ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင် နှင့် တွေ့ဆုံမေးမြန်းခြင်း
February 17, 2017 Asian Fame

3:33 pm
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

UYanAungခုဆိုရင် ဒုတိယ အကြိမ် ရန်ကုန် လွှတ်တော်ရဲ့သက်တမ်းဟာ တစ် နှစ်ပြည့်တော့မှာဖြစ်သလို ရန်ကုန် တိုင်းအစိုးရရဲ့သက်တမ်း ဟာ လည်း တစ်နှစ်ပြည့်ခါ နီးပါပြီ။ အဲဒီသက် တမ်းအတွင်းမှာ လွှတ်တော်နဲ့ အစိုး ရရဲ့  လုပ်ဆောင်ချက်တွေ၊ လုပ်ပုံ ကိုင်ပုံတွေနဲ့ ပတ်သက်လို့ တိုင်းလွှတ် တော်ကိုယ်စားလှယ်တစ်ဦး အနေ နဲ့အားရကျေနပ်မှု ရှိပါသလား။

လက်ရှိ အနေအထားက တစ် နှစ်တောင် မပြည့်သေးဘူး ဆိုတော့ လူ့သက်တမ်း နဲ့ပြောရင် တစ်နှစ် ဆိုတဲ့အချိန်ဟာ လမ်းစလျှောက် တတ်တဲ့ အချိန်ပဲ ရှိပါသေးတယ်။ ဒီတော့ကာ စိတ်သွားတိုင်း ကိုယ် မပါ ဖြစ်နေသေးတာပေါ့။ နောက် တစ်ခုက နှစ်ပေါင်း ၅ဝ လောက် ရှုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေ၊ အမှိုက်ပုံ တွေကိုလည်း ရှင်းနေရသေးတယ်။ ပြီးတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတဲ့ အနှောင်အဖွဲ့လည်း ရှိနေသေးတယ် ဆိုတော့ လက်ရှိ ရန်ကုန်တိုင်း အစိုးရဟာ နိုင်ငံရေး အာဏာကို အပြည့်အဝ ရနေသေး တာ မဟုတ်ဘူး။ အစိုးရသစ် ဆို ပေမယ့်လည်း ဝန်ထမ်း အဟောင်း တွေနဲ့လည်း လုပ်နေရသေးတယ်။ အဟောင်းတွေ ထဲမှာ အချို့က ကောင်းနေပေမယ့်လည်း တချို့က မူလ လမ်းကြောင်းအတိုင်းပဲ သွား နေသေးတဲ့ အတွက် အနှောင်အဖွဲ့ တွေကြားထဲမှာ ရန်ကုန် အစိုးရ  ဟာ စွမ်းအားရှိသမျှ မလုပ်နိုင် သေးဘူးလို့ မြင်တယ်။  လွှတ်တော် ကတော့ ပိုလွတ်လပ်တယ်။ သို့ သော်လည်းပဲ သူ့ရဲ့ ဆုံးဖြတ်ပိုင် ခွင့်က အကန့်အသတ်နဲ့ပဲ။ ဒါပေ မယ့်လို့ သူက ပိုပြီး တိုင်းအစိုးရ ထက် အားကောင်းတယ်။ ရန်ကုန် အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် အထက်က ပြောခဲ့ဖူး တဲ့ အခြေခံ အကြောင်းအရာတွေ ကြောင့် အားမရဘူးလို့ပဲ ဖြေချင် တယ်။ ဒါ့ကြောင့် မေးခွန်းကို အနှစ်ချုပ် ဖြေရရင် တိုင်းလွှတ်တော် ကိုအားရတယ်။ တိုင်းအစိုးရကို တော့ ပြုပြင်ပြောင်းလဲမှု အင်တိုက် အားတိုက် လုပ်ရဦးမှာဖြစ်တဲ့ အတွက် အားမရသေးဘူး လို့ပဲဆိုရမယ်။

