ကိုရီးယားနိုင်ငံရှိ ကမ်းနီးငါးဖမ်းစက်လှေများတွင် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုမည်

ကိုရီးယားနိုင်ငံရှိ ကမ်းနီးငါးဖမ်းစက်လှေများတွင် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုမည်
February 23, 2017 Asian Fame

11:51 am
ကိုရီးယားနိုင်ငံရှိ ကမ်းနီးငါးဖမ်းစက်လှေများတွင် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုမည်

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ

ကိုရီးယားနိုင်ငံရှိ ကမ်းနီး ငါးဖမ်း စက်လှေများတွင် သွား ရောက် လုပ်ကိုင်နိုင်ရန် ခွင့်ပြု ပေးမည် ဖြစ်ပြီး အလုပ်ခေါ်စာ များ ရှိပါက တင်ပြပေးရန် အ လုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနမှ မြန်မာ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များ အသင်းချုပ် MOEAF သို့ ပြောကြားထားကြောင်း သိရ သည်။

”ဒါနဲ့ပတ်သက်ပြီး အေဂျင် စီ တစ်ခုက ကျွန်တော်တို့ဆီကို အလုပ်ခေါ်စာ လာတင်တယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ရေ လုပ်ငန်းကုမ္ပဏီတစ်ခု နဲ့ ဒီက အေဂျင်စီနဲ့ သဘောတူ စာချုပ် ချုပ်ပြီး အလုပ်သမား လွှတ်မှာပါ။ ဒါကလည်း စိစစ် နေတုန်း အခြေအနေပါ ပဲ။ အ ရင်လွှတ်နေတဲ့ ကုန်ထုတ်လုပ် ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ရဲ့ MoU ထဲမှာ အခု ကမ်းနီး လုပ်ငန်းနဲ့ပတ်သက်ပြီး မပါတဲ့ အတွက် သီးသန့်စာချုပ်နဲ့ သွား ရမှာပါ” ဟု အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရွှေ့ပြောင်း လုပ်သားရေးရာဌာ နမှ ညွှန် ကြားရေးမှူး ဦးသိန်းဝင်းက ဆို သည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်အတွင်းက ပြု လုပ်သော ဝန်ကြီးဌာနနှင့်MOEAF  တို့ ကြား အစည်းအ ဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ကိုရီးယား နိုင်ငံရှိ ကမ်းနီး ငါးဖမ်းစက်လှေ များတွင် သွားရောက် လုပ်ကိုင် နိုင်ရ န် ခွင့်ပြုပေးမည် ဖြစ်ပြီး အလုပ်ခေါ်စာများရှိပါက တင် ပြပေးရန် မြန်မာပြည်ပအလုပ် အကိုင် ဝန်ဆောင်မှု လုပ်ငန်း ရှင်များ အသင်းချုပ် MOEAF  သို့ ပြောကြားခဲ့ကြောင်း သိရ သည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ MOEAF တွဲဖက်အတွင်းရေး မှူး ၂ ဦးမြတ်သူက ”ဒါပထမဦး ဆုံးပါပဲ။  MoU  နဲ့ပဲ လွှတ်မှာပါ။ အရင် ကတော့ကိုရီးယားနဲ့ ပတ် သက်ရင် အလုပ်သမား ဝန်ကြီး ဌာနကပဲ   လွှတ်ခဲ့တာ။ အခု တော့ အပြင်အေဂျင်စီတွေကို ခွင့်ပြုပေးတာ” ဟု ဆိုသည်။

ယခင်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီး ဌာနလက် အောက်တွင် ကိုရီးယားသို့ အ လုပ်သမား ပို့ဆောင်ရေးနှင့် ပတ်သက်၍ ဌာနတစ်ခုဖွဲ့စည်း ကာ ညွှန်ကြားရေးမှူး တစ်ဦးက တာဝန်ယူလျက် ကိုရီးယားသို့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍သာ အလုပ်သမားများ ပို့ဆောင် လျက် ရှိခဲ့သည်။

ယခုမူ ပထမဦးဆုံးအနေ ဖြင့် ကိုရီးယားသို့ ကမ်းနီးငါး ဖမ်းစက်လှေ အလုပ်သမား ပို့ ဆောင်ခွင့်ကို ခွင့်ပြုရန် စီစဉ် ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာနမှ သိ ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*