မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည် နှင့် တွေ့ဆုံမေးမြန်းခြင်း

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည် နှင့် တွေ့ဆုံမေးမြန်းခြင်း
February 9, 2017 Asian Fame

2:08 pm
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည် နှင့် တွေ့ဆုံမေးမြန်းခြင်း

KyawSwanYeeကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်တို့၏ တစ်နှစ်တာ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် တို့နှင့် တွေ့ဆုံ မေးမြန်းခြင်း တို့ကို ပြီးခဲ့သည့် အပတ်များက ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုအပတ်တွင် လည်း မြန်မာနိုင်ငံ အလယ်ပိုင်းမှ အချက်အခြာ ကျသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သော မကွေးတိုင်း ဒေသကြီး လွှတ်တော်၏ တစ်နှစ် တာ ဆောင်ရွက်ချက်များ၊ တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည် များတို့ကို မကွေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည် အားတွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။

ဒုတိယအကြိမ် မကွေးတိုင်း ဒေသ ကြီး လွှတ်တော်ရဲ့ ထူးခြားတဲ့ အချက်ကို ပြောပြပါဆိုရင် ဦးကျော်စွမ်းရည် ဘယ်အချက်ကို အရင် ထုတ်ဖော် ပြောမလဲခင်ဗျ။

ပထမဦးဆုံး ထူးခြားတဲ့ အချက်ကို စပြောရရင် အရင် လွှတ်တော်ထက် ပိုပြီး ပွင့်လင်း မြင်သာမှု ရှိလာတယ် ဆိုတဲ့အချက် ပဲ။ ဒါကို ပြည် သူတွေ လည်း ကြားသိမှာပါ။ ပိုလျှံတဲ့ ဘတ်ဂျက် တွေ ထွက်ပေါ်လာတယ်။ ဒါ နောက်ထပ် ပြောင်းလဲမှု တစ်ခုပေါ့။ နောက်ပြီး တင်ဒါ ခေါ် ယူမှု အပိုင်း တွေ ပိုပြီး ပွင့်လင်းမြင်သာ သွား တယ်။ မြို့နယ်တွေရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဒါကိုလည်း အချိုး ညီညီ အကောင်အထည် ဖော်နိုင် စေဖို့ လွှတ်တော်က ဆောင်ရွက် ပေးနိုင်ခဲ့တယ်။ ဒါဟာ ဒုတိယ အကြိမ် မကွေးတိုင်း ဒေသကြီး လွှတ်တော်ရဲ့ ထူးခြားချက်တွေပါ။

လွှတ်တော်က ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေ အပေါ် လွှတ် တော်ကိုယ်စားလှယ် တစ်ဦးအနေ နဲ့ အားရ ကျေနပ်မှု ရှိပါသလား။

အားရ ကျေနပ်စရာ အများ ကြီး ရှိပါတယ်။ လွှတ်တော်နဲ့ အစိုးရ ပူးပေါင်းတယ်။ ဒါတင် မကသေးပါဘူး။ လွှတ်တော်က အစိုးရကို ထိန်းကျောင်းတယ်။ ဒါ တွေလုပ်နေတဲ့ အတွက်၊ လုပ်နိုင်တဲ့ အတွက် အားရကျေနပ်မှု ရှိပါ တယ်။

ဒုတိယ အကြိမ် တိုင်းလွှတ်တော် ရဲ့ သက်တမ်းဟာ အခုဆိုရင် တစ်နှစ် ပြည့်တော့ မှာဖြစ်ပါတယ်။ အဲဒီ  ကာလအတွင်းမှာ တိုင်း လွှတ်တော် က ဘယ် ဥပဒေတွေ ပြဋ္ဌာန်းပြီးပြီ လဲ၊ ဘယ်ဥပဒေတွေ ကို ပြင်ဆင် ခဲ့ပြီးပြီလဲ။

ကျွန်တော်တို့ရဲ့ လွှတ်တော် က သက်တမ်း အားဖြင့်လည်း သိပ် မကြာသေးဘူးလေ။ ဒီတော့ ဥပ ဒေပြဋ္ဌာန်း တာတွေ၊ ပြင် ဆင်တာ တွေတော့ အများကြီး မလုပ်နိုင် သေးဘူး။ ဒါပေမယ့် လည်းပဲ ရှေ့ လာမယ့် အစည်းအဝေး တွေ ထဲမှာတော့ ဥပဒေတွေ ပြဋ္ဌာန်းဖို့၊ ပြင်ဆင်ဖို့ ရှိနေတယ်လို့ သိရှိ ရပါတယ်။ ယစ်မျိုး ဥပဒေ၊ မော် တော်ယာဉ်နဲ့ ဆိပ်ခံတံတား ဥပ ဒေ စ တာတွေ ပြဋ္ဌာန်း သွားမှာပါ။ ကုန်လွန်ခဲ့တဲ့ အစည်းအဝေး တွေမှာတော့ အများဆုံး ကတော့ မေးခွန်းတွေပဲ မေးကြတာပေါ့ဗျာ။ ကြီးမားတဲ့ အဆိုတွေကို တင်တာ မျိုးတော့ မရှိဘူးဗျ။