လွှတ်တော်ကို အားရတယ်ဆို တော့ ဘယ်လိုအပိုင်းတွေကို အား ရတာလဲ။  

ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်ဟာ သူ့အလုပ်ကိုသူ လုပ်နိုင်နေတယ်။ လွှတ်တော်ကိုယ် စားလှယ်တွေ ကလည်း အင်တိုက် အားတိုက် အလုပ်လုပ် နေကြတယ်။ ကုန်လွန်ခဲ့တဲ့ အချိန်နဲ့ သက်တမ်း ကို ပြန်ကြည့်မယ် ဆိုရင် လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ မေး ခွန်းမေးမြန်းမှုတွေ၊ ထောက်ပြမှု တွေ၊ အဆိုတင်သွင်းမှုတွေကို ကြည့်တာနဲ့ လွှတ်တော် အလုပ်  လုပ် မလုပ် အထင်အရှား တွေ့ နိုင်ပါတယ်။ သို့သော်လည်း အား ကောင်းတဲ့ အားရမှုမျိုးတော့ မရ သေးဘူး၊ မဖြစ်သေးဘူး။ ဒါအမှန် ပြောတာလေ။ လွှတ်တော်ကိုယ် စားလှယ်တွေက ဥပဒေပြုတဲ့ အလုပ်၊ အစိုးရကို ထိန်းကျောင်းရ မယ့် အလုပ် ဒါတွေကို လုပ်ရပေ မယ့်လို့ ခုဟာက အဲဒီ အလုပ်အပြင် အခြား အလုပ်တွေပါ လုပ်နေရ တဲ့အတွက် ထွေးရောယှက် တင် ဖြစ် နေတယ်။ ဒီတော့ လွှတ်တော် အလုပ်ကို လွှတ်တော် ကိုယ်စား လှယ်တွေက အင်တိုက် အားတိုက် စွမ်းအားပြည့် မလုပ်နိုင်သေးဘူး။ လုပ်တော့လုပ်နေကြတယ်ပေါ့။ ဒါ ပေမယ့်လည်းပဲ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ကျွန်တော်တို့က ဒေသဖွံ့ဖြိုးရေး အတွက် လုပ်နေ ရသေးတယ်။ လမ်းဖွင့်လည်း သွား ကြည့်ရ၊ တံတားဖွင့်လည်း သွား ကြည့်ရ ဒါတွေလည်း ပါသေးတာ ပေါ့။ နောက် တစ်ခုက အတွေ့ အကြုံပိုင်း။ အတွေ့အကြုံရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေ လည်း ရှိသလို၊ အတွေ့အကြုံမရှိ တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ပါတယ်ဗျ။ ဒီတော့ သင် ယူရင်းနဲ့ အလုပ် လုပ်နေကြတယ်။ အဲဒီအခါမှာ လိုအပ်ချက်လေးတွေ ကတော့ရှိတာပေါ့။ အားရတဲ့ အပိုင်းက ဘာတွေလဲ ဆိုတော့ မေး ခွန်းမေးတာပါ။ နောက်တစ်ခုက အစိုးရကို ထောက်ပြတဲ့အပိုင်း။ နောကတစ်ခါ ဥပဒေတွေကို လေ့ လာ ဆန်းစစ်တဲ့အပိုင်း။ နောက် တစ်ခုက ပြင်ဆင်ဖို့ လိုအပ်တဲ့ဥပဒေ တွေကိုဆွေးနွေးတဲ့ အပိုင်း။ ဒါတွေ ကို အားရဆုံးပဲ။

လွှတ်တော်ထဲမှာ လာဖြေကြတဲ့ တိုင်းဝန်ကြီးတွေရဲ့ အဖြေစကား။  ဒါတွေကိုရော လွှတ်တော်ကိုယ် စားလှယ်တွေ အားရကြ ရဲ့လား ၊ ကျေနပ်ကြလား။

အချို့သော အဖြေတွေ အပေါ် မှာ ကျေနပ်မှုတွေ ရှိပေမယ့် အများ စုကတော့ ဝေ့လည်ကြောင်ပတ် တွေ၊ မေးခွန်းနဲ့ အဖြေနဲ့ မဆိုင်တာ တွေ၊ လိုရင်း မရောက်တာတွေ ရှိပါတယ်။ ကျေနပ်တဲ့ အဖြေစကား တွေရှိသလို၊ မကျေနပ်တဲ့ အဖြေ စကားတွေလည်း ရှိတယ်ဗျ။

တိုင်းအစိုးရရဲ့ အချို့သော လုပ်ရပ် တွေအပေါ် ဝေဖန်ခံရမှုတွေ ရှိခဲ့ ပါတယ်။ ဥပမာ ဆောက်လုပ်ရေး တွေကို ယာယီ ရပ်ဆိုင်း ခိုင်း လိုက်တဲ့ ကိစ္စ။ ပြီးတော့ အခု YBS ကိစ္စ ပေါ့ဗျာ။ ဒါတွေဟာ ဘာကြောင့်လို့ ထင်လဲဗျ။

အကြွင်းမဲ့ ထောက်ခံမှုကို တော့ ဘယ်အစိုးရမှ မရနိုင်ဘူး ဗျ။ လူအားလုံး အကြိုက်ကိုတော့ အစိုးရတိုင်း လုပ်မပေးနိုင်ဘူး။ YBSကိစ္စက အကြီးကြီးပဲဗျ။ ပြောင်းလဲမှု အကြီးကြီးလုပ်ပစ် လိုက်တာ။ ရည်ရွယ်ချက်ကောင်း တယ်။ သို့သော် လုပ်နည်းလုပ် ဟန်မှားတယ်။ ဒါ့ကြောင့် ဝေဖန် ခံရတာ။ ဒါ့ကြောင့် ရန်ကုန်အစိုးရ ရဲ့ အချို့သော လုပ်ရပ်တွေဟာ ဝေဖန်ခံရမှာပဲ။ ဘာ့ကြောင့်လဲ ဆို တော့ လုပ်နည်း လုပ်ဟန်တွေ မှား တာကိုဗျ။ လုံလောက်တဲ့အချိန် ရ နေတာကို အသုံးမှ မချတတ်ပဲ။ အချို့သော ကိစ္စတွေကို ပန်ကာ အောက်က လုပ်လို့မရဘူး။ ကျွန် တော် ထင်ပါတယ်။ ရန်ကုန်အစိုးရ ဟာ အချို့သော ကိစ္စတွေမှာ မှန် ကန်တဲ့ သတင်းအချက်အလက် တွေကို မရဘူးလားလို့တောင် တွေးမိတယ်။ ဒါကို အစိုးရက ပြင် ဆင်ရမယ်။ မှန်ကန်တဲ့ အချက် အလက်တွေ ရဖို့အတွက် ကြိုးစား ဖို့လိုတာပေါ့။ သူ့မှာကလည်း အခက်အခဲ အကျပ်အတည်းတွေ ရှိနိုင်ပါတယ်။ ဒါကိုလည်း ပွင့်ပွင့် လင်းလင်း ဖွင့်ပြောလို့ရရင် ဖွင့် ပြောသင့်ပါတယ်။ ဒါမှ ပြည်သူက သံသယရှင်းမှာ။ နောက်တစ်ခု ဝေ ဖန်ခံရတဲ့ကိစ္စ။ ဘတ်ဂျက်ကိစ္စဗျာ။ အစိုးရဌာနတွေရဲ့ ဘတ်ဂျက်တင် လာရင် ဘဏ္ဍာရေးနဲ့ စီမံရေး ဝန် ကြီးဌာနက လွယ်လင့်တကူ ခွင့် မပြုဘဲနဲ့ သေသေချာချာ စိစစ်ရ တယ်။ ဟိုခုံးကျော် တံတားတွေ ကိစ္စဗျာ။ ကဲ သန်း ၁ဝဝဝ တောင်း တယ်။ အရင်က သူ့ထက်ဝက် လောက်တောင် မရှိဘူး။ ဒီတော့ တိုင်းအစိုးရက ဒါကို စိစိစစ်စစ် လုပ်ဖို့ လိုမယ်ဗျ။ ဒီလောက်ပါပဲ။

