YBS အပြောင်းအလဲကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အမြင်ဖြင့် အကဲဖြတ်လေ့လာခြင်း

YBS အပြောင်းအလဲကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အမြင်ဖြင့် အကဲဖြတ်လေ့လာခြင်း
February 2, 2017 Asian Fame

3:30 pm
YBS အပြောင်းအလဲကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အမြင်ဖြင့် အကဲဖြတ်လေ့လာခြင်း

U-Ko-Ko-HlaingYBSရဲ့ ရန်ကုန် ဘတ်စ်ကား စနစ် အပြောင်းအလဲ အပေါ် ဒီက နေ့အထိ ဂယက် ရိုက်ခတ်မှုတွေက တော့ မပြီးသေးပါဘူး။ တချို့က လည်း တော်လှန်တဲ့ အပြောင်းအ လဲကြီးတစ်ခု အဖြစ် အကောင်းမြင် ကြတယ်။ တချို့ကလည်း သေချာ မပြင်ဆင်ဘဲ ဒရောသောပါး ထလုပ် ရသလား ဆိုပြီး အပြစ်တင်ကြတယ်။

ကျွန်တော် ကတော့ ဒီကိစ္စကို ပြည်သူ့ရေးရာ မူဝါဒပိုင်း ကနေ စီမံခန့်ခွဲမှု အမြင်နဲ့ လေ့လာ အကဲ ဖြတ်ကြည့်မိပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ဒီကိစ္စဟာ ရန်ကုန် တိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူအ များစုကြီးရဲ့ နေ့စဉ်ဘဝနဲ့ ပတ် သက်ပြီး အကြီးအကျယ် သက် ရောက်စေ တဲ့ မူဝါဒ ရေးရာ ကိစ္စ တစ်ခုဖြစ်နေလို့ပါ။ အဲဒီလို အရေး ပါတဲ့ မူဝါဒတစ်ခုကို ချမှတ်ဖော် ဆောင်ဖို့ စီမံခန့်ခွဲရတာဟာ စိတ် ဝင်စား ဖို့ ကောင်း သလို အတိမ်း အစောင်းမခံဘဲ သိမ်မွေ့တဲ့ လုပ် ငန်း တစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အပြောင်းအလဲ စီမံခန့် ခွဲမှု (Change Management) အပိုင်းကနေ ကြည့်ရင် အထူး စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပထမဆုံး ဒီအပြောင်းအလဲရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကို စပြီး လေ့လာကြည့်ချင်ပါတယ်။ ဒီ ကိစ္စမှာ အဓိက ရည်ရွယ်ချက် နှစ် ခု ရှိလိမ့်မယ် လို့ စဉ်းစားမိပါ တယ်။ ပထမ တစ်ချက်ကတော့ ရန်ကုန်မြို့ကြီး ရဲ့ ယာဉ်ကြောကျပ် တည်းမှု ပြဿနာ ကို လျှော့ချဖို့ ဖြစ်ပါ လိမ့်မယ်။ ဒုတိယ တစ်ချက် ကတော့ တစ်စီးနဲ့ တစ်စီး အပြိုင် မောင်း၊ ကျော်တက်၊ နှစ်ထပ် သုံး ထပ်ရပ်၊ ကွေ့ကြောထိပ် ပိတ်ရပ်၊ ခရီးသည် အပေါ် ရိုင်းပြ ရိုက်နှက် သတ်ဖြတ်တဲ့ အထိ ဆိုးသွမ်းလာ တဲ့ ဘတ်စ်ကား ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက် တွေကို ပြုပြင် ပြောင်းလဲဖို့ ဖြစ်ပါလိမ့်မယ်။ ဒီ ရည်ရွယ်ချက်တွေ ကတော့ ကောင်း မွန်မှန်ကန်ပြီး ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်ကို ဖော် ဆောင်နိုင်ဖို့ အတွက် ရည်မှန်းချက် အဆင့်ဆင့် ထားပြီး ဆောင်ရွက်ရာ မှာ ပထမဆုံး အဆင့် ရည်မှန်း ချက် အဖြစ်နဲ့ အခု အပြောင်းအလဲ ကို စတင်ခဲ့ပုံ ပေါ်ပါတယ်။ တစ် နည်းအားဖြင့် ကြားကာလ အစီအ မံပေါ့။ ကြားအဆင့် ရည်မှန်းချက် မှာ လုပ်ဆောင်ဖို့ လုပ်ငန်း နှစ်ခုကို အဓိက ရွေးချယ် ထားတယ်လို့ သုံး သပ်မိပါတယ်။ ပထမ လုပ်ငန်းက တော့ ယာဉ်ကြော ကျပ်တည်းတာ ကို လျှော့ချဖို့ အတွက် လမ်းတွေ ပေါ်မှာ ပြေးနေတဲ့ ယာဉ်စီးရေ လျှော့ချရာမှာ ဘတ်စ်ကားတွေရဲ့ အရေအတွက် ကို ပထမဆုံး လျှော့ ချဖို့ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ အဆိုအရ ယခင်က ရန် ကုန်မှာ ဘတ်စ်ကားစီးရေ ၇ဝဝဝ ကျော် ပြေးနေရာကနေ ၃ဝဝဝ ကျော်အထိ လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ဒီလိုစီးရေ လျှော့ချ တဲ့အပြင် ပြေးဆွဲနေခဲ့တဲ့ လိုင်း ပေါင်း ၄ဝဝ ကျော်ကနေ လိုင်း ပေါင်း ၆ဝ (နောင်မှာ ၇ဝ ဖြစ်လာ) အထိ လျှော့ချခဲ့ပါတယ်။ ဒီလို လုပ်ရတာက ရန်ကုန် တစ်မြို့လုံးမှာ ရှိတဲ့ လမ်းတော်တော် များများပေါ် မှာ ရောက်နေတဲ့ ဘတ်စ်ကားတွေ ကို လမ်းမကြီးတွေပေါ် စုပြီး တင် လိုက်တဲ့ သဘော၊ တစ်နည်း အား ဖြင့် ရေ ပိုက်သေးသေးလေးတွေ အများကြီးနဲ့ ကွန်ရက်သွယ်ထားမယ့် အစား ရေပိုက်ကြီးကြီး အနည်း ငယ်နဲ့ အစားထိုးပြီး သွယ်လိုက်ရင် ပိုက်တွေလည်း ရှင်းသွားမယ်။ ရေ အားလည်း ပိုကောင်းပြီး စီမံခန့်ခွဲဖို့ လည်း ပိုပြီး လွယ်လိမ့်မယ်လို့ ယူ ဆဟန်ရှိပါတယ်။

ဒုတိယလုပ်ငန်း ကတော့ အ ကွပ်မဲ့ ကြမ်းလို ဖြစ်နေတဲ့ ပုဂ္ဂလိက တစ်ဦးချင်းပိုင် ဘတ်စ်ကားတွေကို အများပိုင် ကုမ္ပဏီ ၈ ခုထဲ သွပ် သွင်းပြီး ထိန်းကျောင်း သွားဖို့ဖြစ် ပါတယ်။ အခုလို ဘတ်စ်ကား ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက် တွေ”ဆရာမနိုင် နှစ်ဆောင် ပြိုင်” ဖြစ်နေ ရတာဟာ လောဘ ဦး ဆောင်တဲ့ ”ကိုယ်ရ ကိုယ်ယူ” စနစ်ကြောင့် ဖြစ်တယ်လို့ ကောက် ချက်ဆွဲမှုကနေ ပေါ်ထွက်လာတာ ပါ။ ယာဉ်မောင်းနဲ့ နောက်လိုက် တွေကို ပုံမှန်လစာနဲ့ ခန့်ထားလိုက် ရင် လောဘဖိအား မရှိတော့တဲ့ အတွက် လုမောင်း၊ ကျော်မောင်း၊ ခရီးသည်ကို ကန်ချတာမျိုးတွေ မရှိတော့ဘူး ဆိုတဲ့ ကုစားချက်နဲ့ အဖြေရှာခြင်း ဖြစ်ပါလိမ့်မယ်။ လောလောဆယ် ကြားကာလမှာ တော့ ”ကိုယ်ရ ကိုယ်ယူ” စနစ် အ စား ”ရသမျှအပ် ဝေပုံကျ ခွဲယူ” စနစ်ကို စပြီး ပြောင်းလဲပေမယ့် ယာဉ်ပိုင်ဆိုင်မှု ကတော့ မူလယာဉ် ပိုင်ရှင်တွေရဲ့ လက်ထဲမှာပဲ ရှိနေဦး မှာ ဖြစ်ပါတယ်။

အဲဒီတော့ ဒီကြားကာလ ရည် မှန်းချက် လုပ်ငန်း အစီအမံတွေနဲ့ ပတ်သက်ပြီး အဆင်ပြေ၊ မပြေဆို တာ အများ ကြားသိကြပြီး ဖြစ်လို့ အထူး မဆွေးနွေးလိုပါဘူး။ သို့ သော် စီမံခန့်ခွဲ ဖော်ဆောင်မှုနဲ့ ပတ်သက်လို့တော့ ခြုံငုံ စီမံခန့်ခွဲမှု Macro Management  နဲ့ အ သေး စိတ် စီမံခန့်ခွဲမှု Micro Management  အမြင်နှစ်မျိုးကနေ ဆွေးနွေးချင်ပါတယ်။

ခြုံငုံ စီမံခန့်ခွဲမှု အမြင်ကနေ ဆွေးနွေးရရင်တော့ စီမံခန့်ခွဲမှုမှာ လုပ်ဆောင်ရတဲ့ အဆင့်တွေဖြစ်တဲ့ သတင်း အချက်အလက် ကောက် ယူမှု၊ ရရှိတဲ့ သတင်း အချက်အလက် တွေက တစ်ဆင့် ဆန်းစစ်လေ့လာသု  တေသနပြုပြီး ဖော်ထုတ်မှု၊  ဖော် ထုတ် ရရှိချက်တွေ အရ လုပ်ဆောင် ရမယ့် ရည်မှန်းချက်တွေကို ချမှတ် ပြီး လုပ်ငန်း စီမံချက်တွေကို ရေး ဆွဲမှု၊ မိမိတို့ ရေးဆွဲထားတဲ့ လုပ် ငန်း စီမံချက်တွေရဲ့ အကျိုးအ ပြစ်နဲ့ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ဆို တာ ပြန်လှန် သုံးသပ် အကဲဖြတ်မှုနဲ့ လိုအပ်ရင် ရှေ့ပြေး စမ်းသပ်လုပ် ဆောင်မှုတွေ လုပ်ကိုင် ကြည့်မှု၊ ထွက်ပေါ်လာတဲ့ သင်ခန်းစာတွေ အပေါ်မှာ ပြန်လည် သုံးသပ်ပြီး အ သေးစိတ် စီမံချက်ရေးဆွဲ၊ လိုအပ်တဲ့ အုပ်ချုပ် ထောက် ပံ့မှုတွေ ပြင်ဆင် ဖြည့်ဆည်း၊ ပါဝင်မယ့်သူတွေကို ပညာပေး လေ့ကျင့်သင်ကြား၊ လို အပ်ရင် အကြိမ်ကြိမ် ဇာတ်တိုက် ပြင်ဆင်မှု၊ မမျှော် မှန်းနိုင်တဲ့ အ ခြေအနေ၊ ပြဿနာတွေ ကြုံတွေ့ရင် အရေးပေါ် ဖြေရှင်းနိုင်အောင် အရန် နည်းလမ်းတွေ ပြင်ဆင် ထားမှု၊   ပြင်ဆင် မှုတွေ ရာနှုန်း ပြည့် စိတ်ချရပြီ ဆိုတဲ့အခါကျမှ သင့်တော်တဲ့ အချိန်ကာလကို ရွေး ချယ် အကောင်အထည်ဖော်မှု ဆို တဲ့ အဆင့်တွေ ဘယ်လောက် ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံ စုံ လုပ်ခဲ့သလဲ ဆိုတာကို ပထမဆုံး အကဲဖြတ်ရမှာ ဖြစ်ပါတယ်။

