ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ
February 17, 2017 Asian Fame

4:12 pm
ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

သို့
သက်ဆိုင်ရာ

ယာဉ်အန္တရာယ်ဖြစ်ပေါ်စေနိုင်ကြောင်း အသိပေးခြင်း

ကျွန်တော် နေ့စဉ်ဖြတ်သန်းသွား လာနေသော မြောက်ဒဂုံ တံတားအဆင်း မြောက်ဥက္ကလာအဝိုင်း မီးပွိုင့်တွင်တောင်းရမ်းနေသောအဘိုးအိုမှာလမ်း၏ ယာဉ် ကြောအတွင်းသို့ ဝင်ရောက် တောင်းရမ်းနေခြင်းမှာ ယာဉ်မောင်း သူနှင့် အဘိုးအိုပါအန္တရာယ်များလွန်း လှပါသည်။ အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ တာဝန် ရှိသူများသိရှိစေရန် တင်ပြအပ်ပါသည်။

ဦးချစ်တီး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိလူကြီးမင်းများခင်ဗျား

ကျွန်တော်များ ရွှေပြည်သာမြို့နယ် လှော်ကားဝါးတရာလမ်းမကြီးဘေးများတွင် တဲထိုး၍ဈေးဆိုင်ဖွင့် ဈေးရောင်းစားနေသော ကျူးကျော်ဈေးဆိုင်များအား ရွှေပြည်သာ စည်ပင်ရုံးမှဟုဆိုပြီး ဆိုင်ခွန်ကောက်ခံမှုသည် မြို့နယ်စည်ပင်သာယာမှသိရှိပြီး တရားဝင် ခွင့်ပြုကောက်ခံခြင်းဟုတ်ပါသလား သိချင်ပါသည်။ တစ်လလျှင် ၆ဝဝဝ ကျပ်ပေးရပါသည်။ ကျွန်တော့်ဆိုင် အကျယ်အဝန်းမှာ ၈ ပေခန့်ရှိပါသည်။ ပေးရတာတန်ပါသည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုကောက်ခံလျှင် ကောင်းပါသည်။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်အတွက် အခွန်ပေးဆောင်ရတာ ကျေနပ်ပါသည်။ ပြောချင်တာက စည်ပင်ဌာနကမကောက်ခိုင်းဘဲ ဝန်ထမ်းတစ်ဦးဦးက အကျင့်ပျက်ပြီး၊ ကိုယ် ကျိုးအတွက်ကောက်ခံပြီး အလွဲသုံးစားပြုရင်တော့ အကျင့်ပျက်သူအား လူမိုက်အားပေးသလို မဖြစ်ချင်ပါ။ ကျွန်တော်တို့ပေးခဲ့သည်မှာ ၁ နှစ်ကျော်ခဲ့ပါပြီ။ ယခုအခါမှာ အစိုးရပြောင်းပြီးပြီမို့ ¤င်းကောက်ခံမှုအတွက် ရွှေပြည်သာမြို့နယ်စည်ပင်သာယာမှ ဖြေကြားပေးစေချင်ပါသည်။