တိုင်းအတွင်းမှာ ဘယ်ဝန်ကြီးဌာန က အလုပ်လုပ် ဆုံးလို့ ထင်လဲ။ လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ အမြင်ကိုမေးတာပါ။

ဝန်ကြီးဌာနတိုင်း အလုပ်လုပ် နေကြပါတယ်။ အဲဒီအထဲက အကြိုက်ဆုံး ပြောဆိုရင်တော့ လျှပ် စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေး ဝန်ကြီးဌာနပေါ့ဗျာ။ သူတော်တော် လုပ်နေတာဗျ။

အစိုးရသစ် တက်ပြီး နောက်ပိုင်း ရန်ကုန်မှာ ပြောင်းလဲမှုတွေရှိလာ ပြီလားဗျ။

ရှိလာတာပေါ့ဗျာ။ နံပါတ် (၁) နိုင်ငံရေး အကြောက်တရား မရှိကြ တော့ဘူး။ နောက်တစ်ခုက အရင် တုန်းကထက် ပိုပြီး လွတ်လွတ်လပ် လပ်ရှိလာကြတယ်။

တရားဥပဒေ စိုးမိုးမှုအပိုင်းမှာ ရောဗျ။

အရမ်းကို အားနည်းနေတယ် လို့ မြင်တယ်ဗျာ။ အရင်လူတွေကို အပြစ်ပုံ ချချင်တာမျိုး မလုပ်ချင်ပေ မယ့်လည်းပဲ အခုအချိန်အထိ တရားဥပဒေ စိုးမိုးမှုအပိုင်း မတိုး တက်သေးတာဟာ၊ ခရီးမပေါက် သေးတာဟာ အရင်တုန်းက လုပ် ကိုင်ခဲ့မှုမှာ အမှားတွေပါခဲ့လို့ဗျ။ မလျော် သြဇာတွေသုံးပြီး တရားရေး မဏ္ဍိုင်ကို ဖျက်ဆီးခဲ့တဲ့သူတွေရှိ တယ်။ အဲဒီကနေတစ်ဆင့် အဂတိ လိုက်စားပြီး တရားစီရင်တာတွေ ရှိပြန်တယ်။ အဲဒီအခါမှာ တရား ဥပဒေစိုးမိုးရေး အပိုင်း ယိမ်းယိုင် သွားတာ ခုချိန်ထိပဲ။ ကျွန်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြား စာကော်မတီမှာ ကော်မတီဝင် တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင် နေတယ်ဗျ။ အဲဒီအခါမှာ ကျွန်တော် တို့ဆီကို တိုင်စာတွေ အများကြီး ရောက်ပါတယ်။ အဲဒီဟာက တရား ဥပဒေစိုးမိုးရေး အပိုင်းကို တိုင်တဲ့ တိုင်စာတွေပဲ။ ကျွန်တော်ပြီးခဲ့တဲ့ ကာလက အမေရိကန် ကိုရောက်ခဲ့ တယ်ဗျ။ အဲဒီအခါမှာ အဲဒီတရား ဥပဒေစိုးမိုးရေး အပိုင်းကို လေ့လာ ခွင့်ရခဲ့တယ်။ သူတို့ဆီမှာ ရဲကို ပေါ့ဗျာ။ လစာ လောက်လောက် လားလားပေးထားတယ်ဗျ။ နောက် ပြန် လှည့်မကြည့်ရဘဲနဲ့ တာဝန် ထမ်းဆောင်နိုင်အောင် လုပ်ပေး ထားတယ်။ ဒါ့အပြင် တရားသူကြီး တွေ။ သူတို့တွေကိုလည်း တစ်နှစ် တစ်ခါပြန်ပြီး လိုင်စင်လျှောက်ရ မယ်လို့ ဆိုထားတယ်ဗျ။ တစ်နှစ် တစ်ခါ လိုင်စင် လျှောက်တဲ့အခါ မှာ အဲဒီ တရားသူကြီးနဲ့ ပတ်သက် လို့ တိုင်စာရောက်လာတယ် ဆိုရင် ကော်မတီဖွဲ့ပြီးတော့ စစ်တာဗျ။ သံသယ ဖြစ်ဖွယ်ရာ ပြစ်ချက်ကို တွေ့ရင် ထပ်ထပ်ကို စစ်တာ။ တိုင် စာအတိုင်း အပြစ် ကျူးလွန်တယ် ဆိုရင်တော့ ပြောမနေတော့နဲ့ဗျာ။ လိုင်စင်ကို မတိုးပေးတော့တာ။ ဒါ့ကြောင့်လည်း တရားဥပဒေစိုးမိုး မှု ရှိတာပေါ့ဗျာ။