အရှိအတိုင်း အားနာစွာနဲ့ပဲ အကဲဖြတ် ရရင်တော့ ဒီလုပ်ငန်းစဉ် အဆင့်တွေ လုပ်ခဲ့ရာမှာ အားနည်း မှုတွေ ရှိခဲ့ပါတယ်လို့ပဲ သုံးသပ်မိ ပါတယ်။ အဓိကကတော့ လုံ လောက်တဲ့ အချိန်နဲ့ အရင်းအမြစ် ကို မသုံးခဲ့ဘူးလို့ မြင်ပါတယ်။ မြန် မာနိုင်ငံရဲ့ လူဦးရေ ခုနစ်ပုံတစ် ပုံ (၁၄ ရာခိုင်နှုန်း) လောက် နေထိုင် ပြီး နေ့စဉ်လူပေါင်း သိန်းနှစ်ဆယ် ကျော်၊ သုံးဆယ်နီးပါး ဘတ်စ် ကားကို အသုံးပြုနေကြရပြီး တခြား အားထား လောက်စရာ သယ်ယူပို့ ဆောင်ရေး နည်းလမ်းမရှိတဲ့ ရန် ကုန်မြို့ရဲ့ ဘတ်စ်ကား စနစ်ကို ပြုပြင်ပြောင်းလဲဖို့ စပြီး ပြောဆို မှုကနေ ၁ဝ လတောင် မပြည့်တဲ့ ကာလ အတွင်းမှာ တက်သုတ်ရိုက် အကောင်အထည် ဖော်ခဲ့တာဟာ အချိန်ကို လုံလောက်အောင် မသုံး ခဲ့ဘူးလို့ မြင်ပါတယ်။ ဒီနေရာမှာ စင်ကာပူက ပြုပြင်ပြောင်းလဲမှုက လေး တစ်ခုအကြောင်း နမူနာ ပြောပြပါရစေ။

စင်ကာပူမှာ မူလတန်းကျောင်းတွေ ကို နှစ်ချိန်ကျောင်း အဖြစ်ခွဲပြီး တက်ကြတဲ့အတွက် မိဘတွေပို့ရ ကြိုရတာလည်း အလုပ်ချိန် ထိခိုက် တယ်။ ကလေးတွေကို ကျောင်း အားတဲ့နေ့တစ်ဝက်မှာ ထိန်းရခက် တယ်။ တစ်နေကုန် ကျောင်းဆိုရင် ကျောင်းပို့ရတာလည်း အဆင်ပြေ တယ်။ ကလေးတွေကိုလည်း စာ အပြင် အနုပညာ၊ အားကစားစတဲ့ ဖွံ့ဖြိုးမှု အတွက် ပိုပြီးသင်ကြားပေး နိုင်မယ် ဆိုပြီး နှစ် ချိန်ကျောင်း ကနေ တစ်ချိန်ကျောင်းကို ပြောင်းဖို့ စဉ်း စားခဲ့ကြပါတယ်။ အဲလို စဉ်းစားပြီး နောက်မှာတော့ တစ်ချိန်ကျောင်း ရှိတဲ့ ဗြိတိန်တို့ လို နိုင်ငံတွေကို ပညာရှင် အဖွဲ့နဲ့ သွားလေ့လာတာ တွေ၊ စင်ကာပူ ကျောင်းတွေရဲ့ အ ချက်အလက် လေ့လာစုဆောင်း တာတွေ ၊ ရှေ့ပြေး စီမံချက်နဲ့ စမ်း သပ်ကြည့်တာတွေ စုစုပေါင်း သုံး နှစ်လောက် လုပ်ကြည့်ပြီးတော့မှ အစိုးရက ဘတ်ဂျက် ငွေ သန်းပေါင်း များစွာ ချပေးပြီး ပြောင်းလဲခဲ့ပါ တယ်။ ဒါပေမယ့် ရေရှည်မှာ ပင် ပန်းတဲ့ဒဏ်ကို