5:07 pm
(မန္တလေး၊ ဖေဖော်ဝါရီ ၁၄)
ဝေဖန်မှုများကြောင့် ရပ်နား ထားခဲ့ရသည့် ကမ္ဘာ ကျော် ဦးပိန်တံတား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကို ရှေးဟောင်း သုတေသန ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိသု ကာကောင်စီ တို့၏ စစ်ဆေး ကြီးကြပ်မှုဖြင့် ပြန်လည် လုပ်ကိုင် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
မန္တလေး အမရပူရမြို့နယ် အတွင်းရှိ သမိုင်းဝင် ဦးပိန်တံတားသည် ကမ္ဘာ့အရှည်လျားဆုံး သစ်သားတံ တားတစ် စင်းဖြစ်ပြီး ခေတ် အဆက်ဆက် အသေးစားပြု ပြင် ထိန်းသိမ်းမှုမျှသာ ရှိခဲ့သဖြင့် ယိုယွင်းပျက်စီးမှု တို့ရှိခဲ့ ရာ ၂ဝ၁၆ခုနှစ် အစောပိုင်းကMyanmar Teak Wood Co.,Ltd အား အကြီးစားပြုပြင်ထိန်းသိမ်းခွင့်ပေးခဲ့သည်။
အစိုးရသစ် တက်လာပြီးနောက် ဒေသခံနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ ဝေ ဖန်မှုများ ဖြစ်ပေါ်လာသဖြင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းအား ရပ်ဆိုင်းထားရန် အစိုးရသစ် က ညွှန် ကြားခဲ့သည်။
”အရင်က ကြီးကြပ်မှု မရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ ဝေ ဖန်မှုအများကြီး ရှိခဲ့တာပါ။ အခုတော့ ဗိသုကာကောင် စီရဲ့ကြီးကြပ်မှုနဲ့ သွားပါမယ်။ ဦးပိန်တံတား ပြုပြင်ထိန်း သိမ်းရေးကိစ္စက Myanmar Teak Wood က လုပ်ဖို့ အရင်အစိုးရ လက်ထက် ကတည်းက ကတိကဝတ်ပြု ထားတာ ဆိုတော့ အလုပ်သမားတို့ ကုန်ကျစရိတ်ကို Myanmar Teak Wood ကပဲ ကုန်ကျခံမှာပါ” ဟု မန္တ လေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန် ကြီး ဦးမျိုးသစ်က ပြောသည်။
နှစ်ပေါင်း ၁၆ဝ ခန့်သက်တမ်း ရှိနေပြီဖြစ်သည့် ဦးပိန် တံတားပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကို ယခင် က ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းခြင်းမျိုး မဟုတ်ဘဲ တံတား ကြံ့ခိုင်မှုကိုသာ ဦးစားပေးခဲ့သည့် အတွက် ဒေသခံနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၊ ပညာရှင်များ ကဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
ဦးပိန်တံတားသည် ခေတ် အဆက်ဆက်ထိန်း သိမ်း စောင့်ရှောက်မှု အားနည်းခဲ့ခြင်း၊ လူနှင့် သဘာဝ ဘေး ဒဏ်ခံနေရခြင်း၊ အင်းအတွင်း ရေပိတ်လှောင်ကာ ငါး မွေးမြူခဲ့ခြင်း တို့ကြောင့် ထိခိုက်ပျက်စီးခြင်းဖြစ် ကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။
စောထွေး