မြို့ ၇ မြို့မှ ရှမ်း တိုင်းရင်းသားများ ပူးပေါင်းမှုဖြင့် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

မြို့ ၇ မြို့မှ ရှမ်း တိုင်းရင်းသားများ ပူးပေါင်းမှုဖြင့် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ
February 8, 2017 Asian Fame

1:56 pm
မြို့ ၇ မြို့မှ ရှမ်း တိုင်းရင်းသားများ ပူးပေါင်းမှုဖြင့် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

Local-News(မန္တလေး၊ ဖေဖော်ဝါရီ ၇)

(၇ဝ)ကြိမ်မြောက် ရှမ်းအမျိုး သားနေ့ အခမ်းအနားကို ရှမ်းတိုင်း သားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ (မန္တ လေး)၏ စီစဉ်မှုဖြင့် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ဝ နာရီက မန္တလေး တက္ကသိုလ် အင်းဝဆောင် အမှတ် ၂၇ တွင် ပြုလုပ်ခဲ့သည်။

ရှမ်းတိုင်းရင်းသား များစာပေ နှင့် ယဉ်ကျေးမှု ကော်မတီ အတွင်း ရေးမှူး စိုင်းလောင်(ဝ်)လျန်းက ”နှစ်စဉ်နှစ်တိုင်း ရှမ်း အမျိုး သားနေ့ ရောက်ပြီ ဆိုတာနဲ့ ရှမ်းအမျိုးသား နေ့ ရောက်နေပါပေါ့လား ဆိုတဲ့ အသိကလေး ရစေချင်လို့ပါ။ ကိုယ့် ရဲ့ ရှမ်း အမျိုးဂုဏ်ကို မမေ့ပျောက် စေချင်လို့ အခုလို နှစ်စဉ် နှစ်တိုင်း ကျင်းပကြတာပါ” ဟု ၄င်းက ပြော သည်။

ယခုနှစ် ရှမ်းအမျိုးသားနေ့ အ ခမ်းအနားတွင် မန္တလေးရောက် ရှမ်းတိုင်းရင်းသား များသာမက အ ခြားမြို့ ၇ မြို့မှ ရှမ်းတိုင်းရင်းသား များလည်း လာရောက် ပူးပေါင်း ပါဝင်ကြကြောင်း သိရသည်။

”မန္တလေး တက္ကသိုလ် အသီး သီးက ရှမ်းလူမျိုးတွေ တင်မကပါ ဘူး။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု တက္ကသိုလ်များ၊ တောင်ကြီး ပါ တယ်။ လားရှိုး၊ ရန်ကုန်၊ လွိုင်ကော် ကျိုင်းတုံ၊ မိုးညှင်း၊ မုံရွာတို့လည်း ပါပါတယ်” ဟုလည်း ၄င်းက ဆို သည်။

(၇ဝ) ကြိမ်မြောက် ရှမ်းအမျိုး သားနေ့ အခမ်းအနားကို တက္ကသိုလ် ထူးချွန် ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုအစီအစဉ်၊ ရှမ်း တိုင်းရင်းသား ရိုးရာအက အစီအ စဉ်များဖြင့် ကျင်းပပြုလုပ် ကြခြင်း ဖြစ်ပြီး အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်း ကျော်ဇော တက်ရောက် အားပေး ခဲ့သည်။

”နောက်နှစ် အခမ်းအနားတွေ မှာတော့ ရှမ်းတိုင်းရင်းသား စာပေ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ရည် ရွယ်ပြီး စာတမ်းဖတ်ပွဲ တွေပါ  ထည့်သွားဖို့ ရှိပါတယ်။ ဒါ ကျွန်မ တို့ရဲ့ နောက်လုပ်မယ့် ရည်ရွယ်ချက် ပဲ ဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်း သားများ စာပေ နှင့် ယဉ်ကျေး မှု ကော်မတီ တက္ကသိုလ်များ (မန္တလေး) ဥက္ကဋ္ဌ ဒေါက်တာ နန်းမြငွေ က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ပင်လုံ မြို့၌ ၁၉၄၇ ခုနှစ်  ပြည်ထောင်စု နေ့ မတိုင်ခင် ဖေဖော်ဝါရီ ၇ ရက် နေ့တွင် တိုင်းရင်းသား ပေါင်းစုံ စု စည်း ညီညွတ်ခဲ့ခြင်း အမှတ်တရ အ ဖြစ် ရှမ်းအမျိုးသားနေ့ကို သတ် မှတ်ခဲ့ခြင်း ဖြစ်သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*