လယ်သမားများ အတွက် ထွန်စက်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနေ

လယ်သမားများ အတွက် ထွန်စက်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနေ
February 3, 2017 Asian Fame

1:41 pm
လယ်သမားများ အတွက် ထွန်စက်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနေ

10-July-(12)-copy(နေပြည်တော် ၊ ဖေဖော်ဝါရီ ၃)

မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ အတွက် လယ်ထွန်စက်များကို ၂နှစ် အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂ နှစ် အတွင်း ၃ ရစ်ဆပ် စနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး တောင်သူ လယ်သမားများ အနေဖြင့် ကြိုက်နှစ်သက်သော စက်များကို
ရွေးချယ် ၀ယ်ယူနိုင်သည်ဟု အဆိုပါ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်ကပြောသည် ။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပသော ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အပြီးတွင် ၄င်းက သတင်းမီဒီယာများ ကို အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

“တန်ဖိုး တစ်ခုလုံး ရင်းနှီးမြှပ်နှံစရာ မလိုဘဲနဲ့ ထိုက်သင့်တဲ့ အဖိုး အခလေးတွေ ပေးသွင်းရုံပဲ ၊ ထုတ်လုပ်မှုက ရလာတဲ့ ငွေတွေကို ပြန်ပေး သွင်းရုံဘဲ”ဟု ဒုဝန်ကြီးက ပြောသည် ။

၂၀၁၁ ခုနှစ် ဧပြီလ ၁ရက်နေ့မှ ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၃၁ ရက်နေ့အထိ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန စက်မှု လယ် ယာ ဦးစီးဌာနမှ လယ်ယာ ထွန်စက်ကြီး ၄၉၀ စီးနှင့် လက်တွန်း လယ်ယာ ထွန်စက် ၃၅၀၀၀ ကျော်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည် ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*