2:45 pm
(အီရတ်၊ ဖေဖော်ဝါရီ ၇)
အစ္စလာမ်မစ် နိုင်ငံတော် အကြမ်းဖက် အဖွဲ့(IS)မှ သိမ်းဆည်းရရှိသည့် သတင်း အချက်အလက် အထောက်အထား များအရ ယင်းအဖွဲ့ တွင် ပါဝင် နေကြသည့် နိုင်ငံခြားသား အကြမ်းဖက်သမား များအနေဖြင့် တိုက်ပွဲများကို ငြင်းဆိုမှုများ ရှိကြကြောင်း သိရှိရသည်။
အဆိုပါ အထောက်အထား များတွင် ဘယ်လ်ဂျီယံ လူမျိုး အကြမ်းဖက် တစ်ဦးက သူ့ခါးနာမှုကြောင့် တိုက်ပွဲ မဝင်နိုင်ကြောင်း ၊ ပြင်သစ် လူမျိုး အကြမ်းဖက် တစ်ဦးက သူ့အနေဖြင့် အီရတ်ကို စွန့်ခွာ လိုပြီဖြစ်ကြောင်း အစရှိသဖြင့် တိုက်ပွဲဝင်ရန် ငြင်းဆိုမှုများ ရှိနေခဲ့ပြီး၊ ဆီးရီးယား စစ်မြေပြင် သို့ ပို့ပေးရန် တောင်းဆိုမှု အနည်းငယ်သာ ရှိကြောင်း တွေ့ရသည်။
အဆိုပါ အထောက်အထား များကို ဆီးရီးယားနိုင်ငံ မိုဆူးလ်မြို့ တိုက်ပွဲ တစ်ခုတွင် နိုင်ငံခြား အကြမ်းဖက်တို့ အများဆုံး ပါဝင်သည့် တာရစ်ဘင်ဇီ ယဒ် တပ်ရင်းထံမှ အီရပ် တပ်ဖွဲ့များက သိမ်းဆည်း ရမိခြင်းဖြစ်သည်။
PN002
ref: Yemen Raid Had Secret Target: Al Qaeda Leader Qassim Al-Rimi