12:04 pm
အိမ်စည်
ရန်ကုန်၊ ဇန်နဝါရီ ၂၇
‘ရန်ကုန်မြို့အကြောင်း သင် ဘယ်လောက်သိပါသလဲ’ ဟု အမည်ပေးထားသည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့ (YHT) ၏ လမ်း လျှောက် လေ့လာရေးခရီး စဉ်တွင် လိုက်ပါလေ့လာလိုသူ အများစုမှာ လူငယ်များဖြစ်သည်ဟု သိရသည်။
အဆိုပါခရီးစဉ်သည် ၂ဝ၁၄ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ရန်ကုန်မြို့၏ ဖွဲ့စည်းပုံ အကြောင်း ဆွေးနွေးရှင်းပြခြင်း၊ ပန်းဆိုးတန်းလမ်းနှင့် ဆူးလေ တစ်ဝိုက် လမ်းလျှောက်လေ့လာရေး ခရီးစဉ်ကို တစ်လလျှင်နှစ်ကြိမ် ပြု လုပ်ပေးနေခြင်းဖြစ်သည်။
”စာရင်း ပေးတဲ့သူတွေက တော့ လူငယ်ပိုင်းတွေများတယ်။ လူကြီးပိုင်းတွေကတော့ နည်း တယ်။ ဒီခရီးစဉ်ကို ဖေ့စ်ဘွတ်မှာ ပဲကြေညာ တဲ့အတွက် ဖေ့စ်ဘွတ်ခ် သုံးတဲ့ လူငယ်ပိုင်းတွေလာတာများ တယ်” ဟုYHT မှ ပြန်ကြားရေး အရာရှိ မသီင်္ဂီလင်းကပြောသည်။
အဆိုပါခရီးစဉ်ကို တစ်ကြိမ် လျှင် ၃ဝ ဦးပါဝင်နိုင်ရန်အတွက် Yangon Heritage Trust ၏ ဖေ့စ် ဘွတ်ခ် စာမျက်နှာတွင် ကြေညာ၍ လိုက်ပါလိုသူများကို ဖုန်း (သို့ မဟုတ်) အီးမေးလ်ဖြင့် စာရင်းပေး နိုင်ကြောင်း ဖိတ်ခေါ်ရာတွင် စာ ရင်းပေးသူအများစုမှာ လူငယ် များပို၍ များခြင်းဖြစ်သည်ဟု ၄င်းကပြောသည်။
”ခရီးစဉ်ကို တိုးပေးဖို့ဆိုတာ ကတော့ စဉ်းတော့စဉ်စားနေတယ်။ လုပ်ဖို့ဆိုတာကတော့ နည်းနည်း ခက်တယ်။ ရုံးချိန်ပြင်ပကနေ အခမဲ့ လုပ်ပေးနေတာဖြစ်တယ်။ စေတနာ့ ဝန်ထမ်းတွေကလည်း သူတို့ပိတ် ရက်ကို လာလုပ်ပေးနေတာဖြစ်တဲ့ အတွက် လုပ်ရတာနည်းနည်း တော့ခက်တယ်။ ဒါပေမယ့် စဉ်း တော့စဉ်းစားနေပါတယ်။ ဘယ်လို လုပ်ပေးဖြစ်မလဲဆိုတာတော့ မပြောနိုင်သေးဘူး။ တိုးပေးနိုင် မလားဆိုတာကိုတော့ တိုင်ပင်နေ ကြပါတယ်” ဟု အထက်ပါပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ သည် ၂ဝ၁၂ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရာတွင် ကူညီပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း စသည်ဖြင့် လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။