ဆရာတွေလည်း မခံနိုင်၊ ကျောင်း သားတွေ လည်း မ ခံနိုင်တဲ့အတွက် စီမံချက် မအောင် မြင်ဘဲ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အဲဒီကိစ္စ နဲ့ နှိုင်းယှဉ်ရင် အပြောင်း အလဲ ပမာဏနဲ့ သက်ရောက်မှု ပိုမို ကြီးမားတဲ့ ဘတ်စ်ကား စနစ်ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်ရာမှာ ပိုပြီး အချိန်ယူ မပြင်ဆင်သင့်ဘူး လား၊ အုပ်ချုပ် ထောက် ပံ့မှုတွေပို ပြီးကောင်းအောင် မလုပ်သင့်ဘူး လား၊ ရှေ့ပြေး စီမံချက်နဲ့ အစိတ် အပိုင်း တစ်ခုလောက်မှာ စမ်းသပ် ပြီး လုပ်ကြည့်ပြီးမှ အပြည့်အစုံ ဖော်ဆောင်တာမျိုး မလုပ်သင့်ဘူး လားလို့ မေးခွန်း ထုတ်စရာဖြစ်လာ ပါတယ်။

ဒုတိယ အချက် ကတော့ ဘတ်စ် ကားစီးရေ လျှော့ချမှုနဲ့ ခရီးစဉ်လိုင်း အရေအတွက် လျှော့ချမှုမှာ Supply Side နဲ့ Demand Side တို့ရဲ့ သဘော သဘာဝကို သေချာတွက် ချက် စဉ်းစားခဲ့ရဲ့လားဆိုတဲ့ မေး ခွန်းဖြစ်ပါတယ်။  စီမံသူများ အနေ နဲ့ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ် ကား ၇၄ဝဝ လောက်ဟာ လို တာထက် ပိုနေတယ်၊ ခရီးစဉ် လိုင်းပေါင်း ၄ဝဝ ကျော်ဟာလည်း မလိုအပ်ဘဲ ထပ်နေတယ် လို့ သဘောထား ရှိခဲ့ပုံရပါတယ်။ ဒါ ပေမယ့် ဘာကြောင့် ဒီလောက် ဘတ်စ်ကားတွေ ပိုပြီး လိုင်းတွေ ထပ်နေရတာလဲဆိုတဲ့ နောက်ကွယ် က ယုတ္တိဗေဒ Logic ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေစဉ်းစား ခဲ့မှုနည်းခဲ့တယ် လို့ ထင်ပါတယ်။ ရန်ကုန်ရဲ့ လူမှုစီးပွားရေး ပုံစံအရ  ရုံးတွေ ကုမ္ပဏီလုပ်ငန်း အများစု က မြို့လယ်မှာရှိပြီး အောက်ခြေနဲ့ အလယ်အလတ် ဝန်ထမ်း အများစု က ဆင်ခြေဖုံး မှာ နေကြ တာဖြစ်ပါ တယ်။ ဒါကြောင့် မနက်ပိုင်း ရုံးတက် ချိန်မှာ လူစီးကြောင်းကြီးဟာ မြို့ ပြင်ကနေ မြို့တွင်းကို အဓိကစီးဝင် ပြီး ညနေ ရုံးဆင်းချိန် မှာ မြို့ထဲက နေ မြို့ပြင်ကို ပြန်ထွက်ပါတယ်။ အဲဒီ ယာဉ်ကြော အရှုပ်ဆုံးအချိန် မှာ လူ ဆယ်သိန်းလောက်ကို ကား အစီးသုံးထောင်လောက်နဲ့ တစ် နာရီ၊ နှစ်နာရီ အတွင်း ခရီးဆုံးအ ရောက်ပို့ပေးဖို့ ဖြစ်နိုင်ပါ့မလား ဆို တာ ကိုယ့်ဖာသာကိုယ်ပဲ တွက် ချက်ကြည့် နိုင်ပါတယ်။ သာမန် တွက်ရင်တော့ ၁ဝဝဝဝဝဝ ÷ ၃ဝဝဝ = ၃၃၃.၃ ယောက်၊ လမ်းဆင်း၊ လမ်းတက် နဲ့ဆိုရင် လုံလောက် တယ်လို့ ပြောမှာပါ။ ဒါပေမယ့် ကားအစီး ၃ဝဝဝ စလုံးက အသွား အပြန်ခရီး တစ်ကြောင်းတည်းမှာပဲ ရှိတာ မဟုတ်လို့ ၂ နဲ့ စားလိုက်ရင် ကား ၁၅ဝဝ ပဲ ခရီး တစ်ကြောင်းမှာ ရှိသွားမှာပါ။

