မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကို အကြီးစား ပြင်ဆင်မည်

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကို အကြီးစား ပြင်ဆင်မည်
February 2, 2017 Asian Fame

10:53 am
မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကို အကြီးစား ပြင်ဆင်မည်

Htoo-Htoo(ရန်ကုန်၊ ဇန်နဝါရီ ၃ဝ )

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက် ကို ယခုနှစ် အတွင်း အကြီးစား ပြင်ဆင်မှုများ ပြုလုပ်မည်ဟု သိရသည်။

”ရုပ်ရှင် အစည်းအရုံး က ဘတ်ဂျက်နဲ့ပဲ ပြင်ဆင်မွမ်းမံ သွားမှာပါ။ သီးသန့်လှူဒါန်း ထားတာတော့ မရှိပါဘူး” ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူ လေးက ပြောသည်။

ယခင်နှစ်များတွင် အသေးစား ပြင်ဆင်မှု များသာ ပြုလုပ်ခဲ့ပြီး ပြတိုက်အတွင်းရှိ သမိုင်းဝင် ပစ္စည်းများမှာ အရည် အသွေး ကျဆင်း လာပြီ ဖြစ် သည့် အတွက် အသေးစိတ် ပြုပြင် မွမ်းမံ သွားမည်ဟု သိရသည်။

”အထဲက ပစ္စည်းတွေကို တော့ ခဏအပြင် ထုတ်ထားရ တယ်။ ခုလို ထုတ်ထားတဲ့အခါ ထိခိုက်မှု မရှိအောင် ဂရုစိုက် ရတယ်” ဟု ဦးအေးကြူလေး က ပြောသည်။

၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် ကျင်းပသည့်နှစ် တွင် တာဝန်ရှိသူများက မြန်မာ့ ရုပ်ရှင်သမိုင်း တစ်လျှောက် ပေါ်ပေါက် ခဲ့သော ဖြစ်စဉ် အကြောင်းအရာ များကို သုတေ သနပြုကာမြန်မာ့ ရုပ်ရှင်သမိုင်း ပြတိုက်ကို စတင်ပြုလုပ်ရန် တိုင်ပင် ဆွေးနွေးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်သည်။

”၁၉ နှစ်အတွင်းမှာ လာ ရောက် လေ့လာတဲ့ နိုင်ငံခြားသားတွေရော၊ ပြည်တွင်းရော များပါတယ်။ ပြတိုက် အကြီးစား မဖြစ် ရင်တောင် နိုင်ငံခြား သားတွေပါ လေ့လာ လို့ရတဲ့ ပြတိုက် တစ်ခုဖြစ်စေချင်တယ်။ တစ်ချိန်က မြန်မာ့ ရုပ်ရှင်ခေတ် ကောင်း ရှိခဲ့သည် ကို ပြစေချင် တယ်။ အဲဒီလို ခေတ်ပြန်ဖြစ် အောင် လောကသားတွေကို လည်းပြချင်တယ်” ဟု ဦးအေး ကြူလေးကပြောသည်။

ထိုသို့ပြင်ဆင်ရန် အတွက် မြို့တော်စည်ပင်ကိုလည်း တင် ပြပြီးစီးပြီ ဖြစ်ကြောင်း၊ မကြာ ခင် လုပ်ငန်းကို အကောင် အထည် ဖော် ဆောင် ရွက်တော့မည်ဖြစ် ကြောင်း သိရသည်။

”ပြင်ဆင်မှုတွေ ပြီးရင် ပြတိုက် ထဲပြသမယ့် အခန်း ကဏ္ဍတွေကို ငွေရတု၊ ရွှေရတု၊ စိန်ရတု ရတု အဆက်ဆက် ကိုမှီသော အနု ပညာရှင်၊ အတတ် ပညာရှင်တွေ ကိုတာဝန်ခွဲပေးပြီးတော့ စုပေါင်း လုပ်ဆောင်ဖို့ ရှိတယ်” ဟုဦးအေး ကြူလေးက ပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*