တိုင်းအစိုးရ ရဲ့ လုပ်ပုံကိုင်ပုံ၊ လုပ်ရည်ကိုင်ရည် အပေါ်ကိုရော လွှတ်တော် ကိုယ်စားလှယ် တစ် ယောက် အနေနဲ့ အားရကျေ နပ် မှု ရှိလား။ တိုင်းအစိုးရက ပြည်သူ တွေအတွက် အပြောင်းအလဲ တစ် ရပ်ကို ဖော်ဆောင်ပေးလိုက်ပြီလို့ ခံစားနေ ရလား။

ကျွန်တော်တို့ မကွေးတိုင်း ဒေသကြီးဟာ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် ၁ဝဝ ရာခိုင်နှုန်း အပြည့် နိုင်တဲ့ တိုင်းတစ်တိုင်း ဖြစ်ပါတယ်။ လွှတ်တော် ကလည်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဖြစ်နေသလို တိုင်းအစိုးရ ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုး ရ ဖြစ် နေ ပါတယ်။ ဒီတော့ အားလုံးဟာ ကိုယ်တင်ထားတဲ့ အစိုးရ၊ ကိုယ့် လွှတ်တော် ဖြစ်နေပါတယ်။ ဒါပေ  မယ့်လည်း ပဲ ပြည်သူ တစ်ယောက် အနေနဲ့ ပြောရရင် တိုင်းအတွင်း ထူးထူးခြားခြား ပြောပလောက် တဲ့ ပြောင်းလဲမှုတော့ မတွေ့ရသေး ဘူး။ ကျွန်တော် ပြော ချင်တာက တော့ ကြီးကြီးမားမား ပြောင်းလဲ မှုကို ဆိုလိုတာပါ။ လုံးဝ မပြောင်း လဲဘူးလို့တော့ မဟုတ်ဘူး။ ပြောင်း တဲ့နေရာတွေ လည်း ပြောင်းကုန် ပါတယ်။ ဥပမာ လမ်းတွေအရင် ကထက် ပိုကောင်းလာတယ်ဗျာ။ ဒီလိုတွေတော့ ရှိပါတယ်။ အစိုးရ ရဲ့ လုပ်ပုံကိုင်ပုံ၊ လုပ်ရည် ကိုင်ရည် တွေကိုတော့ အားရတဲ့ အပိုင်းတွေ ရှိသလို၊ အားမရတဲ့ အပိုင်းတွေ လည်း ရှိပါတယ်။ ဒါကတော့ ဗျာ ဖြစ်လေ့ ဖြစ် ထရှိတဲ့ ခံစားချက်ပါ။ တိုင်းအစိုးရ ကလည်း ကြိုးစား လုပ်နေတာကို တွေ့နေရတယ် လေ။ ဒီတော့ အပြောင်းအလဲ က နောက်ပိုင်း ရှိလာလိမ့်မယ် လို့တော့ မျှော်လင့်ထားပါတယ်။

တိုင်းအစိုးရ နဲ့ တိုင်းလွှတ်တော် အကြား သဘောထား ကွဲလွဲတာ တို့၊ သဘောထား မတိုက်ဆိုင်တာ တို့ ရှိလားဗျ။

ကြီးကြီးမားမား မရှိပါဘူး။ သဘောထား ကွဲလွဲတဲ့ အပိုင်းလေး တွေတော့ ရှိတာပေါ့ဗျာ။ သဘော ထား မတိုက်ဆိုင်တဲ့ အချက်လေး တွေရှိတယ် ဆိုရင်တော့ ပိုမှန်တာ ပေါ့။ တိုင်းအစိုးရ လုပ်တဲ့ ကိစ္စတိုင်း လွှတ်တော်က သဘောတူ ရမယ် လို့တော့ မဖြစ်ဘူးလေ။ တူသင့်တဲ့ အပိုင်းတွေတော့ တူမှာပေါ့၊ ကွဲ လွဲသင့်တဲ့ အပိုင်းတွေတော့ ကွဲလွဲ မှာပေါ့။ ဒါကလည်း ကြီးကြီးမား မား မဟုတ်ပါဘူး။

လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ မေးခွန်းတွေကို တိုင်းအစိုးရ တာ ဝန်ရှိသူတွေ အနေနဲ့ လွှတ်တော် ထံ လာဖြေတဲ့ အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဲဒီ ဖြေကြားချက်တွေ အပေါ် အား ရကျေနပ်မှု ရှိပါသလားခင်ဗျ။

