်” ဟု ၄င်းက ပြောသည်။

လာရောက်သည့် နိုင်ငံခြားသားများ မှာ ရေနံရှာဖွေရေး ကုမ္ပဏီများ၊ အူရီဒူး၊ တယ်လီနော စသည့် ဆက်သွယ်ရေးလုပ် ငန်းများမှ ဝန်ထမ်းများဖြစ်ကြောင်း သိရ သည်။

မကွေးရှိ ထိန်ထိန်သာဟိုတယ်မှ တာ ဝန်ရှိသူ တစ်ဦးက ”ကျွန်မတို့ဆီမှာ အ လည်အပတ်နဲ့ လာရောက်တည်းခိုသူ တစ် ခါတလေတော့ ရှိပါတယ်။ အထူးသဖြင့် စီးပွားရေးသမားတွေပဲ များတယ်။ အခုဆို လည်း ရေနံကုမ္ပဏီက ပိုလန်နိုင်ငံသား တွေ ရက်ရှည် လာရောက် တည်းခိုနေကြ တာတွေ ရှိပါတယ်” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် သဘာဝ အခြေခံခရီးသွား လုပ်ငန်းအဖြစ် လုပ် ဆောင်ရမည့် နေရာများစွာ ရှိနေသော် လည်း မကွေးတွင် အခြေစိုက်ကာဧည့် သည်များကို ပို့ဆောင် ပေးမည့်သူ မရှိ ခြင်းမှာ အားနည်းချက်တစ်ခု ဖြစ်နေ ကြောင်း ဦးကြည်ထွန်းက ပြောသည်။ လက်ရှိတွင် မကွေးဟိုတယ်ဇုန်၌ ဟိုတယ်အလုံး ၃ဝ ရှိသည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*