ကမ်းနားလမ်း ညဈေး ဆိုင်နေရာများ အရောင်းအဝယ်လုပ်သည်ကို သိရှိပါက အတိအကျ တိုင်ကြားကြရန် မြို့တော်ဝန်ပြော

ကမ်းနားလမ်း ညဈေး ဆိုင်နေရာများ အရောင်းအဝယ်လုပ်သည်ကို သိရှိပါက အတိအကျ တိုင်ကြားကြရန် မြို့တော်ဝန်ပြော
February 8, 2017 Asian Fame

12:19 pm
ကမ်းနားလမ်း ညဈေး ဆိုင်နေရာများ အရောင်းအဝယ်လုပ်သည်ကို သိရှိပါက အတိအကျ တိုင်ကြားကြရန် မြို့တော်ဝန်ပြော

15215744_1135789053136421_80880966_o copy

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကမ်းနားလမ်းညဈေးမှ ဆိုင်ခန်း များကို အရောင်းအဝယ် လုပ်သူများ အား သိရှိပါက အတိအကျသတင်းပေး တိုင်ကြား စေလိုကြောင်း ရန်ကုန် မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြော သည်။

ကမ်းနားလမ်းညဈေးကို ယမန်နှစ် နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ဆိုင်ခန်း များကို အရောင်းအဝယ်လုပ်ကြသည် ဟု လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ တက်နေကြောင်း၊ ဈေးဆိုင် များကို ရောင်းစားသည် ဆိုသော သတင်းမှန် မမှန် မသိရသေးသည့် အတွက် မြို့တော်စည်ပင်သို့ အတိအ ကျ တိုင်ကြားမှသာ တိတိကျကျ အရေး ယူနိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ၄င်းကပြောသည်။

”မကြာသေးမီက  ကမ်းနားလမ်း ကို လမ်းဘေးဈေးသည်တွေကို လုပ် ပေးပါတယ်။ ပြီးတော့ ပြန်ရောင်းစား တာ သိန်း ၃ဝ ရတယ် ဆိုပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တက်လာတာ တွေ့ရ ပါတယ်။ ဝယ်တဲ့သူကလည်း ဝယ်တယ်။ ရောင်းတဲ့သူကလည်း ရောင်းတယ်။ ဒါ ကတော့ လွန်ပါတယ်” ဟု ၄င်းက ပြော သည်။

ဈေးသည်များအနေဖြင့် ဆိုင်ခန်း များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက ဆိုင်ခန်းများကို ပြန်အပ်ကြရန်နှင့် အ ခြားလိုအပ်သူများကို ဆိုင်ခန်းများပြန်ချ ပေးမည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့တွင်း လေးမြို့နယ် ဖြစ် သည့် လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားမြို့နယ်တို့မှ သစ်သီး နှင့် အစားအသောက်   ရောင်းချသူ များကို ကမ်းနားလမ်းတစ်လျှောက် နေရာပေးကာ နိုဝင်ဘာ ၂၃ ရက်မှစ၍ ညဈေး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ် သည်။

အလားတူပင်  ပုဇွန်တောင်မြို့ နယ်အပါအဝင် မြို့နယ် လေးမြို့နယ် တွင်လည်း လမ်းဘေးဈေးသည်များ အ ဆင်ပြေရေးအတွက် ညဈေးတန်းများ လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် ပုဇွန်တောင် ၅၂ လမ်း တွင် စတင် အကောင်အထည်ေ ဖာ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကင်း၊ တာမွေ၊ ထောက်ကြန့် စသည့် နေရာ များကိုပါ ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ၄င်းကပြောသည်။

ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ် ခဲ့သည့် ကမ်းနားလမ်း ညဈေးတန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ် ဖြင့် အကောင် အထည်ဖော် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယခု ဆောင်ရွက်မည့်  ညဈေးတန်းများကို လွှတ်တော်ကိုယ် စားလှယ်များနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတို့ ပူး ပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*