အားရ ကျေနပ်တဲ့ အပိုင်းတွေ ရှိသလို အားမရတဲ့ အပိုင်းတွေ လည်း ရှိတယ်ဗျ။ အဲဒီအခါကျ လို့ ရှိရင်တော့ ထပ်ဆင့် မေး ခွန်းတွေ မေးရတာပေါ့။ ကျွန်တော်တို့က ဥ ပဒေနဲ့ပဲ မေး၊ သူတို့ကလည်း ဥပ ဒေလမ်းကြောင်း အတိုင်း ဖြေကြ တဲ့အတွက် တစ်ခါ တလေတော့ အားမရဘူးပေါ့ဗျာ။ လိုအပ်ချက် လေးတွေတော့ အနည်း အကျဉ်း ရှိ တာပေါ့။ လွှတ်တော် ကိုယ်စား လှယ်တွေကလည်း ကိုယ့်ဒေသ အတွက် လောဘကြီးကြတယ်ဗျ။ ကိုယ့်ရဲ့ မဲဆန္ဒ နယ်မြေကို တိုးတက် ချင်ကြတယ်၊ ဖွံ့ဖြိုးစေချင်ကြတယ်။ ဒီတော့ ဒေသ လိုအပ် ချက်တွေ အများကြီး တောင်းကြတာပေါ့ ဗျာ။ ဒီအခါမှာ တိုင်းအစိုးရက သူ့ မှာ ရှိတဲ့ ဘတ်ဂျက် အနေအထား နဲ့ ဖော်ဆောင် ပေးနေရတော့ လွှတ် တော် ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေ အကုန်လုံးကို မလိုက်လျောပေးနိုင်ဘူး။ ခက်တာ ကလည်း အခု အကောင်အထည် ဖော်ပေးနေတာက ဟိုဘက်ကနေ ယူခဲ့ရတဲ့ ဘတ်ဂျက် အတိုင်း လုပ် နေရတာကိုး။ နောက်ပိုင်းတော့ အဆင်ပြေ သွားမှာပါ။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း ဘတ် ဂျက်ခွင့်ပြုငွေ ကျလာပြီဆိုရင် အားလုံးဟာ စိတ်ကျေနပ်မှု ရသွား ကြမှာပါ။

မကွေးတိုင်း အတွင်း အလျင်အမြန် ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်က ဘာများ ဖြစ်နေမလဲခင်ဗျ။

လယ်ယာမြေ ပြဿနာပါ။ ဒါ ကိုတော့ အလျင်အမြန်ဖြေရှင်းပေး သင့်တယ်ဗျာ။ အဲဒီဟာကို ပြေ လည်အောင် ဖြေရှင်းပေးသွားမယ် ဆိုရင်တော့ ကျွန်တော်တို့ တိုင်း လည်း တော်တော်ကိုဖွံ့ဖြိုးတိုး တက်သွားမယ်ဗျ။

အခြား ဘာတွေရော ရှိဦးမလဲဗျ။

ဒေသဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ဒေသခံတွေ အလုပ် အကိုင် အခွင့်အလမ်း ရရှိဖို့ အတွက် အလုပ်အကိုင် တွေကို အစိုးရ က ဖော်ဆောင်ပေးသင့် တယ်။ ကျွန်တော် ကြားတာပေါ့ လေ။ တိုင်းအတွင်းမှာ စက်မှုဇုန် တစ်ခု လုပ်ဖို့ ဆွေးနွေးနေတယ် လို့ သိရ တယ်။ ဒီစက်မှုဇုန် အကောင် အထည်ဖော်မယ်ဆိုရင်တော့ ဒေ သအတွက် အတော်လေးကို အကျိုး ရှိလာမယ်လို့တော့ ထင် တယ်။ အပြောင်း အလဲကို ဖော် ဆောင်တဲ့အခါမှာ ချက်ချင်းလက် ငင်း ဖော်ဆောင်လို့ရတဲ့ ကဏ္ဍ တွေ ရှိသလို၊ ဖြည်းဖြည်းနဲ့ တစ် ဆင့်ချင်း ဖော်ဆောင်ရမယ့် ကဏ္ဍ တွေလည်း ရှိပါတယ်။ ဒါကို တိုင်း အစိုးရက ဖော်ဆောင်သွားမှာ ဖြစ် သလို၊ တိုင်းလွှတ်တော် က လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ လုပ်နေတာကတော့ အဂ တိကင်းစင်ရေးပါ။ ပြီးတော့ ဘတ် ဂျက်သုံးစွဲမှု အပိုင်းပါ။ စစ်စစ် စီစီ အကျိုးရှိရှိ အသုံးပြုနေပါတယ်။ ပြည်သူ့ငွေတွေ အလဟဿ မဖြစ် သွားအောင် လွှတ်တော်ဘက်က ထိန်းညှိနေသလို၊ အစိုးရပိုင်းက လည်း ပြည်သူ့ဘဏ္ဍာကို အလေ အလွင့် မရှိအောင် ဆောင်ရွက်နေ တာကို တွေ့နေရပါတယ်။

အခုလို ဖြေပေးတာ ကျေးဇူးတင် ပါတယ်။

မင်းသုအောင် မေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*