ပုဂံ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်စေရေး အတွက် ယခုနှစ်အတွင်း မူကြမ်း တင်သွင်းမည်

ပုဂံ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်စေရေး အတွက် ယခုနှစ်အတွင်း မူကြမ်း တင်သွင်းမည်
February 2, 2017 Asian Fame

10:35 am
ပုဂံ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်စေရေး အတွက် ယခုနှစ်အတွင်း မူကြမ်း တင်သွင်းမည်

bagan(မန္တလေး၊ ဇန်နဝါရီ ၃၁ )

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် ယခုနှစ်စက် တင်ဘာလကုန်ပိုင်းတွင် မူကြမ်း တင်သွင်း သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်    ကြီးဌာန၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

”ပုဂံကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ၂ဝ၁၄ နှစ်ကုန်ပိုင်းက စတင် ဆောင်ရွက်ခဲ့ပါတယ်။ အပိုင်း ၉ ပိုင်း ရှိပါတယ်။ ၉  ပိုင်း ရှိပေမယ့် လည်း နောက်ဆုံးအပိုင်း က လက်မှတ် ထိုးတဲ့အပိုင်းပါ။ ၇ ပိုင်းကို တင်သွင်း ရမှာပါ။ တင် သွင်းရေးနဲ့ ပတ်သက်လို့ ကတော့ အခုနှစ် စက်တင်ဘာလကုန်မှာ မူ ကြမ်း တင်သွင်းနိုင်ဖို့ လျာထားပါ တယ်” ဟု ရှေးဟောင်း သုတေသ နနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော် ဦးလွင်က ပြောသည်။

ပုဂံကို ကမ္ဘာ့အမွေအနှစ် စာ ရင်းတင်သွင်းမည် ဆိုပါက ဆောင် ရွက်ရမည့် လုပ်ငန်းစဉ် အလိုက် ယခုနှစ်မှ စတင် တင်သွင်း နိုင်လျှင် ၂ဝ၁၉ ခုနှစ် ဇွန်လတွင်ပြုလုပ်မည့် ကမ္ဘာ့အမွေအနှစ် အဖွဲ့ ညီလာခံ အစည်းအဝေးတွင် အတည်ပြုဆုံး ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ဆောင် ရွက် ရမည့် လုပ်ငန်း များသည်လည်း အလွန်များပြားပြီး ကျွမ်းကျင် ဝန်ထမ်းအင်အား နည်းပါးခြင်း၊ ဒေသ ခံများနှင့် ဆက်စပ်ဌာန ဆိုင်ရာ များ ပူးပေါင်း ကူညီမှု အထူးလိုအပ်ခြင်း တို့ကြောင့် အချိန်မီ ပြီးစီးနိုင်ရန် အတွက်လည်း ဒေသခံနှင့် ပြည်သူ့ ကိုယ်စားလှယ် များ၏ အကူ အညီ များ လိုအပ်လျက် ရှိကြောင်း သိရ သည်။

၂ဝ၁၇ ခုနှစ် စက်တင်ဘာလ တွင် မူကြမ်း တင်သွင်းမှုပြီးစီးပါက ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်အချော တင်သွင်း သွားရမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ဧပြီလတွင် လက်သင့် ခံမည် မခံမည်ကို ကမ္ဘာ့ အမွေအနှစ် အဖွဲ့က အကြောင်းပြန် မည်ဖြစ် ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ဧပြီလမှ ဒီဇင် ဘာလအတွင်း ကမ္ဘာ့ အမွေအနှစ် အဖွဲ့က  နိုင်ငံတကာ အထိမ်းအ မှတ် အမွေအနှစ်များ ဆိုင်ရာ ကောင်စီ (ICOMOS) သို့ တာဝန် ပေး စိစစ်ဆောင်ရွက်စေမည် ဖြစ် ပြီး တွေ့ရှိချက်များကို ၂ဝ၁၉ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာ့အ မွေအနှစ် ညီလာခံတွင် ဆုံးဖြတ်ခံရ မည်ဖြစ်ကြောင်း သိရသည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို  ၁၉၉၆ ခုနှစ်ကလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ် ရန် တင်သွင်းခဲ့ဖူးကြောင်း သိရပြီး ၁၉၉၇ ခုနှစ် ဇွန်လတွင် ပြုလုပ် သော (၂၁) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ အထူးအ စည်းအဝေးက လိုအပ်ချက် များကို ဖော်ပြပြီး အဆိုပါ လိုအပ်ချက်များ အား ပြန်တင်ပြရန် ဆုံးဖြတ်ခဲ့ သည်ဟု သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*