ရန်ကုန်တိုင်းလွှတ်တော်သို့ တိုင်ကြားစာများတွင် တရားရုံးများ၌ အဂတိလိုက်စားသည့်ကိစ္စ အများဆုံး ဖြစ်နေ

ရန်ကုန်တိုင်းလွှတ်တော်သို့ တိုင်ကြားစာများတွင် တရားရုံးများ၌ အဂတိလိုက်စားသည့်ကိစ္စ အများဆုံး ဖြစ်နေ
February 22, 2017 Asian Fame

2:19 pm
ရန်ကုန်တိုင်းလွှတ်တော်သို့ တိုင်ကြားစာများတွင် တရားရုံးများ၌ အဂတိလိုက်စားသည့်ကိစ္စ အများဆုံး ဖြစ်နေ

Yangon Hulttaw copy

လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ

ရန်ကုန်တိုင်း လွှတ်တော်ရေး ရာကော်မတီများသို့ တစ်နှစ်တာ ကာလအတွင်း တိုင်ကြားကြသည့် တိုင်ကြားစာများတွင် တရားရုံးများ ၌ အဂတိလိုက်စားသည့်ကိစ္စ တိုင် ကြားစာမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းလွှတ်တော်တရား ရေး၊ ဥပဒေစိုးမိုးရေး၊ တိုင်ကြားစာ များ၊ အသနားခံစာများ စိစစ်ရေး ကော်မတီသို့ တိုင်ကြားကြသည့် တိုင်ကြားစာပေါင်း ၂ဝဝ ကျော် ခန့်ရှိသည့်အနက် သုံးပုံတစ်ပုံခန့် မှာ တရားရုံးတွင်း အဂတိလိုက်စား သည့်ကိစ္စ တိုင်စာများဖြစ်ကြောင်း ယင်းကော်မတီမှ အဖွဲ့ဝင် ဦးကျော် ကျော်ထွန်းက ပြောသည်။

”တရားရုံးတွေမှာ တရားသူ ကြီးတွေက လာဘ်စားပြီး မတရား စီရင်ချက်ချတဲ့ကိစ္စတွေ တရားသူ ကြီးတွေ အဂတိလိုက်စားတဲ့ ကိစ္စ တွေကို အများဆုံးတိုင်ကြပါတယ်။ ရှေ့နေတွေ ဥပဒေနားလည်တဲ့သူ တွေက လိမ်စားကြတဲ့ ကိစ္စတွေ လည်း ပါပါတယ်”ဟု
ဦးကျော် ကျော်ထွန်းက ပြောသည်။

အဆိုပါ တရားရုံးအတွင်း အဂတိလိုက်စားသည့် ကိစ္စများ သည် စည်ပင်သာယာနယ်နိမိတ် ပြင်ပ မြို့နယ် များတွင် အဖြစ်များ ပြီး တွံတွေး၊ သုံးခွတို့တွင် အများ ဆုံးဖြစ်ကြောင်း ၄င်းကဆက်ပြော သည်။ တရားရုံးတွင် အမှုရင်ဆိုင် နေကြရသူများအနေဖြင့် အမှုစစ် ရဲ၊ မှုခင်းဆရာဝန်နှင့် တရားသူကြီး တို့ကို ငွေကြေးများ ပေးနေကြရပြီး ဥပဒေနားမလည်သော ပြည်သူများ အား အခွင့်ကောင်းယူကာ လာဘ် စားမှု များလည်းရှိနေကြောင်း ၄င်း ကဆက်ပြောသည်။

ဦးကျော်ကျော်ထွန်းက ”အမှု တစ်ခုဖြစ်ပြီဆိုရင် အမှု ရင်ဆိုင်ဖို့ ပိုက်ဆံအရင်ရှာကြရတယ်” ဟု ပြောသည်။ ယင်းအပြင် လွှတ် တော်သို့ တိုင်ကြားကြသည့် တိုင် ကြားစာများတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် အိမ်ခြံ   မြေဆိုင်ရာ အငြင်းပွားမှုများသည် လည်း ဒုတိယအများဆုံးဖြစ်နေ ကြောင်း ရန်ကုန်တိုင်းလွှတ်တော် တရားရေး၊ ဥပဒေစိုးမိုးရေး၊ တိုင် ကြားစာများ၊ အသနားခံစာများ စိစစ်ရေးေ က်ာမတီမှ သိရသည်။