ပြည်သူတစ်ဦး

မည်သို့သော အဖွဲ့အစည်းအား အကူအညီတောင်းခံ၍ ဖြေရှင်းရ နိုင်သည်ကို ကူညီစဉ်းစားပေးပါ

ရွှေပြည်သာမှာ ကျူးကျော်နေ ထိုင်တဲ့သူအများစုမှာ တော်တော် များများက နေစရာမရှိလို့သာ ကျော တစ်ခင်းစာ နေရာရရုံအတွက်သာ ကျူးကျော်တဲထိုး နေထိုင်ပေမယ့် တော်တော်များများ ကျူးကျော်အ များစုကတော့ နိုင်ငံတော်အစိုးရ ဆီကနေ သူတို့အတွက် နေစရာမြေ နေရာရရှိနိုးနိုး မျှော်လင့်ပြီး ကျူး ကျော်နေထိုင်တဲ့သူတွေလည်း ရှိနေ ပါသည်။ ဘယ်လိုအကြောင်းနဲ့ ဘယ် လိုပဲနေသည်ဖြစ်ဖြစ်ပါ။ လူလူချင်း မရှိသူကို ဝိုင်းဝန်းကူရမှာပါ။ ဒါပေ မယ့် ကိုယ်နေထိုင်ရာပတ်ဝန်းကျင် ကိုတော့ ဂရန်ပိုင်မြေကွက်ဖြင့် နေ သည်ဖြစ်စေ၊ ကျူးကျော်နေထိုင်သူ ဖြစ်စေ ကိုယ်နေထိုင်ရာ ပတ်ဝန်း ကျင်ကို သာယာအေးချမ်းသော နေရာလေးဖြစ်အောင် နေထိုင်စောင့် ရှောက်သင့်ပါသည်။ အခုက ရွှေ ပြည်သာမှ ကျူးကျော်တော်တော် များများမှာက ဒီလိုမဟုတ်။ ကျွန် တော်နေထိုင်ရာ တ/၁၅ ရပ်ကွက် တွင် ပိုဆိုးသည်။ ကျူးကျော်များမှာ စည်ပင်ပိုင်မြေ လမ်းဘေးများတွင် ကွမ်းယာဆိုင်၊ အကြော်တဲအသွင် ယူဆောက်လုပ်၍ ကွမ်းယာ၊ အ ကြော်ဆိုင် စသည်ဖြင့် ခဏတာ ရောင်းချပြ။ နောက်ပိုင်းတွင် မိ သားစု ၇ ယောက် ၈ ယောက် နေ ထိုင်ရာဗိမာန် ဖြစ်လာပါတော့သည်။ ထိုမျှဖြင့်လည်း ကျွန်တော်ဘာမျှ မပြောဆိုလိုသေးပါ။ နေစရာ မရှိ၍ ထိုကဲ့သို့ ကြံဖန်နေရပါသည်ဟု ကရုဏာသက်နိုင်ပါသေးသည်။ ယခုကျွန်တော် ပြောလိုသည်မှာ ထိုကျူးများမှ နိစ္စဓူဝအချင်းချင်း ငွေပေးငွေယူကိစ္စများကို အကြောင်း ပြု၍ရန်ဖြစ်ခြင်း၊ အရက်သောက် စား၍ ရန် ဖြစ်ခြင်း၊ နေ့စဉ်ဖဲဝိုင်းများ ပြုလုပ်၍ဆူပူခြင်း၊ ဂရန်မြေများမှ လျှပ်စစ်မီးကို တစ်ဆင့်ဆင့်ပွားယူ၍ နားမခံသာအောင် ဆူပူသောအသံ ဖြင့် ဆောင်းဘောက်များဖွင့်ခြင်းများ ပြုလုပ်လျက်ရှိနေပါသည်။ အဆိုး ဆုံးမှာ လျှပ်စစ်မီး၊ ထင်းမီးများဖြင့် ထိုနေထိုင်ရာနေရာတွင် ချက်ပြုတ် လျက်ရှိရာ မကြာခဏမီးလန့်ခြင်း များလည်း ရှိနေပါတယ်။ ထိုကဲ့သို့သောကိစ္စများကို မည် သို့သောပုဂ္ဂိုလ်၊ မည်သို့သောအဖွဲ့ အစည်းအား အကူအညီတောင်းခံ၍ ဖြေရှင်းရနိုင်သည်ကို ကူညီစဉ်းစား အကြံပေးစေလိုပါသည်ခင်ဗျား။

