၂ဝ၁၆ အတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမို များပြားလာကြောင်း စစ်တမ်း ထုတ်ပြန်

၂ဝ၁၆ အတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမို များပြားလာကြောင်း စစ်တမ်း ထုတ်ပြန်
February 17, 2017 Asian Fame

4:47 pm
၂ဝ၁၆ အတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမို များပြားလာကြောင်း စစ်တမ်း ထုတ်ပြန်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃)

၂ဝ၁၆ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက် မှု အခြေအနေသည် ၂ဝ၁၅ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂ ဆနီးပါး များ ပြားနေကြောင်း ND-Burma  အဖွဲ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်သည်။

၂ဝ၁၅ ခုနှစ် အတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှု ၈၄ မှု ကို မှတ်တမ်း တင်နိုင်ခဲ့ပြီး ၂ဝ၁၆ တွင်မှု ၁၅၄ မှုကို မှတ်တမ်း တင်နိုင် ခဲ့ကြောင်း၊ လူ့အခွင့်အရေးချိုး ဖောက်မှု များ၏ ထက်ဝက်ကျော် သည် ရှမ်းပြည်နယ် တွင်ဖြစ်ပွား နေကြောင်း၊ အဖြစ် များသည့် လူ့ အခွင့်အရေး ချိုးဖောက်မှုမှာ နှိပ် စက် ညှဉ်းပန်းမှု ဖြစ်ကြောင်း သိရ သည်။

လူ့အခွင့်အရေး ချိုးဖောက်မှု များကို တပ်မတော်၊ နယ်ခြားစောင့် တပ်၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့တို့ ကျူး လွန်သလို တိုင်းရင်းသား လက်နက် ကိုင်များဘက်ကလည်း ကျူးလွန် ကြကြောင်း အစီရင်ခံစာတွင် ဖော် ပြထားသည်။

”လူ့အခွင့်အရေး ချိုးဖောက်မှု တွေနည်းဖို့ ဆိုရင် အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ပါပဲ။ နှစ်ဖက် တပ်တွေ အပစ်ရပ်ဖို့ ကြေ ညာပြီး ၂၁ ရာစုပင်လုံမှာ လက်နက် ကိုင် အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရ အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို သေချာကိုင်တွယ် ပြုပြင်ဖို့လည်း လိုအပ်ပါတယ် ”ဟု ND-Burma  စည်းရုံးလှုံ့ဆော်ရေး အဖွဲ့မှ ဦးဘိုတောက်က ပြော သည်။

ထိုင်းနိုင်ငံအခြေစိုက် ND-Burma အဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေ အနေများကို ၆ လတစ်ကြိမ် အစီ ရင်ခံစာ ထုတ်ပြန်ခဲ့သည်မှာ (၁၅)ကြိမ် ရှိပြီဖြစ်ပြီး ၂ဝ၁၆ ခုနှစ် အစီရင်ခံစာ အတွက် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် ကွင်းဆင်း စစ်တမ်း ကောက် ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*