သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်နိုင်ရေးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး ဖွင့်လှစ်သင်ကြားမည်

သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်နိုင်ရေးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး ဖွင့်လှစ်သင်ကြားမည်
February 3, 2017 Asian Fame

4:40 pm
သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်နိုင်ရေးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး ဖွင့်လှစ်သင်ကြားမည်

အိမ်စည်
ရန်ကုန်၊ ဇန်နဝါရီ ၂၇

ဘိုးဘွားများအား ပြုစုစောင့်ရှောက်မှုကို နားလည်သိရှိစေရန် နှင့် ဘိုးဘွားများ ပြုစုခြင်းဆိုင်ရာအလုပ်အကိုင်များ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်နိုင်ရေးသင်တန်းကို လူမှုဝန် ထမ်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

”ရည်ရွယ်တာကတော့ ဘိုးဘွားတွေကို စနစ်တကျစောင့်ရှောက် ဖို့နဲ့ လူငယ်တွေအတွက်ကျတော့ ဆယ်တန်းမအောင်ပေမယ့်လည်း အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေကို ကျွမ်းကျင်မှုတစ်ခုနဲ့ အလုပ် ရနိုင် အောင် ရည်ရွယ်တာပါ” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခုဖွင့်လှစ်မည့်သင်တန်းမှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး  ပထမ အကြိမ်အဖြစ်၂ဝ၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါသင်တန်းကို သက်ကြီးရွယ်အိုများ နေ့တစ်ပိုင်းစောင့်ရှောက် ရေးဂေဟာ (ရန်ကုန်)တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသက် ၁၈ မှ ၄၅ နှစ်အတွင်း မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းအား ဖေဖော်ဝါရီ ၆ ရက် တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း ကာလမှာ ၈ ပတ်ကြာမြင့်မည် ဖြစ်သည်။

”ဒီသင်တန်း တက်ပြီးသွားတဲ့သူတွေထဲမှာဆိုရင် လက်ရှိမှာ ဘိုး ဘွားရိပ်သာမှာ လုပ်နေတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့ အိမ် မှာလိုက်ပြီး လုပ်ပေးနေတဲ့သူတွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာကျတော့ ဂျပန်ကလည်းသူတို့လွှတ်တော်မှာ သက်ကြီးရွယ်အိုစောင့်ေ ရှာက်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ပေးမယ့်သူတွေကို နိုင်ငံရပ်ခြားက ခေါ်မယ် ဆိုပြီး အတည်ပြုပြီးတဲ့နောက်မှာ ဂျပန်ကုမ္ပဏီက လာပြီး ချိတ်ဆက် တယ်။ နောက်ပိုင်းမှာ ဌာနနဲ့သာ လက်မှတ်တွေ ဘာတွေ ထိုးပြီးသွားရင် ဒီသင်တန်းကနေ ထူးချွန်တဲ့သူတွေကို ဂျပန်ကိုခေါ်ပြီး အလုပ်ပေးဖို့ အတွက်လည်းရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

အဆိုပါသင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များမှာ ဇရာ ဗေဒ၊ စိတ်ပညာ၊ ကျန်းမာရေး ပြုစုစောင့်ရှောက်နည်း၊ ရှေးဦးသူနာပြုစု နည်း၊ သက်ကြီးများ၏ ကျန်းမာရေး၊ သက်ကြီးနှင့် အာဟာရ၊ သက်ကြီး နှင့် အားကစား၊ သက်ကြီးများနှင့် ပြောဆိုဆက်ဆံနည်းစသည်ဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။                     သင်ကြားပေးမည့်သူများမှာ လူမှုဝန်ထမ်းဦးစီးဌာနအပြင် စိတ် ပညာဌာန၊ မြန်မာနိုင် ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင် ပညာရှင်များ က သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါကဖုန်း ဝ၁-၆၅၇၉၁၄နှင့် ဝ၁-၆၅၇ဝ၁၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*