11:27 am

(အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၁)
ပါကစ္စတန်နိုင်ငံ အနောက်မြောက် ပိုင်းရှိ တရားရုံး တစ်ရုံးကို အသေခံ ဗုံးခွဲရန် ကြံစည်သူများအား အသေ ဖမ်းဆီးရမိကြောင်း သိရ သည်။
အသေခံ ဗုံးခွဲသူများသည် ပါ ကစ္စတန်နိုင်ငံ အနောက်မြောက် ပိုင်း၊ ချာဆက်ဒါ ခရိုင်ရှိ တရားရုံး ပရိဝုဏ် အတွင်းသို့ ဝင်ရောက်၍ ဖောက်ခွဲရန် ကြိုးပမ်း အားထုတ်ရာ တွင် ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားရာ အသေခံ ဗုံးခွဲသူ သုံးဦးကို အသေ ဖမ်းဆီးရမိပြီး၊ ၁၅ ဦးခန့် ဒဏ်ရာ ရရှိကြောင်း အာဏာပိုင် အဖွဲ့က တရားဝင် ပြောကြားသည်။
ထိုဖောက်ခွဲရန် ကြံစည်မှုကို ပါကစ္စတန် တာလီဘန် အကြမ်းဖက် အဖွဲ့တစ်ခုဖြစ်သော ဂျမတ်အာရာ အဖွဲ့က သူတို့၏ ကြံစည် မှုဖြစ် ကြောင်း ကြေညာခဲ့သည်။
ယခုဖောက်ခွဲရန် ကြံစည်မှုဝယ် အသေခံ ဗုံးခွဲသူတို့သည် သေနတ် များပစ်ခတ် ၊လက်ပစ်ဗုံးများ ဖောက် ခွဲ၍ တရားရုံး ပရိဝုဏ် တွင်းသို့ ဝင် ရန် ကြိုးစားကြခြင်း ဖြစ်သည်။ မျက်မြင် ကိုယ်တွေ့ ကြုံရသူ တစ်ဦးကမူ သေဆုံးနေသည့် ရုပ်အလောင်းများ စွာ တွေ့ခဲ့ရကြောင်း ဆိုသည်။
”ကျွန်တော်က စားသောက် ဆိုင်ဘက်ကိုပြေး၊ နံရံကို တွယ်တက် ပြီး သေပြေး ရှင်ပြေးပြေးလို့ လွတ် လာခဲ့တာ။ ဒါပေမယ့် သေကြဒဏ် ရာ ရကြတာတွေ မနည်းဘူးထင် တယ်”ဟု ဒေသခံ တစ်ဦးဖြစ်သူ မိုဟာမက် ရှားဘက်ဇ်က ပြောသည်။
ပါကစ္စတန် နိုင်ငံသည် အစ္စ လာမ်မစ် အကြမ်းဖက် အဖွဲ့မျိုးစုံ၏ အသေခံ ဗုံးခွဲမှု များကို ရင်ဆိုင်နေ ရသော နိုင်ငံဖြစ်သည်။
PN002
ref: ‘Suicide bombers killed’ after targeting Pakistan court