ရာဇဝတ်မှုတွေ ပိုပြီး ထူပြောလာ  တယ်နော် ခုနောက်ပိုင်း။

အမှန်ပဲဗျ။ ရှေ့နေကြီး ဦးကိုနီ ဖြစ်စဉ်က သက်သေပဲ။ ကျွန်တော် ဒီနေရာမှာ တစ်ခုပြောချင် တာက အကျဉ်းထောင် အပိုင်း။ ထောင် ဆိုတာက စာရိတ္တ ပြုပြင်ပေးရမှာ။ အဲဒါကို သူမလုပ်နိုင်ဘူး ဖြစ်နေ တယ်။ ထောင်ထွက်က ပိုမိုက်လာ တယ်။ ပိုပြီး လုပ်ရဲကိုင်ရဲ ရှိလာ တယ်။ ထောင်က ထွက်လာတယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ဘာမှမရှိဘူး။ ဒီတော့ အဆင်ပြေ တဲ့ဟာကိုလုပ်။ အဲဒီက မပြေတော့ မူလ အလုပ်ကိုပဲ ပြန်လုပ်။ ဒါနဲ့ပဲ သံသရာလည် ပြီးတော့ ရာဇဝတ် မှုတွေ မရပ်ဘဲနဲ့ ထူပြောလာတယ်။ ကျွန်တော် ကုန်ကုန်ပြောမယ်ဗျာ။ အခုဆိုရင် အားလုံးလည်း ကြားကြ မှာပါ။ မူးယစ်ဆေးတွေ ထောင်ထဲ မှာမိတယ်ဆိုတဲ့ သတင်း၊ ထောင် အဝင်မှာ မိတယ်ဆိုတဲ့ သတင်း။ တွက်သာ ကြည့်လိုက်တော့။

ရန်ကုန်မြို့ ဒီ့ထက် ပိုပြီး တိုးတက် ဖို့အတွက်က အဓိက လုပ်ဆောင် ရမယ့်အချက်တွေက ဘာတွေ ဖြစ် မလဲဗျ။

နံပါတ် (၁) က ခံယူချက်ပါ။ ခုဆိုရင် အကုန်လုံးဟာ ပရအကျိုး ထက် အတ္တ အကျိုးကိုပဲ ရှေ့တန်း တင်ချင်ကြတယ်။ အများစုကို ပြော တာပေါ့နော်။ အဲဒီစိတ်တွေ ကို ရန်ကုန်လူထုဟာ လျှော့ချဖို့ လိုပါလိမ့်မယ်။ နောက်တစ်ခု။ စည်းကမ်း လိုက်နာဖို့၊ တည်ဆဲဥပ ဒေတွေကို လိုက်နာဖို့။ ဒါလည်း လိုအပ်ပါတယ်။ ဒါကတော့ လူထု အပိုင်းပေါ့ဗျာ။ အစိုးရပိုင်းကတော့ ပိုပြီး စနစ်ကျတဲ့၊ ပိုပြီး ဖြစ်နိုင်တဲ့ လုပ်ငန်းလုပ်ရပ်တွေကို လုပ်ဖို့၊ လုပ်နိုင်ဖို့ လိုပါလိမ့်မယ်။ ဒါဆို ရင် ရန်ကုန်ဟာ ခုထက်ပိုပြီး ဖွံ့ဖြိုး သွားပါလိမ့်မယ်။
အခုလို ဖြေပေးတာကို ကျေးဇူးတင်ပါတယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*