ဦးနေဝင်း၊ ဦးကျော်ဦး တို့ ကိုပါ ထည့်သွင်း ရေတွက်လျှင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ပေးအပ်သည့် ရဲချုပ်၏ဂုဏ်ထူးဆောင်လက်မှတ်ရသူ ၅၁ ဦးအထိ ရှိလာ

ဦးနေဝင်း၊ ဦးကျော်ဦး တို့ ကိုပါ ထည့်သွင်း ရေတွက်လျှင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ပေးအပ်သည့် ရဲချုပ်၏ဂုဏ်ထူးဆောင်လက်မှတ်ရသူ ၅၁ ဦးအထိ ရှိလာ
February 8, 2017 Asian Fame

11:36 am
ဦးနေဝင်း၊ ဦးကျော်ဦး တို့ ကိုပါ ထည့်သွင်း ရေတွက်လျှင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ပေးအပ်သည့် ရဲချုပ်၏ဂုဏ်ထူးဆောင်လက်မှတ်ရသူ ၅၁ ဦးအထိ ရှိလာ

police

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ဦးကိုနီ လုပ်ကြံခံရမှုဖြစ်စဉ် တွင် တရားခံဖမ်းဆီးရမိရေး ပူး ပေါင်း ကူညီခဲ့သည့်  ဦးနေဝင်း၊ ဦးကျော်ဦးတို့ကိုပါ ထည့်သွင်းရေ တွက် လျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့်  ရဲချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ် ရရှိသူအရေအ တွက်မှာ စုစုပေါင်း ၅၁ ဦးရှိပြီ ဖြစ်   ကြောင်းသိရသည်။

ယင်း ၅၁ ဦးတွင် ယခုနှစ် ၂ဝ၁၇ ခုနှစ်အတွင်း ပထမဆုံးအ နေဖြင့် အငှားယာဉ်မောင်း ဦးနေ ဝင်းနှင့်ဦးကျော်ဦးတို့ကိုလည်း လာ မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိ သော စာရင်းများအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သဖြင့် ရဲချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့် ခံရသူများမှာ ၂ဝ၁၁ ခုနှစ် က ၄ ဦး၊ ၂ဝ၁၂ ခုနှစ်က ၁ ဦး၊ ၂ဝ၁၃ ခုနှစ်က ၄ ဦး၊ ၂ဝ၁၄ ခုနှစ်က ၂ဝ ဦး၊ ၂ဝ၁၅ ခုနှစ်က ၁၇ ဦးနှင့် ၂ဝ၁၆ ခုနှစ်က ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

ယင်းအထဲတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၃ ဦးအထိ စာရင်းရှိထားသည်။

ယခုနှစ်  ၂ဝ၁၇ ခုနှစ်အတွင်း ပထမဆုံးအနေဖြင့် ဂုဏ်ပြုခံရသော အငှားယာဉ်မောင်းဦးနေဝင်းနှင့်  ဦးကျော်ဦးတို့ကိုလည်း မြန် မာနိုင်ငံ  ရဲတပ်ဖွဲ့မှ ဂုဏ်ပြုဆုငွေများ ချီး မြှင့်ခဲ့ပြီး ဦးကျော်ဦးအား ဂုဏ်ပြုဆု ပေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေ ဆိပ်တွင် ကျင်းပခဲ့ပြီး ရဲချုပ်မှ ၅ သိန်း၊ လေကြောင်းရဲတပ်ဖွဲ့မှ ၂ သိန်းနှင့်  Yangon Aerodrome ကုမ္ပဏီမှသိန်း ၂ဝ ချီးမြှင့် ခဲ့သည်။

”ဦးကိုနီလုပ်ကြံခံရမှုမှာ ထိထိ ရောက်ရောက် ပူးပေါင်းကူညီပေး ခဲ့တဲ့ ဦးနေဝင်းနဲ့ ဦးကျော်ဝင်းတို့နဲ့ တကွ ဖမ်းဆီးပေးခဲ့ကြတဲ့ တက္ကစီ ဆရာတွေ၊ ပြည်သူ၊ ရဲတပ်ဖွဲ့ဝင်များ ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရဲလုပ်ငန်းစဉ်တွေမှာ တာဝန်သိစွာ ပူးပေါင်း ပါဝင်ပေးခဲ့တဲ့ ပြည်သူတွေကို မြန်မာနိုင်ငံ ရဲတပ် ဖွဲ့နေ့တွေမှာ ယခုလိုပဲချီးမြှင့်လေ့ ရှိပါတယ်”ဟု အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြဝင်း က ဂုဏ်ပြုချီးမြှင့်ပွဲ၌ အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုထိုက်သူများအဖြစ် ချီးကျူး ဂုဏ်ပြုခံရသူ ဦးနေဝင်းသည် ဦးကို နီကို လုပ်ကြံခဲ့သူ ကြည်လင်းကို အုတ်ခဲဖြင့် ပစ်ပေါက်ဖမ်းဆီးရင်း သေနတ်ဖြင့်အပစ်ခံမှုကြောင့် သေ ဆုံးခဲ့သည်။ ဦးကျော်ဦးမှာမူ လုပ် ကြံသူ ကြည်လင်းက သေနတ်ဖြင့်   ထောက်ပြီး ကားမောင်းရန် စေ ခိုင်းခံရသူဖြစ်ပြီး တရားခံဖမ်းဆီးရ မိရေး တစ်ဖက်တစ်လမ်းမှ ကူညီခဲ့ သူဖြစ်သည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*