3:00 pm
PN -042
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံတစ်ဝန်းရှိMPT အမှတ်တံ ဆိပ် အရောင်းဆိုင်များကို ရုံးပိတ်ရက်များ တွင်ပါ ဖွင့်လှစ်လျက် ရှိသဖြင့် ဆင်းကတ် မှတ်ပုံ တင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
MPT အမှတ်တံဆိပ် အရောင်းဆိုင်များ ကို ဖေဖော်ဝါရီ ၄ ရက်မှ စကာ စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ဖွင့်လှစ်ပေးထားပြီး ရုံးချိန်အ တွင်း မလာရောက်နိုင်သူများနှင့် ရုံးဖွင့်ရက်များတွင် အလုပ်များသူများ အ တွက် ရည်ရွယ် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းMPT မှ သိရသ ည်။
အဆိုပါ ဆိုင်များတွင် MPT သုံးစွဲသူ များ သိလိုသည့် အကြောင်းအရာများကို ကျွမ်းကျင်ဝန်ထမ်းများက ဖြေကြားပေးခြင်း၊ 4G ၀န်ဆောင်မှုကို အသုံးပြုရန်အတွက် ဆင်းကတ်များ၊ ဆင်းကတ်ပျက်စီးမှုနှင့် ပျောက်ဆုံးမှုတို့အတွက် ဆင်းကတ်အသစ် များနှင့် ပြန်လည် လဲလှယ်ပေးခြင်း စသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးလျက်ရှိ ကြောင်း သိရသည်။