ကျူးတစ်ဦး

ပဲခူးမြို့ကို အကျည်းတန်စေတဲ့ လမ်းမပေါ်က အမှိုက်ပုံ

ပဲခူးမြို့ မြို့ကျက်သရေဆောင် သမိုင်းဝင် ကျုံးထိပ် မှာ အမှိုက်ပုံနေရာချထားခြင်းသည် လွန်စွာအကျည်း တန် ပါသည်။ နေ့စဉ် ကြခတ်ဝိုင်းကျောင်းတိုက်မှ သံဃာများ ဆွမ်းခြံ<ွကခြင်း၊ နိုင်ငံခြားသား ခရီးသွားကား များ နေ့စဉ် ဖြတ်သန်းသွားလာခြင်းကြောင့် ပဲခူးမြို့ရဲ့ ပုံရိပ်သာမက နိုင်ငံတော်ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေပါ သည်။ အမှိုက်များ ရေမြောင်းအတွင်း ပိတ်ဆို့နေ၍ ရေစီးရေလာ မရှိဘဲ မြောင်းပုပ်နံ့ကို နေ့စဉ် ခံစားနေရပါ သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပုံ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးညွန့်ရွှေတို့အားလည်း မြေပြင်အခြေအနေကို လက်တွေ့ပြသခဲ့ပြီးပါပြီ။ ပူပြင်းခြောက်သွေ့သော နွေ ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကို လည်း စိုးရိမ်ရပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်သူ တာ ဝန်ရှိလူကြီးမင်းများနှင့် အစိုးရအဖွဲ့ဝင် လူကြီးမင်းများ ဤအမှိုက်ပုံအား အမြန်ဆုံး ပိတ်ပင်ပေးပါရန် လေးစား စွာ တင်ပြအပ်ပါသည်။

ရေနံချောင်းမြို့က ရင်ဖွင့်စာ တစ်စောင်

အေးဈေး အရှေ့ဘက်လမ်းကျဉ်းတာ အဲဒီလို စည်းမဲ့ကမ်းမဲ့လုပ်တာတွေ ကြောင့် ကျဉ်းတာကွ။ မနက်ပိုင်းနဲ့ ကျောင်းဆင်းချိန်ရုံးဆင်းချိန်တွေ နာရီ ပိုင်းလောက်ဖြစ်တာ။ မနက် ၁ဝ နာရီကျော်ရင် လာကြည့်လှည့် လမ်းပေါ် မှာခွေးတစ်ကောင်ကြောင်တမြီးတောင် မရှိဘူး။ ငါတို့ဈေးသည်တွေ ငိုက် တောင်ငိုက်တယ်။ သူ့လမ်းနယ်အတိုင်း မှန်မှန်ကန်ကန်ယူမှာဆိုလည်း တစ် မြို့လုံး ပြန်တိုင်းကြည့်လိုက် အကုန်ဖျက်ရမှာ။ မြို့က ဘာဖြစ်နေလဲဆိုတော့ ဆိုင်ကယ်စီးဦးထုပ်တော့နေ့တိုင်းဖမ်းတယ်။ လမ်းပေါ်ကားဂိတ်တွေရွှေ့ဖို့ မပြောရဲကြဘူး။ လမ်းပေါ်ရပ်နေတဲ့ သုံးဘီးတွေကို မပြောရဲကြဘူး။ ဈေးထဲ တစ်ထောင်လောက်မြတ်တဲ့ ဈေးသည်ကို ဒဏ်ရိုက်တယ်။ လမ်းဘေးပလက် ဖောင်းပေါ် ပစ္စည်းချရောင်းတဲ့ ဈေးဆိုင်တွေကိုကျ ဘာမှမလုပ်ရဲဘူး။ တစိတ် ရှိ ငပဲ့တွေကိုပဲ ဟိုဟာနဲ့ထိုးဖို့ စဉ်းစားကြတယ်။ ဆွမ်းလောင်းရုံဗိမာန်ကြီး မင်္ဂလာဆောင်တိုင်း လမ်းပိတ်တာ ဘယ်သူမှဘာမှ မပြောရဲပါဘူး။

ရေနံချောင်းသားတစ်ဦး

(မှတ်ချက်။ ။ ဖော်ပြပါ တင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*