မယ်ဟောင်ဆောင်နှင့် လွိုင်ကော်မြို့တို့ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်မည်

မယ်ဟောင်ဆောင်နှင့် လွိုင်ကော်မြို့တို့ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်မည်
February 22, 2017 Asian Fame

4:44 pm
မယ်ဟောင်ဆောင်နှင့် လွိုင်ကော်မြို့တို့ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်မည်
Hlyoekaw copy

လွိုင်ကော်မြို့ကို တွေ့မြင်ရစဉ်။(လွိုင်ကော်နှင့် မယ်ဟောင်ဆောင်ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်ပါက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ မြှင့်တင်သွားမည်ဖြစ်သည်)

PN-042

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် မြို့နှင့် ကယားပြည်နယ် လွိုင်ကော် မြို့တို့ကို ညီအစ်မမြို့တော်များအ ဖြစ်သဘောတူ လက်မှတ်ရေးထိုး ကာ ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးမော်မော်က   ပြော သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထား သော စီးပွားရေးကော်မတီကလည်း တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်၍ လက် မှတ်ရေးထိုးပွဲကို မတ်လ ၉ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ထို သို့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တွင် နယ်စပ်ကုန်သွယ်ရေးမြှင့် တင် ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ များကို ကယားပြည်နယ်နှင့် မယ် ဟောင်ဆောင်ခရိုင် ပူးပေါင်း လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၄င်း ကပြောသည်။

”သမ္မတရုံးကို ကျွန်တော်တို့ တင်ထားတဲ့ ၆ ညအိပ် ၇ ရက်ခရီး စဉ်ရှိတယ်။ အဲဒါက ကယားဘက် ရော မယ်ဟောင်ဆောင်ဘက်ရော   ပေါ့။  အဲဒါကိုသမ္မတရုံးက ခွင့်ပြု ပေးလိုက်ရင်တော့ ခရီးသွားကဏ္ဍ က ဒီထက်ပိုပြီးမြင့်တက်လာဖို့ ရှိပါ တယ်” ဟု ၄င်းက ပြောသည်။

ထို့အပြင် သာသနာရေး၊ ယဉ် ကျေးမှုဆိုင်ရာများကိုလည်း နှစ် နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

လက်ရှိတွင် ကယားပြည်နယ် သို့ပြည်တွင်း ပြည်ပခရီးသွားလာ ရောက်မှုက ယခင်နှစ်ကထက်ပိုမိုများပြားလျက်ရှိပြီး ညီအစ်မမြို့   တော်များအဖြစ် လက်မှတ်ရေးထိုး လိုက်ပါက ခရီးသွားလုပ်ငန်းလည်း ယခုထက် ပိုမိုတိုးတက်လာနိုင် ကြောင်း ကယားပြည်နယ် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*