ဒါပေမယ့် ခရီးသည် ကတော့ အချိုးမညီပါဘူး။ မနက် ပိုင်းမှာ မြို့ထဲ အသွားများပြီး ညနေ မှာ မြို့ပြင် အပြန် များနေတာ ဖြစ် ပါတယ်။ အချိန်ကလည်း မြို့ပြင်က ဝန်ထမ်း တစ်ယောက်ဟာ မနက် ၅ နာရီခွဲလောက် ထမှ ထမင်းချက်၊ ဟင်းချက်၊ ဟင်းနွှေး၊ ကိုယ်လက် သန့်စင်၊ အဝတ်လဲ၊ ထမင်းချိုင့် ထည့်၊ အိမ်သူအိမ်သားတွေ အ တွက် ပြင်ဆင် စတဲ့ အချိန်ပေါင်း ထည့်လိုက်ရင် မနက် ၇ နာရီမှာ ဘတ်စ်ကား မှတ်တိုင်ရောက်ဖို့ အနိုင်နိုင် လုပ်ရပါတယ်။ ၇ နာရီနဲ့ ၈ နာရီကြား မှာမှ ကားစီးလို့မရရင် ရုံးကိုရုံးချိန်  ၉ နာရီ ဘယ်လိုမှ မမီနိုင်ပါဘူး။ ဒါ့ကြောင့် မနက် ပိုင်းရုံးတက်ချိန် ကားစီးဖို့ အချိန် တစ်နာရီပဲ ရပါတယ်။ အဲဒီအချိန် တစ်နာရီမှာ တစ်မိနစ် ကားတစ်စီး လာရင်တောင်မှ ကား ၆ဝ ပဲရှိပါ တယ်။ ကားတစ်စီး လူ ၅ဝ တင်ရင် လူ ပေါင်း ၃ဝဝဝ ပဲ တင်နိုင်မယ်။ ယာဉ်လိုင်း ၇ဝ ဆိုတော့ နှစ်သိန်း တစ်သောင်းပဲ တင်နိုင်မယ်။ ကျန် တဲ့ သိန်းပေါင်းများစွာ ဘယ်လိုမှ ရုံးမမီနိုင်တော့ပါ။ တကယ်တော့ တစ်မိနစ် တစ်စီးလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆို တော့ လမ်းပေါ်မှာ ဘတ်စ်ကား တွေချည်းရှိတာ မဟုတ်။ ကိုယ်ပိုင် ကားတွေက သိန်းနဲ့ချီပြီး လမ်းပေါ် ရောက်နေသလို မီးပွိုင့်တွေက လည်း တစ်ခါမိရင် ငါးမိနစ်လောက် တော့ အနည်းဆုံး ပိတ်မိနေတာဖြစ် ပါတယ်။ ကိုယ်တွေ့ ပါ။ တကယ် တော့ ဒီပြဿနာက မြို့တွင်း ၆ မြို့နယ်မှာ ရုံးတွေ စုပြုံနေလို့ ဖြစ် လာရတဲ့ မြို့ပြစီမံ ခန့်ခွဲမှုပြဿနာ ပါ။ ဒါကို ပြေလည်စေ ဖို့ ဆိုရင် နည်းက နှစ်နည်း ပဲရှိပါတယ်။ လုပ် ငန်း၊ ရုံးနယ်မြေတွေကို ဖြန့်ခွဲထူ ထောင်ဖို့နဲ့ သယ်ယူ ပို့ဆောင်ရေး နည်းလမ်း (မြေအောက်ရထား၊ မိုး ပျံရထား စတာတွေ)ကို တိုးချဲ့လုပ် ဆောင်ဖို့ ဖြစ်ပါတယ်။ လောလော ဆယ်မှာ ဒီနည်းလမ်းနှစ်ခု စလုံးအ တွက် အဆင်သင့် မဖြစ်သေးလို့ ဘတ်စ်ကား သရဏံ ဂစ္ဆာမိနေရ တာ ဖြစ်ပါတယ်။ သာမန်လူထုရဲ့ တစ်ခုတည်းသော အားကိုးရာ ဖြစ်တဲ့ ဘတ်စ်ကားကို အရေအ တွက်ရော၊ ခရီးစဉ်လိုင်းပါ လျှော့ချ လိုက်ခြင်းဖြင့် ဒီပြဿနာ ပြေလည် မသွားနိုင်ဘဲ နာတာရှည် ဖြစ် သွား နိုင်ကြောင်း တွက်ဆ မိပါတယ်။ ရှေးတုန်းကလည်း ဒီပြဿနာရှိခဲ့ လို့ ရုံးတက်၊ ရုံးဆင်းချိန်မှာ ‘စုပုံ ရှင်း’ဆိုပြီး မထသကားတွေ ချော ဆွဲပြီးတော့ အရေးပေါ် နည်းနဲ့ ဖြေ ရှင်းခဲ့ဖူးပါတယ်။ ရေရှည်မှာ မပြေ လည်ခဲ့ပါဘူး။

နောက်တစ်ချက်ကတော့ ပိုင် ဆိုင်မှုနဲ့ အကျိုးအမြတ် ခွဲဝေမှု စနစ်ပါ။ ဒါက ယာဉ်ပိုင်ရှင်နဲ့ ယာဉ်အမှုထမ်းတွေ အတွက် အ ရေးကြီးပါတယ်။ ယခုကြားကာလ အစီအစဉ်မှာ ပိုင်ဆိုင်မှုပုံစံ (တစ် ဦးချင်းပိုင်) မပြောင်းဘဲနဲ့ အကျိုး အမြတ်ခွဲဝေမှု ပုံစံ (ရသမျှငွေ စု ပေါင်းပြီး ဝေပုံကျ ခွဲယူစနစ်)ကို ပြောင်းလိုက်တာဟာ လူ့စိတ်သ ဘာဝနဲ့ ဆန့်ကျင်နေပါတယ်။ ပြီး တော့ ဈေးကွက် စီးပွားရေးရဲ့ အ နှစ်သာရနဲ့လည်း ကင်းကွာနေပါ တယ်။ တကယ်တော့ လုပ်နိုင်သ လောက် အားလုံးဝိုင်းလုပ်၊ ရသမျှ  ကို ညီတူညီမျှ ခွဲဝေခံစား ဆိုတာ ကွန်မြူနစ်တွေ ရဲ့ ဘုံအဖွဲ့တွေမှာ ကျင့်သုံးခဲ့တဲ့ နည်းမျိုးဖြစ်နေပါ တယ်။ တရုတ်လို ကွန်မြူနစ်နိုင်ငံ မှာတောင် မအောင်မြင်ခဲ့လို့ ဈေး ကွက်စီးပွားရေး စနစ်ကို ပြောင်းပြီး ကျင့်သုံးနေရတာ တွေ့နိုင်ပါတယ်။  နောက်တစ်ခုက လက်ရှိ ဦးစီးနေတဲ့ အများပိုင် ကုမ္ပဏီတွေက အကျိုး အမြတ် ခွဲဝေရာမှာတော့ ပါမယ်၊ ကားတွေရဲ့ အုပ်ချုပ် ထောက်ပံ့မှု ကိစ္စ (ဆီဖြည့်၊ ပြုပြင်ထိန်းသိမ်း) ကိုတော့ တာဝန်မယူဘူး ဆိုရင် ယာဉ်ပိုင်ရှင်တွေ အပေါ်မှာ ဒီဝန် က ဆက်ရှိနေပြီး ရတဲ့ အကျိုးအ မြတ် လျော့ကျသွားတဲ့ အခါ ဘယ် သူမှ ဒီအစီအစဉ်အပေါ် စိတ်ပါကြ တော့မှာ မဟုတ်ပါဘူး။ ကုမ္ပဏီ ပုံစံ တကယ်ဖြစ်ချင်ရင် ကားတစ်စီး စီ ရာဖြတ် တန်ဖိုးသင့်၊ ပိုင်ရှင်တွေ ရဲ့ အီကွီတီရှယ်ယာတွေ အဖြစ် စာ ရင်းသွင်း၊ ကားရော ဝန်ထမ်းတွေ ပါလွှဲယူလိုက်၊ အုပ်ချုပ်ထောက်ပံ့ မှုတွေအားလုံး ကုမ္ပဏီက တာဝန် ယူ။ ယာဉ်ပိုင်ရှင် တွေက နှစ်ကုန် ရင် အမြတ်ဝေစု ထုတ်ယူ။ ဒီလို ကော လုပ်ဖို့ အဆင်သင့် ဖြစ်ပြီ လား။ မူလ ပိုင်ရှင်တွေကရော ဒီ ပုံစံ (နှစ်ကုန်မှ ပိုက်ဆံရမယ့်ပုံစံ) ကို ကြိုက်ကြမှာလား။ မြတ်ရင် တော်ရဲ့၊ ကုမ္ပဏီလက်ထက်ကျမှ အရှုံးပေါ်တယ်ဆို ဘယ်လိုလုပ်ရ ပါ့။

