ထိုင်းနှင့် မြန်မာကြား နယ်စပ်ဒေသများရှိ လမ်းများဖွံ့ ဖြိုးရေး အဓိကဆောင်ရွက်မည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ပြော

ထိုင်းနှင့် မြန်မာကြား နယ်စပ်ဒေသများရှိ လမ်းများဖွံ့ ဖြိုးရေး အဓိကဆောင်ရွက်မည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ပြော
February 9, 2017 Asian Fame

3:15 pm
ထိုင်းနှင့် မြန်မာကြား နယ်စပ်ဒေသများရှိ လမ်းများဖွံ့ ဖြိုးရေး အဓိကဆောင်ရွက်မည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ပြော

16521753_723412071156855_1898456350_n copy

HEZ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အကြား နယ်စပ်ဒေသ စီးပွားကူး သန်းမှုတွင် မဲဆောက်-မြဝတီနယ် စပ်သာမက ကျန်သည့် ထိုင်း-မြန် မာ နယ်စပ် တစ်လျှောက်လုံးရှိ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိ ယဝန်ကြီးချုပ် က ပြောသည်။

”လမ်းပန်းဆက်သွယ်ရေးများ ထပ်မံချဲ့ထွင်ပြီး မဖွံ့ဖြိုးသေးသည့် လမ်းများကို အဓိကဖွံ့ဖြိုးရေး ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိ ယဝန်ကြီးချုပ် Dr. Somkid Jatusripitak  က  ရန်ကုန်မြို့ရှိ Chatrium Hotel တွင်ပြုလုပ်သောThailand-Myanmar Business Cooperation တွင်ပြောဆိုလိုက် ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် စွမ်းအင် ကဏ္ဍ၊ ပညာရေး၊ှ SME ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် Financial  ကဏ္ဍများတွင် မြန်မာနှင့် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍများသည် အခွင့် အလမ်းကောင်းများ ဖြစ်သည့် အတွက် ကမ္ဘာ့ဈေး ကွက်သို့ ထိုး ဖောက်နိုင်ရန် ထိုင်းနှင့်ပူးပေါင်း ဆောင်ရွက် စေချင်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံငယ်များပူးပေါင်း ဆောင်ရွက်လျှင် ပိုမိုေ အာင်မြင် မည်ဖြစ်၍ အထူးသဖြင့် CLMVT   နိုင်ငံများ အနေဖြင့် ပိုမိုပူးပေါင်းပါ ဝင်စေချင်ကြောင်း ၄င်းက တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံ အကျိုးတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းနိုင်ငံ မှFederation of Thai Industries ဦးဆောင်သည့် ပုဂ္ဂလိကလုပ်ငန်း များက ကုန်သည်စက်မှု အသင်း ချုပ်ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များနှင့် ဖေဖော်ဝါရီ ၂ ရက်နေ့က နား လည်မှု စာချွန်လွှာ စုစုပေါင်း ၁၆ စောင် ရေးထိုးခဲ့ကြသည်။

ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် စက် မှုလက်မှုကဏ္ဍ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေး၊ နယ်စပ်ကုန်သွယ် မှုမြှင့်တင်ရေး၊ စွမ်းအင်နှင့် အခြေ ခံအဆောက်အအုံ တည်ဆောက် ရေး၊ ဧရာဝတီတိုင်း ဒေသကြီးအ တွင်း စက်မှုဇုန်များနှင့် ဆိပ်ကမ်း များအဆင်မြှင့်တင်ရေး၊ ဘဏ်လုပ် ငန်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ် Barcode   စနစ်GS1  နှင့် E- Wallet Platform စနစ်များ ကျယ် ပြန့် စွာ အသုံးပြုနိုင်ရေး၊ ကျန်းမာ ရေးဝန်ဆောင်မှုကဏ္ဍ၊ သကြား ထုတ်လုပ်ရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် FTI, Kasikorn Bank, Industrial Estate Authority of Thailand, T2P,  FT Energy Co; Ltd., SCB, Kluaynamthai Hospital, Mitrphol Sugar Corp  တို့နှင့် မြန်မာ့ စက်မှုကုန်ထုတ်လုပ်သူများ အသင်း၊ KBZ Bank, APEX Group, Delco Company, Ayeyarwaddy Development Public Co, Ltd နှင့် City Mart   တို့က အသီးသီး လက်မှတ်ရေး ထိုးခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*