ရန်ကုန်မြစ်တွင်းသွား ရေကြောင်းတက္ကစီလုပ်ခွင့်ရ ကုမ္ပဏီများကို ယခုလအတွင်း ရွေးချယ်ပေးမည်

ရန်ကုန်မြစ်တွင်းသွား ရေကြောင်းတက္ကစီလုပ်ခွင့်ရ ကုမ္ပဏီများကို ယခုလအတွင်း ရွေးချယ်ပေးမည်
February 8, 2017 Asian Fame

2:50 pm
ရန်ကုန်မြစ်တွင်းသွား ရေကြောင်းတက္ကစီလုပ်ခွင့်ရ ကုမ္ပဏီများကို ယခုလအတွင်း ရွေးချယ်ပေးမည်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်မြစ်အတွင်း ပြေးဆွဲ မည့် ရေကြောင်းတက္ကစီ စီမံကိန်း တွင် လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီများ ကို ယခုလအတွင်း ဆုံးဖြတ်ပေး သွား  မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)   မှ သိရသည်။

YRTA မှ ဒေါက်တာမောင် အောင်က ”တချို့ကတော့သင်္ဘော အဆင်သင့်ရှိပါတယ်။ တချို့က တော့ နိုင်ငံခြားသင်္ဘောလာရင် အ ကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သင်္ဘောဆောက်ရင် အနည်းဆုံး ၄၅ ရက်လောက်ကြာ မှာဖြစ်တယ်။ ဒါတွေက လည်း ကျွန် တော်တို့နဲ့ သက်ဆိုင်ပါတယ်။ ဝန် ဆောင်မှု အများဆုံးပေးနိုင်တဲ့သူ ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ စီမံကိန်းအတွက် လျှောက်ထားကြသည့် တင်ဒါများ ကို တင်ဒါစိစစ်ရေးအဖွဲ့က ရွေးချယ် သွားမည်ဖြစ်ပြီး တင်ဒါအောင်သော ကုမ္ပဏီသည် ရေကြောင်းတက္ကစီ စီမံကိန်းအတွက် အမြန်ရေယာဉ်ပြေး ဆွဲခြင်းနှင့် ဆိပ်ကမ်းတည်ဆောက် ရေးလုပ်ငန်းများ ကို ဆောင် ရွက်ရမည် ဖြစ်ကြောင်း YRTA   မှ သိရသည်။

အဆိုပါစီမံကိန်းအတွက် တင် ဒါလျှောက်လွှာများကို ၂ဝ၁၆  ခုနှစ် နိုဝင်ဘာ ၂ဝ ရက်နေ့မှ စတင်ရောင်း ချခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပိတ်သိမ်းခဲ့ရာ တင်ဒါလျှောက်ထား သည့် ကုမ္ပဏီနှစ်ခုသာရှိခဲ့သည်။

”ကုမ္ပဏီနှစ်ခုတော့ ရှိပါတယ်။ ဘယ်သူရမလဲဆိုတာတော့ မသိ သေးပါဘူး။ လမ်းကြောင်းကတော့ နှစ်ကြောင်း ရှိပါတယ်။ ငမိုးရိပ်   ချောင်းကတော့ သင်္ဘောသေးမှာ ဖြစ်တယ်။ ဟိုဘက်ကတော့ မြစ် ကြီးဖြစ်တဲ့အတွက် သင်္ဘောလည်း ကြီးမယ်။ ခရီးသည်တွေအတွက်ပါ များများတင်ဆောင်နိုင်မှာ ဖြစ် တယ်။ နှစ်ခုစလုံး ရသွားရင်လည်း ရသွားနိုင်တယ်။ တစ်ခုတည်းဖြစ် သွားရင်လည်း ဖြစ်သွားနိုင်ပါတယ်။ ရသွားတာနဲ့အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေး အတွက် အဆိုပါရေကြောင်းတက္ကစီ စီမံကိန်းကို အကောင်အထည်ဖော် ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီ စဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ရေကြောင်းတက္ကစီကို လှိုင်မြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းတို့ တွင်   ပြေးဆွဲသွားမည်ဖြစ်ပြီး လှိုင် မြစ်၊ ရန်ကုန်မြစ်တစ်လျှောက် လှိုင် သာယာမှ ပန်းဆိုးတန်းအထိ ပြေး ဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၇ ခု၊ ငမိုးရိပ်ချောင်း တစ်လျှောက်တွင် ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၁၁ ခု ပါဝင်ကြောင်းYRTA  မှ သိရသည်။

လှိုင်မြစ်၊ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်တွင် ခရီးသည် ၅ဝ မှ ၁ဝဝ ကြား တင်ဆောင်နိုင်သည့် ရေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး
ငမိုးရိပ်ချောင်း တစ်လျှောက်တွင် ခရီးသည် ၃၅ ဦးမှ ၆ဝ ကြား တင် ဆောင်နိုင်မည့် ရေယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်သည်။

YRTA သည် ရေကြောင်း တက္ကစီ ပြေးဆွဲနိုင်ရေးအတွက် မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ် ကမ်းတည်ဆောက် မည့်နေရာများ ကို  ယမန်နှစ် ဇူလိုင်လမှ စတင် လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*