”အုပ်ချုပ်ရေးမှူးတွေ၊ ငွေ ကြေးချမ်းသာသူတွေက အာဏာ ပိုင်တွေနဲ့ ပူးပေါင်းပြီး မိသားစု ပိုင်လယ်ယာမြေတွေကို မတရား သိမ်းယူ တာတွေ၊ ပြီးရင် ပေါင်နှံ ထားကြတဲ့ အိမ်ခြံတွေကို အပိုင် သိမ်းယူတာတွေ ရှိပါတယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

ယင်းအပြင် မိသားစုအဆက် ဆက်ပိုင်ဆိုင်ခဲ့ကြသော အိမ်ခြံများ မှာ အထောက်အထားမရှိသည့် အတွက် ဆုံးရှုံးခံရသည့် ဖြစ်စဉ် များလည်းရှိခဲ့ကြောင်း တိုင်ကြား စာများအရ သိရသည်။ ပြည်သူ များ အနေဖြင့် အမှုရင်ဆိုင်ရာတွင် မတရားစီရင်ချက်ချမှတ်ခြင်းများ ခံရမည်ကို စိုးရိမ်ကြသည့်အတွက် ကြောင့်လည်း တိုင်ကြားစာများ တိုင်ကြားကြကြောင်း ဦးကျော် ကျော်ထွန်း ကပြောသည်။

”ပြည်သူတွေက မတရားခံရ မှာကို ကြောက်နေကြတယ်။ တရားသူကြီး တွေကလည်း အရင် တုန်းက အတိုင်းပဲ မပြောင်းလဲ ကြသေးဘူး” ဟု ၄င်းက ပြောသည်။

တိုင်ကြားလာကြသည့် အ ကြောင်းအရာများကို ရန်ကုန်တိုင်း လွှတ်တော်တရားရေး၊ ဥပဒေစိုးမိုး ရေး၊ တိုင်ကြားစာများ၊ အသနားခံ စာများစိစစ်ရေးကော်မတီက စောင့် ကြည့်လျက်ရှိပြီး မဟုတ်မမှန်စီရင် ချက် ချမှတ်ခဲ့သည့် တရားသူကြီး များအား တိုင်းဒေသကြီးလွှတ်ေ တာ် သို့ ခေါ်ယူကာ မေးမြန်းကြားနာ သွားမည်ဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

မြို့နယ်အတွင်း အရှိန်အဝါ ရှိသူများ၊ ပါတီဝင်များက တရား ရုံးများသို့လာရောက်ပြီး တရားစီ ရင်ရေးအား ဖိအားလာပေးခဲ့လျှင် လည်း တရားသူကြီးများ အနေဖြင့် မှန်မှန်ကန်ကန် စီရင်ချက်ချမှတ်ကြ ရန် လိုအပ်ကြောင်း ၄င်းကပြော သည်။

ဦးကျော်ကျော်ထွန်းက ”ငါက NLD ပါတီက ဘယ်သူဘယ်ဝါဆို ပြီး လာဖိအားပေးရင်လည်း ထည့် မစဉ်းစားနဲ့။ မှန်မှန်ကန်ကန်ပဲ စီရင်ချက်ချဖို့ တရားသူကြီးတွေကို ပြောထားပါတယ်” ဟု ပြောသည်။ အဆိုပါ ရန်ကုန်တိုင်းလွှတ်တော် တရားရေး၊ ဥပဒေစိုးမိုးရေး၊ တိုင် ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက ရန်ကုန်တိုင်း မြို့နယ် ၄၄ မြို့နယ်အတွင်း တရား ရုံးများသို့ သွားရောက်ကာ အဂတိ လိုက်စားမှုများ ရှိ၊ မရှိကို စစ်ဆေး ခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*