ရှစ်လကျော်ကြာခဲ့သည့် ပန်ဒါချည်မျှင်စက်ရုံ အလုပ်သမားပြဿနာ ပြေလည်ပြီ

ရှစ်လကျော်ကြာခဲ့သည့် ပန်ဒါချည်မျှင်စက်ရုံ အလုပ်သမားပြဿနာ ပြေလည်ပြီ
February 17, 2017 Asian Fame

3:49 pm
ရှစ်လကျော်ကြာခဲ့သည့် ပန်ဒါချည်မျှင်စက်ရုံ အလုပ်သမားပြဿနာ ပြေလည်ပြီ

Panda

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အစိုးရသစ်လက်ထက် သက်တမ်းအ ရှည် ကြာဆုံး အလုပ်သမားသပိတ်ဖြစ် သည့် ပုလိပ်မြို့ ပန်ဒါ ချည်မျှင်အထည် စက်ရုံ အလုပ်သမားအငြင်းပွားမှု ပြေလည် သွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားသပိတ်သည် ယမန်နှစ် ဇွန်လ ၃ ရက်နေ့မှ စတင်ခဲ့ခြင်း ဖြစ်ပြီး အလုပ်သမား အခွင့်အရေး ချိုး ဖောက်ခံရခြင်းကြောင့်ဟုဆိုကာ စတင်ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

သပိတ်မှောက်ကာလအတွင်း သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြစ် သည့် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းခုံသမာဓိ၊ ခုံသမာဓိကောင်စီ၊ အ လုပ်သမား ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရနှင့် ဝန်ကြီးများ ပါ ဝင်သော ၁၂ ဦးကော်မတီ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စား လှယ်များ တစ်ကြိမ်ပြီးတစ်ကြိမ် ဖြေရှင်း ပေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ဖေဖော်ဝါရီလအတွင်းမှသာ ပြေလည်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုတစ်ကြိမ်တွင် အမျိုးသားလွှတ် တော် အလုပ်သမားကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ တာဝန်ရှိသူများနှင့် မန္တ လေးတိုင်းဒေသကြီးအစိုးရတို့ ကြားဝင် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားများ၏ တောင်းဆိုချက် ၂၈ ချက်ကို အလုပ်ရှင်ဘက်က သဘောတူ ခဲ့သည့်အတွက် ယခုကဲ့သို့ ပြဿနာပြေ လည်သွားရခြင်းဖြစ်ကြောင်း သပိတ် မှောက် အလုပ်သမားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုလှကိုက ပြောသည်။ ”ကျွန်တော်တို့ တောင်းဆိုထားတဲ့အ ချက် ၂၈ ချက်လုံး စက်ရုံပိုင်ရှင်ဘက်က သဘောတူတယ်။ သပိတ်ကိုလည်း လှန် လိုက်ပါပြီ။ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ် ပြန်ခန့်ပေးရမယ်ဆိုတဲ့ တစ်ချက်မှာတော့ ၂ ဦးကို ပြန်ခန့်မယ်။ ၂ ဦးကိုတော့ အစမ်း ကာလ ၃လ သတ်မှတ်ပြီး အဲ့ဒီကာလအ တွင်းမှာ လုပ်ငန်းခွင်ပူးပေါင်း ဆောင်ရွက် မှု အခြေအနေအပေါ်မူတည်ပြီး ဆောင် ရွက်သွားမယ်လို့သိရတယ်” ဟု ၎င်းက ဆိုသည်။

ပြေလည်သွားသည့်အတွက် ဖေဖော် ဝါရီ ၁၄ ရက်တွင် သပိတ်မှောက်အလုပ် သမား ၅ဝဝ ကျော်ခန့်မှာ စက်ရုံတွင်းသို့ ပြန်လည်ဝင်ရောက်ကာ အလုပ်ပြန်လည် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ နောက်နောင် အလားတူ အငြင်းပွားမှုများ မဖြစ်ရန် လည်း အလုပ်သမားများနှင့် အလုပ်ရှင် ကြား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် သဘောတူထားကြောင်း စက်ရုံမှ သိရသည်။ ပုလိပ်ချည်မျှင်အထည်စက်ရုံ အလုပ် သမားသပိတ်သည် သပိတ်မှောက်ကာလ အတွင်း မန္တလေးမြို့၌ လမ်းလျှောက် ချီတက် ဆန္ဒပြမှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ရန်ပင် စီစဉ်ခဲ့သည့် သပိတ်တစ်ခု ဖြစ်သည်။အဆိုပါစက်ရုံသည် လုပ်သား အင်အား ၁၂ဝဝ ခန့်ဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိသော စက်ရုံတစ်ခုဖြစ်ပြီး ယခင် စက်မှုဝန်ကြီးဌာနအပိုင်မှ ပုဂ္ဂလိကအ ပိုင်အဖြစ် လွှဲပြောင်းပေးပြီး နောက်ပိုင်း အငြင်းပွားမှု (၂) ကြိမ်ဖြစ်ပွားခဲ့သည့် စက်ရုံဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*