၉ လတာအတွင်း ဖားကန့်တွင် မြေပြိုမှုများကြောင့် လူ ၄၃ ဦး သေဆုံးခဲ့

၉ လတာအတွင်း ဖားကန့်တွင် မြေပြိုမှုများကြောင့် လူ ၄၃ ဦး သေဆုံးခဲ့
February 17, 2017 Asian Fame

3:25 pm
၉ လတာအတွင်း ဖားကန့်တွင် မြေပြိုမှုများကြောင့် လူ ၄၃ ဦး သေဆုံးခဲ့

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၉ လတာအတွင်း ကချင် ပြည်နယ် ဖားကန့်ဒေသတွင် မြေပြိုမှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ရေမဆေး ကျောက်ရှာသူ ၄၃ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သိရသည်။ ၂ဝ၁၆ ခုနှစ် ဧပြီလမှ ဒီ ဇင်ဘာလကုန်အထိ ကြားကာ လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ပြီးခဲ့ သည့် ၂ဝ၁၅ ခုနှစ်အတွင်း မြေစာပုံ ပြိုကျမှု အကြိမ် ၄ဝ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ဝဝ ရှိခဲ့ရာ ၂ဝ၁၆ ခုနှစ်အ တွင်း မြေစာပြိုကျမှုနှင့် သေဆုံးမှုအရေအတွက် နည်းသွားသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန် ကြီးဌာနမှ သိရသည်။

”လောလောဆယ်က တော့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာထိ စာရင်းပဲရပါသေးတယ်။ သုံးလ တစ်ကြိမ် စာရင်းထုတ်ပြန်တာ ဆိုတော့ ဒီ ၂ဝ၁၇ ခုနှစ်အတွက် ကိုတော့ စာရင်းမရသေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနအနေဖြင့် အဆိုပါ သေဆုံးသူများအတွက် ရည် ရွယ်၍ လူတစ်ဦးလျှင် ၁ သိန်း စီထောက်ပံ့ ပေးခဲ့ကြောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂ဝ၁၇ ခုနှစ် အတွင်း တွင်လည်း ဖေဖော်ဝါရီ ၉ ရက် နေ့က ဖားကန့်မြို့နယ် ဆိပ်မူ ကြီးကျေးရွာအုပ်စု နမ့်မှော် ကျေးရွာအနီးတွင် ချောက်ကမ်း ပါး ပြိုကျမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ အဆိုပါ ပြိုကျမှုတွင် ရေမ ဆေးကျောက် ရှာဖွေသူ ၉ ဦး သေဆုံးခဲ့ပြန်သည်။ အဆိုပါ သေဆုံးသူများသည် မင်္ဂလာ တော်ဝင်ကုမ္ပဏီ လုပ်ကွက်အ တွင်း အမြင့်ပေ ၃ဝဝ ခန့် ကျောက်တောင် ကမ်းပါးယံမှ မြေစာနှင့်ကျောက်ခဲများ ပြိုကျ မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ဖားကန့် ဒေသခံများ ထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*