အလောင်းတော်ကဿပအပါအဝင် သဘာဝနယ်မြေများ ပြန်လည်တည်ထောင်ရေး စီမံချက်ရေးဆွဲနေ

အလောင်းတော်ကဿပအပါအဝင် သဘာဝနယ်မြေများ ပြန်လည်တည်ထောင်ရေး စီမံချက်ရေးဆွဲနေ
February 17, 2017 Asian Fame

3:22 pm
အလောင်းတော်ကဿပအပါအဝင် သဘာဝနယ်မြေများ ပြန်လည်တည်ထောင်ရေး စီမံချက်ရေးဆွဲနေ

Alongtaw Kathapa

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်အပါအဝင် သဘာဝနယ်မြေ ၃၉ ခုတွင် ဂေဟ စနစ်များ ပြန်လည်ကောင်းမွန် လာစေရေးအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေး စီမံချက် ကို ရေးဆွဲလျက်ရှိကြောင်း သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ဂေဟစနစ် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ရရှိပြီး ဒေသခံ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေး၊ တောရိုင်းတိရစ္ဆာန်များ ပြန်လည် ကျက်စားလာစေရေး အတွက် ရေးဆွဲခြင်းဖြစ်ပြီး အဆို ပါ စီမံချက်တွင် နယ်မြေဇုန် သတ် မှတ်ခြင်း၊ ထိန်းသိမ်းကာကွယ်ရ မည့်ဇုန်၊ ဖွံ့ဖြိုးရေးဇုန်၊ ဘာသာရေး နယ်မြေဇုန်၊ ဆင်စခန်းဇုန်စ သဖြင့် ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည် သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေးတွင် ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၏ မေးခွန်းဖြစ် သော အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အား သဘာဝ အခြေပြုခရီးသွား လုပ်ငန်းနယ်မြေ အဖြစ် သတ်မှတ်ဖော်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အမျိုးသား ဥယျာဉ် နယ်မြေအတွင်းရှိ သဘာဝ အခြေခံများအား မည်ကဲ့ သို့ ထိန်းသိမ်း ကာကွယ်စောင့် ရှောက် နေသည်ကို သိရှိလိုခြင်း မေးခွန်းကိုဝန်ကြီးက အထက်ပါအ တိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဥယျာဉ်အ တွင်းရှိ အပင်မျိုးစိတ်များ၊ တိရစ္ဆာန် မျိုးစိတ်များနှင့် ဂေဟစနစ်များကို ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းကိုလည်း လုပ်ဆောင် လျက်ရှိကြောင်း ၎င်းက ပြော သည်။ ”လိုအပ်နေတဲ့ သဘာဝအပင် နဲ့ တိရစ္ဆာန်များ စားသုံးတဲ့အပင် များပြန်လည် စိုက်ပျိုးခြင်းများကို လည်း လုပ်ဆောင်ပေးနေပါတယ်”ဟု ၎င်းက ပြောသည်။နိုင်ငံဧရိယာ၏ ၅ ဒသမ ၇ ရာခိုင်နှုန်းတွင် သဘာဝနယ်မြေ စုစုပေါင်း ၃၉ ခုကို တည်ထောင် ထားပြီး ထပ်မံ၍ နိုင်ငံဧရိယာ၏ ၁ ဒသမ ၄၁ရာခိုင်နှုန်းတွင် သဘာဝ နယ်မြေ ၁၁ ခုကို တိုးချဲ့တည် ထောင်သွားရန် အဆိုပြုထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ယခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောကြားထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*