ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် မလေးရှားသင်္ဘော ဖေဖော်ဝါ ရီ ၉ ရက် နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိမည်

ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် မလေးရှားသင်္ဘော ဖေဖော်ဝါ ရီ ၉ ရက် နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိမည်
February 9, 2017 Asian Fame

11:16 am
ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် မလေးရှားသင်္ဘော ဖေဖော်ဝါ ရီ ၉ ရက် နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိမည်
သင်္ဘောပေါ်တွင်ပါလာကြသည့် စေတနာ့ဝမ်ထမ်းများအကူအညီဖြင့် မလေးရှားနိုင်ငံ ပို့ကလန်ဆိပ်ကမ်းတွင် ကူညီ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်နေသည်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ကတွေ့ရစဉ် (Photo - Bernama News)

သင်္ဘောပေါ်တွင်ပါလာကြသည့် စေတနာ့ဝမ်ထမ်းများအကူအညီဖြင့် မလေးရှားနိုင်ငံ ပို့ကလန်ဆိပ်ကမ်းတွင် ကူညီ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်နေသည်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ကတွေ့ရစဉ် (Photo – Bernama News)

ဖြိုးထက်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အတွက် ကူညီထောက်ပံ့ရေးပစ္စည်း များ တင်ဆောင်လာသည့် မလေး ရှားသင်္ဘောသည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရန်ကုန်၊ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါသင်္ဘောဝယ် စေတ နာ့ဝန်ထမ်း ကူညီသူများ ၂ဝဝ ခန့် လိုက်ပါလာပြီး အစားအသောက်၊ ဆေးဝါးနှင့်အဝတ်အထည်ပစ္စည်း များ စုစုပေါင်းတန်ချိန် ၂၃ဝဝ တင်ဆောင်လာခြင်းဖြစ်သည်။

”ကျွန်တော်တို့ရဲ့ မစ်ရှင် အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း လိုအပ် တာတွေ ကူညီပေးကြပါတယ်”ဟု ယင်းသင်္ဘောတွင် စေတနာ့ဝန်ထမ်း အဖြစ် လိုက်ပါလာသည့် အသက် ၅၉ နှစ်အရွယ်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြော ပါသည်။

ကူညီထောက်ပံ့ရေးပစ္စည်း များတင်ဆောင်လာသည့် သင်္ဘော သည် ရန်ကုန်ရောက်သည်အထိ ၁၈ ရက်ကြာမျှ ခုတ်မောင်းလာ ရ ခြင်း ဖြစ်သည်။

အဆိုပါ ကူညီထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်သည့် သင်္ဘောဖြစ်မြောက်ရေးအတွက် 1Malaysia Putra Club  နှင့် အစ္စ လာမ် မစ် အဖွဲ့အစည်းများ၊ မလေးရှားအတိုင်ပင်ခံ ကောင်စီ တို့နှင့်အတူ တူရကီနိုင်ငံရှိ Turkiye Diyanet Vakfi ဖောင်ဒေးရှင်း တို့က ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*