မူးယစ်ဆေး သုံးစွဲသူများကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အစိုးရထံတောင်းဆိုမည်

မူးယစ်ဆေး သုံးစွဲသူများကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အစိုးရထံတောင်းဆိုမည်
February 22, 2017 Asian Fame

12:09 pm
မူးယစ်ဆေး သုံးစွဲသူများကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အစိုးရထံတောင်းဆိုမည်

Drug copy

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ

မူးယစ်ဆေးဝါး သုံးစွဲသူများ ကို ပြစ်ဒဏ်များလျှော့ပေါ့ပေးရန် အစိုးရသို့ တောင်းဆိုမည်ဖြစ် ကြောင်း မူးယစ်ဆေးဝါးမူဝါဒ       ပြောင်းလဲခြင်း ထောက်ခံဆွေး နွေးရေးအဖွဲ့DPAG  (မြန်မာ) မှ သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများ ၏ ကျန်းမာရေးအန္တရာယ်လျှော့ ချရေးနှင့် မိမိဆန္ဒအလျောက် ကုသမှုခံယူရေး ဝန်ဆောင်မှုများ ကို လက် လှမ်းမီသလောက် မြှင့် တင်ပေးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သည့် အသေး စား တောင်သူများ ကို ရာဇဝတ် ကြောင်းအရ အရေးယူမှုကို အဆုံးသတ်ပေးရန်နှင့် အကြီး စား မူးယစ်ဆေးဝါး ထုတ်လုပ် မှုနှင့် ကုန်ကူးမှုများကို ဦးတည် ပစ်မှတ်ထားရန် စသည့် အချက် များပါဝင်မည်ဖြစ်ကြောင်း မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲ ခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့
DPAG    (မြန်မာ) မှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်နန်းပန်းအိခမ်းက ပြောသည်။

”မြန်မာနိုင်ငံမှာပဲ ဖြစ်ဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မူးယစ် ဆေးဝါး ပြဿနာတွေကတော့ ရှိ နေမှာဖြစ်ပါတယ်။ မူးယစ်ဆေး ဝါးပပျောက် မယ်ဆိုတဲ့ ဦးတည် ချက်က နည်းနည်းအလှမ်းဝေးပါ တယ်။ ဒါတွေနဲ့စာရင် လက်တွေ့ လည်းကျမယ်။ သိပ္ပံနည်းကျလည်း ဖြစ်မယ်။ အထောက်အထားအခြေ ပြုဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ပြည်သူလူထု ဘေးကင်းလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဒီလိုနည်းလမ်း တွေနဲ့ ချဉ်းကပ်သွားမယ်ဆိုရင် မူးယစ်ဆေးဝါးပြဿနာ လျော့ကျ သွားမှာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ဘိန်းစိုက် တောင်သူ ဦးလော်လိမ်က ”ဘိန်း ကတော့ မကောင်းဘူး ပြောကြပါ တယ်။ ကျွန်တော်တို့ကတော့ မသုံး စွဲပါဘူး။ မသုံးစွဲတဲ့အတွက်ပိုက်ဆံ ပဲရပါတယ်။ ဒါပေမယ့်လည်း ထိ ခိုက်တယ် ဘာညာ ဖြစ်နေတော့ လည်း သူတို့အတွက်က မကောင်း ဘူး။ ဘိန်းမစိုက်ရင် ဒီဒေသမှာ အခက်အခဲတွေ ဘယ်လို ဖြေရှင်း ရမယ်ဆိုတာကိုမသိ ဘူး။ နိုင်ငံ တော် ကို တော်လှန်ခြင်း မဟုတ်ပါ ဘူး။ မိသားစုစားဝတ်နေရေး အတွက် စိုက်ခြင်းဖြစ်ပါတယ်။စိုက်တဲ့သူတိုင်း ချမ်းသာတာတော့ မဟုတ်ပါဘူး။ ဆင်းရဲကြပါတယ်။ ဒါ့အပြင် အစိုးကတရားဝင်စိုက်ခွင့် ပေးရင်ကောင်းပါတယ်” ဟု ပြော သည်။

ထို့အပြင် တားဆီးလုပ်ငန်း များဆောင်ရွက်ရာတွင် အသေး စားတောင်သူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို အဓိကထားပစ်မှတ် မထားဘဲ အမှန်တကယ်အကြီးစား ရောင်းဝယ်ဖောက်ကားသူများကို သာ အဓိကထား ဦးတည်သင့်ပါ ကြောင်း ဒေါ်နန်းပန်းအိခမ်း က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ မူးယစ် ဆေးဝါး အကြောထဲထိုးသွင်းသူ သုံးဦးလျှင်တစ်ဦးသည် အိပ်ခ်ျ အိုင်ဗွီကူးစက်ခံထားရသူဖြစ်ပြီး အကြောထဲ ထိုးသွင်းမှုကြောင့် ကူးစက်နှုန်းမှာ သာမန်ပြည်သူများ ကြား ကူးစက်ပြန့်ပွားမှုနှုန်းထက် ၄၈ ရာခိုင်နှုန်း ပိုမိုမြင့်မားလျက်
ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေး ဝါးဆန့်ကျင်ရေးအသင်းမှ တာဝန် ခံဖြစ်သူ ဒေါက်တာဒေါ်မိမိခိုင် ဇင်က ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်း အသုံးပြုမှု များပြားနေသည့် ကချင်ပြည်နယ် ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ မူးယစ်ဆေးဝါး သုံးစွဲသူများ အတွက် မြန်မာနိုင်ငံကျန်းမာရေး ဌာနနှင့် အားကစားဝန်ကြီးဌာန သည် သီးသန့်ကျန်းမာရေးဝန် ဆောင်မှုများပေးနေသော်လည်း လုံလောက်မှုမရှိကြောင်း ၄င်းက ဆိုသည်။

ကချင်ပြည်နယ် အတွင်းရှိ အချို့သောနေရာများ၌ မူးယစ် ဆေးဝါးအကြောထဲ ထိုးသွင်းသူ နှစ်ဦးလျှင် တစ်ဦးနီးပါး အိပ်ခ်ျ အိုင်ဗွီနှင့် ထိခိုက်လွယ်သည့် အုပ်စုတွင် နေထိုင်လျက်ရှိ ကြောင်း၊ ဘိန်းအခြေခံ ဆေးဝါး များအပေါ်တွင် မှီခိုနေသော မူးယစ်ဆေးဝါးသုံးစွဲသူများကို ကုသရန်အတွက် မက်သဒုံးဆေး ရယူနိုင်မှုသည် လုံလောက်မှု မရှိကြောင်း မူးယစ်ဆေးဝါးမူဝါဒ ပြောင်းလဲခြင်း ထောက် ခံဆွေး   နွေးရေးအဖွဲ့ (DPAG ) မြန်မာ မှ သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ် ဆေး ဝါးသုံးစွဲသူဦးရေ စုစုပေါင်း မည်မျှရှိသည်ကို တွက်ချက်ထား သည့် ကိန်းဂဏန်း အချက် အလက်များ မရှိသော်လည်း မူးယစ်ဆေးဝါး အကြောထဲထိုး သွင်းအသုံးပြုသူ အရေအတွက် ဆက်လက်မြင့်မားနေကြောင်း မူးယစ်ဆေးဝါးမူဝါ ဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (DPAG )  မြန်မာစစ်တမ်းမှ ထောက်ပြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*