ရွှေပြည်နန်းသနပ်ခါးတွင် ခဲဓာတ်များစွာ ပါဝင်သည်ဆိုသည်မှာ မဟုတ်မှန်ဟု ကုမ္ပဏီ ဥက္ကဋ္ဌပြော

ရွှေပြည်နန်းသနပ်ခါးတွင် ခဲဓာတ်များစွာ ပါဝင်သည်ဆိုသည်မှာ မဟုတ်မှန်ဟု ကုမ္ပဏီ ဥက္ကဋ္ဌပြော
February 22, 2017 Asian Fame

4:57 pm
ရွှေပြည်နန်းသနပ်ခါးတွင် ခဲဓာတ်များစွာ ပါဝင်သည်ဆိုသည်မှာ မဟုတ်မှန်ဟု ကုမ္ပဏီ ဥက္ကဋ္ဌပြော

သီဟ
ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁

ရွှေပြည်နန်း သနပ်ခါးတွင် ခဲ ဓာတ်များစွာပါဝင်သည်ဟု သတင်း များထွက်ပေါ်နေမှုနှင့် ပတ်သက် ၍ အဆိုပါသတင်းများမှာ ဟုတ် မှန်ခြင်းမရှိကြောင်း ရွှေပြည်နန်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မင်းက ရန် ကုန်မြို့ Orchid  ဟိုတယ်တွင် ဖေ ဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကျန်းမာရေးဝန် ကြီးဌာနပိုင် ဝက်ဘ်ဆိုက်ပေါ်၌ ရွှေပြည်နန်းသနပ်ခါးတွင် ခဲဓာတ် ပါဝင်နိုင်သည်ဟုဆိုကာ ရွှေပြည် နန်းဓာတ်ပုံနှင့် တင်ပြခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရှိ TUV Rheinland  ဓာတ်ခွဲခန်းတွင်
စစ်ဆေးခဲ့ပြီး ခဲဓာတ်ပါဝင်မှုနှုန်း သည် တစ်သန်းပုံ ပုံလျှင် နှစ်ပုံ ကျော်သာ ပါဝင်သည်ဟူသော ထောက်ခံ့ချက်ဖြင့် တင်ပြခဲ့ရာ ၉ ရက်၊ ဇွန်လ၂ဝ၁၆ ခုနှစ်တွင် အ မေရိကန်ပြည်ထောင်စု နယူး ယောက်မြို့၏ ကျန်းမာရေးဝန်ကြီး ဌာနမှ မှားယွင်းစွာဖော်ပြချက်ကို ကျေနပ်စွာ ရုပ်သိမ်းပေးခဲ့သည်ဟု ရွှေပြည်နန်းမှ အကြံပေးဒါရိုက်တာ ကို ခိုင်လင်းကပြောသည်။

ယခုအခါ လူမှုကွန်ရက်ပေါ် တွင် နယူးယောက်မြို့၏ ဆေးရုံ တစ်ရုံ၌ ရွှေပြည်နန်းသနပ်ခါးတွင် ခဲပါဝင်မှုများပြားသည်ဟု ဖော်ပြ ထားပြီး ပြည်သူများအကြား အ ထင်မှားမှုများ ပေါ်ပေါက်ခဲ့သဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖြေရှင်းခြင်းဖြစ်သည်။

”ကျွန်တော်တို့အနေနဲ့တော့ တရားစွဲဆိုမှုတွေ ပြုလုပ်မှာမဟုတ် ပါဘူး။ နိုင်ငံတကာကိုထိုးဖောက်ဖို့ ရည်ရွယ်ထားတာကြောင့် သုံးစွဲ သူ တွေကို အမြင်မမှားစေချင်လို့ ရှင်း လင်းပွဲလုပ်တာပါ။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လက်မှတ် တွေလည်း ကျွန်တော်တို့ဆီမှာ ရှိ ပြီးသားပါ”ဟု အကြံပေးဒါရိုက်တာ ကို ခိုင်လင်းက ပြောသည်။

ရွှေပြည်နန်းတွင် ခဲပါဝင်မှု များပြားသည်ဟူသော သတင်းကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ထား သောပုံသည် သက်သေအထောက် အထားပြရန် မခိုင်လုံသောပုံသာ ဖြစ်ပြီး ယင်းပုံတွင်ပါဝင်သော တံ ဆိပ်သည် ဘီဆစ်ဝမ်းတူး အမှတ် တံဆိပ်သာဖြစ်ပြီး နယူးယောက် မြို့၏ဆေးရုံတစ်ရုံဟု ဖော်ပြချက် မှာလည်း မှန်ကန်မှု ရှိမရှိ မသိ နိုင်ကြောင်း ရွှေပြည်နန်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*