ပြောစရာတွေကတော့ များပါ တယ်။ အသေးစိတ် စီမံခန့်ခွဲမှု ဘက် နည်းနည်း လှည့်ကြည့်ရင် စီး သူတွေဘက်က ကားအဆင့်ဆင့် ပိုစီးရလို့ ငွေပိုကုန်နေရတဲ့ ကိစ္စ၊ အ ချိန်ပိုကြာတဲ့ ကိစ္စ၊ ဘတ်စ်ကားစီး လူတန်းစားရဲ့ တစ်လဝင်ငွေနဲ့ နေ့ စဉ်ဘတ်စ်ကားစီး လို့ အပိုကုန်ကျ လာရတဲ့ ဝန်ထုပ်ဝန်ပိုးကို တွက် ကြည့်ဖို့ လိုပါပြီ။ အချိန်တွေ နေ့ စဉ်ပိုပြီး ဆုံးရှုံးရတာ တစ်ဦးချင်း ရဲ့ နေ့စဉ် ဘဝ အတွက်ရော၊ နိုင်ငံအ တွက်ပါ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ယာဉ်နောက်လိုက် မထားချင်လို့ ကတ်စနစ် ကျင့်သုံးမယ်ဆိုလည်း စိန်ခေါ်မှုတွေက အများကြီးပါ။ နယ်က ရောက်လာလို့ ကတ်မရှိတဲ့ သူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စား ရလို့ ကတ်ဖိုး ထောင်ဂဏန်း လောက်တောင်မှ ကြိုသုံးမထား နိုင်သူတွေအတွက် ဘယ်လိုလုပ် ကြမလဲ။ ပြောချင်တာက အစီအ စဉ်တွေဟာ လက်တွေ့ကျဖို့လိုပါ တယ်။ မဟုတ်ရင် လုပ်ကြည့်လိုက်၊ အဆင်မပြေရင် တစ်မျိုးပြန်ပြင် လိုက်နဲ့ စမ်း-မှားသင်ယူမ(Trial and Error)  ပုံစံက ပြီးတော့မှာ မဟုတ်ပါဘူး။ စီစဉ်သူတွေ သိ ထားသင့်တာက အစီအစဉ်တိုင်းမှာ အစမ်းသပ်ခံနေကြရတာက လူ တွေ၊ ပြည်သူတွေပါ။ သူတို့ဘဝ တွေနဲ့ရင်းပြီး အစမ်းခံနေကြရ တာပါ။ ဒါကြောင့် ခဏ ခဏတော့ မမှားစေချင်ပါဘူး။ မြန်မြန် အ ဆင်ပြေသွားရင် နိုင်ငံရေး အ ကျိုးအမြတ် ရနိုင်ပေ မယ့် ခဏ ခဏ အဆင်မပြေတာတွေ များ လာကြရင် ရှိထားတဲ့ နိုင်ငံရေး အရင်းအနှီးလေးတွေ ပွန်းပဲ့တိုက် စားသွားနိုင် တယ် ဆိုတာ သတိပြုဖို့ လိုမယ်ထင်ပါတယ်။ ‘အပြောင်း အလဲတွေ လုပ်တဲ့နေရာ မှာ မြစ် ချောင်းတွေ ကူးတဲ့အခါ ရေ အောက် ကြမ်းပြင် က ကျောက်ခဲ တွေကို ခြေထောက်နဲ့ စမ်းကြည့်ပြီး သေချာမှ ဖြည်းဖြည်းချင်း ရွှေ့ သလို ရွှေ့ရတယ်’ ဆိုတဲ့ တိန့် ရှောက်ဖိန်ရဲ့ စကားလေးတစ် ခွန်းကို လက်ဆောင်ပါး လိုက်ချင် ပါတယ်။

အလင်းသစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*